ဧရာဝတီမြစ်ပြင်ထက်က မေတ္တာခရီးစဉ်

DaveOctober 31, 20111min03

အောက်တိုဘာ၂၉ရက်နေ့ က မန ္တလေး-ရန်ကုန်နှစ်မြို့က စာပေ၊ဂီတ၊NGO၊ကာတွန်း၊ပန်းချီ၊စာနယ်ဇင်း၊လူမှုရေးကွန်ရက်နဲ့နိုင်ငံရေးနယ်ပယ်အသီးသီးက ဧရာဝတီကို ချစ်မြတ်နိုးတဲ့ ရည်ရွယ်ချက်တူသူတွေ ၁၀ဝကျော်စုပြီး ခရီးလေးတစ်ခုသွားခဲ့ကြတယ်။ ၁ဝနာရီကျော်လောက်မှာ မရမ်းခြံဆိပ်ကနေ နဝရတ်နှစ်ထပ်မော်တော်နဲ့ အင်းဝမြို့ဟောင်းက ဆင်ကျုံးခံတပ်ရှိရာကို ထွက်ခဲ့ကြတယ်။ အိုးဘိုထောင်ကထပ်ပြီးလွတ်လာမယ့် ညီအစ်ကိုတွေနဲ့ ဆရာတော်တွေကို စောင့်ဆိုင်းရင်း ထွက်ခွာတာနောက်ကျသွားပေမယ့် အချိန်ကအတော်လောက်ပါပဲ။မဇ္ဈိမလှိုင်းအဖွဲ့သားတွေနဲ့ အတူ တေးဂီတတွေနားဆင်ခံစားရင်း ဧရာဝတီကြားအောင် သီချင်းတွေဆိုရင်း ယုံကြည်ရာ စကားတွေ ပြောဆိုရင်း ကဗျာတွေရွတ်ရင်းသွားကြတာပါ။ကိုရဲလွင်နဲ့ ကိုသားထွေးတို့က သူတို့ သီချင်းတွေကို မမောတမ်းသီဆိုကြတယ်။ ဂစ်တာတီးရင်း သီချင်းတွေဆိုရင်း ဒီလိုနဲ့ပဲ ဆင်ကျုံး ခံတပ်ကိုရောက်သွာကြတယ်။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က သောင်စပ်ထိဆင်းလာပြီး ငြိမ်းချမ်းရေးညီအစ်ကိုတွေကို လက်ကမ်းလို့ကြိုပါတယ်။ နေ့လယ်စာကိုမြက်ခင်းပေါ်မှာစားကြ၊ ပြီးတော့ သစ်ပင်ရိပ်အောက်မှာ ဧရာဝတီကို ကာကွယ်ဖို့ ပြောကြဆိုကြ ဟစ်ကြွေးကြ ကဗျာတွေရွတ်ကြတယ်။ ကိုငြိမ်းသစ်၊စံညိမ်းဦး၊ဟိန်းမြတ်ဇော်၊ ကိုသင်းမိုး၊တိုးနှောင်မိုးတို့ရဲ့ ကဗျာတွေ လွင့်ပျံသွားခဲ့တယ်။ ညီညီလွင်တို့ ကိုတိုးလွင်တို့လည်း သီချင်းတွေ ဆိုညည်းလို့ မမောနိုင်ခဲ့ကြဘူး။ ကိုညီကျော်တို့ မအမာနီတို့ အဖွဲ့သားတွေလည်း ပြုံးပျော်ခဲ့ရတယ်။အပြန်လမ်းမှာတော့ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က တီရှပ်တွေရဲ့ နောက်ကျော တော်တော်များများမှာ ရေးပေးလွှတ်လိုက်တဲ့ ဧရာဝတီကိုမထိနဲ့ ဆိုတဲ့ စာသား လေးကို အားလုံးတသသ ဖြစ်ခဲ့ကြရတာပေါ့။

3 comments

  • windtalker

    October 31, 2011 at 12:59 pm

    ကိုဒါဗီ ရေ ဓါတ်ပုံလေးတွေပါ တင်ပေးပါလားဗျာ

    Reply

  • thit min

    November 1, 2011 at 4:11 am

    ကိုရဲလွင်ကြီးကတော့ခုနောက်ပိုင်းတော်တော်ကိုတက်တက်ကြွကြွနဲ့ဟိုနေရာတွေ့ဒီနေရာတွေ့နော်။
    လေးစားပါတယ်။သူ့သီချင်းတွေလဲသဘောကျတယ်။ခိုင်ထူးနဲ့ခင်မောင်တိုးဘဲအဓိကဆိုကြထင်ပါရဲ့နော်။

    Reply

  • kai

    November 6, 2011 at 3:45 pm

    ကိုတိုးကြီး ယူအက်စ်ရောက်နေတယ်တဲ့..။
    နောက်တပါတ်..၂ပါတ်လောက်ဆို.. သက်မွန်မြင့်လည်း အယ်လ်အေ ရောက်ပါမယ်..။
    မြန်မာရုပ်ရှင်ပွဲတော်အတွက်ပါ..။

    အဲဒါလေး.. ဆယ်ရီဘရိတ်တီ… သတင်းဆက်အနေနဲ့ တင်ပေးလိုက်ပါကြောင်း..။

    Reply

Leave a Reply

Your email address will not be published.