ဆိုရင်

ဧကရီMay 21, 20101min00

ငါဆိုတာ
ဘဝကို ခပ်ပါးပါးဖြတ်သန်း
လေကိုဒါန်းစီးချင်တဲ့သူ

နင်ဆိုတာ
ကမ္ဘာကိုလေ့လာ
စကြာဝဠာအစကိုတောင်မှ သိချင်တဲ့သူ

အင်တာနေရှင်နယ် ဘာညာသာရကာအစည်းအရုံး
ငါမကြားဘူးတဲ့စကားလုံးတွေနဲ့ကြိမ်းဝါး
ကြက်သည်းမွေးညင်းထအောင် ခြောက်ခြားမိပါရဲ့

ကမ္ဘာ့စာရင်းမှာမှ
မှတ်တမ်းတင်ချင်တဲ့ နင့်ဆန္ဒ
ငါလေးစားလှပါတယ်

ဒါပေမယ့် သူငယ်ချင်း
စာအုပ်တွေ ထောင်ကျော်ဖတ်
အင်တာနက်ကို ဂူဂယ်ခေါက်
ဟော့ကင်းကို အသော့နင်း
ဘစ်ဘမ်းကို သေချာမှန်း
ဘလက်ဟိုးကို တစ်ချက်တိုးမှ
စကြာဝဠာရဲ့အစကိုသိရမယ်ဆိုရင်…
နေကမ္ဘာရဲ့သက်တမ်းကို မှတ်တမ်းပြုရမယ်ဆိုရင်…
နင်ပြောတဲ့ ဟိုအစည်းအရုံးမှာ လူလုံးပြခွင့်ရမယ်ဆိုရင်…
နေပါစေတော့ကွယ်
စကြာဝဠာရဲ့အဆုံးမှာ
အရှုံးတွေနဲ့ လူမဖြစ်ရဖို့ကို
ငါပိုပြီး စိတ်ဝင်စားပါတယ်…။

ဧကရီ
(၄.၄.၂၀၁၀)

Leave a Reply

Your email address will not be published.