ငြိမ်းချမ်းသောသာသနာများနှင့်ဆရာများ အမြင်(၁)

““သမိုင်းစဉ်တလျှောက်လုံး၌ မြန်မာတိုင်းရင်းသားမှန်လျှင် (ကိုရှုူံးနိမ့်မှုများနှင့်လူေြ

ပာသော တိုင်းရင်းသားမဟုတ်) ဘာသာအယူဝါဒ မည်မျှပင်ခြားနားစေကာမူ တိုင်းရင်းသားအချင်းချင်း ဟူသော မျိုးချစ်စိတ်ဓာတ်ဖြင့် ညီညွတ်သင့်မြတ်စွာ ဆက်ဆံပေါင်းသင်းနေထိုင် ကြသည့် သာဓကကို ဝေးဝေးရှာရန်မလိုပါ။ရန်ကုန်မြို ့ သိမ်ကြီးဈေးနှင့်လသာ မြို ့နယ် တစ်ဝိုက်ကိုကြည့်ပါ။
သိမ်တော်ကြီးနှင့် ဆူးလေစေတီတော်ပတ်ဝန်းကျင်တွင်အစ္စလာမ်ဗလီ ဝတ်ကျောင်းများ၊ဟိန္ဒူဘုရားရှိခိုးကျောင်းများ၊ခရစ်ယန် ဘုရားရှိခိုးကျောင်းများ၊တရုတ်ဘုံကျောင်းအမျိုးမျိုး တို ့လည်းရှိကြသည်။ထိုဒေသ ပတ်ဝန်းကျင်တွင် နေထိုင်ကြသူတို ့သည် မိမိတို ့ကိုးကွယ်ရာ ဘာသာအလိုက် ဆူးလေဘုရားကုန်းပေါ်တက်သူတက်၊ဗလီတက်သူတက်၊ဟိန္ဒူဘုရားကျောင်းသွားသူသွား၊ဘုံကျောင်းတက်သူတက် အသီးသီးသွားလာ နေထိုင် ကြရာ ကွဲပြားသော၊ခြားနားသော ဘာသာယဉ်ကျေးမှုများသဟဇာတဖြစ်နေကြပုံကိုပေါ်လွင်စေအောင် သရုပ်ဖော်ပေးနေပါသည်။
ဤကဲ့သို ့မြင်ကွင်းမျိုးကို အခြားသော တိုင်းတစ်ပါးတို ့တွင်မည်သူမျှမြင်တွေ ့ဖူးကြလိမ့်မည် မထင်ပါ။မြန်မာနိုင်ငံ၌ သာလျှင် ဘာသာရေးအားဖြင့် သဘောထားကြီးသော သရုပ်သကန်ကို တွေ ့နိုင်ပါသည်။ကျွန်ုပ်တို ့မြန်မာနိုင်ငံသည် ဘာသာအယူဝါဒ တို ့အပေါ်လေးစားသောသဘောထား ရှိမြဲဖြစ်လေသည်။””[မောင်ထင်(၁၉၈၀)၊လုပ်သားပြည်သူ ့နေ ့စဉ်။၂၂-၁-၈၀(စာ-၄)]ဟူ၍ဖော်ပြထားရာလေးစားဖွယ်ဖြစ်လေသည်။

ထို ့အပြင် ဆရာတက်တိုး(၁၉၁၃-၂၀၀၃)ကလည်း“အနေတတ်ဖို ့လိုသည်”ဟူသော ဆောင်းပါး၌ လူ၏တန်ဖိုးတွင် မြတ်သောစရဏ အကျင့်ရှိရန်လိုအပ်ပုံကိုဖော်ပြပြီး-

““တကယ်တော့ ကျွန်တော်တို ့မြန်မာနိုင်ငံသည် ပထဝီအနေအထား အားဖြင့်သော်လည်းကောင်း၊ထေရဝါဒ ဗုဒ္ဓသာသနာ ၏တန်ခိုးအာနုဘော်ဖြင့်သော်လည်းကောင်း အခြေအနေငြိမ်းအေးလှပါ၏။(အခြားဘာသာဝင် လူနည်းစုတို ့လည်းငြိမ်းချမ်းစွာနေကြပေသည်။သူတို ့၌လည်း စရဏ တရားရှိကြသည် ဆိုရပေမည်။)ထို ့ကြောင့်ကျွန်တော်တို ့အနေတတ်ဖို ့လိုသည်။ကျွန်တော်တို ့မှာ စရဏ တရားရှိပြီးဖြစ်ရာ ခိုင်မာသည်ထက်ခိုင်မာရန် အားထုတ်ကြဖို ့သာလိုလေသည်။မတရားမှု၊မသမာမှု၊ရက်စက်မှုစသည့်မကောင်းသော အမူအကျင့်များကို အထူးဂရုစိုက်၍ ရှောင်ကြဉ်၍၊စေတနာမှန်ကန်လျှက် မေတ္တာ၊ဂရုဏာ၊မုဒိတာပွားလျှက် မိမိတို ့ရင်ဝယ်ကိန်းပြီးလျှင် လက်တွေ ့လုပ်ကိုင် ဆောင်ရွက်ကြရပေလိမ့်မည်။””ဟူ၍ရှုမြင် သုံးသပ်ထားပုံမှာ လူတိုင်းလိုက်နာ ထိုက်ပါသည်။[တက်တိုး(၂၀၀၀)”အနေတတ်ဖို ့လိုသည်”။၂၁ရာစု စီမံခန် ့ခွဲမှုပညာ မဂ္ဂဇင်း။အမှတ်(၂)။၁၂၁-၁၂၅]

ဘာသာယုံကြည်မှုကို အကြောင်းပြု၍ အငြင်းပွားဖွယ်မသင့် အနိဋ္ဌာရုံ မဖြစ်သင့်ပုံကို သမိုင်းပေါမောက္ခဆရာ ဒေါက်တာသန်းထွန်းက သူ၏အအြင်အဖြစ် ယခုလို ဖော်ပြဖူးပါတယ်။မြန်မာပြည်တွင် အတူယှဉ်တွဲနေထိုင်ကြသူတို ့ရှေးပဝေဏီ ကတည်းက သင့်မြတ်စွာနေထိုင်ခဲ့ ကြပုံကိုအစချီပြီးနောက်-

““ငါတို ့ကဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။သူတို ့က ခရစ်ယန် လို ့မခွဲခြားပါ။မွတ်စလင်ကလည်း ကျွန်တော်တို ့ကို ဂရုတစိုက်အရေးထားပြီးဆက်ဆံတာ မျိုးမရှိပါ။ယုံကြည်မှုသည်းခံရေး(Religious Toleration)ကိုအဲဒီအခါက ပဲ ကျွန်တော်တို ့ကျင့်သားရပြီး၊နားလည်ပြီးသားဖြစ်ခဲ့ပီလို ့ထင်ရပါတယ်။ယုံကြည်မှုနဲ ့ပတ်သက်ပြီး ကိုယ်ကအနိုင်ရအောင် အလုအယက်မပြော သင့်ဘူးလို ့နားလည်ပြီးသားဖြစ်ခဲ့တယ်လို ့ဆိုလိုပါတယ်။ ကောလိပ်ကျောင်းကိုရောက်ပြီး သမိုင်းဘာသာကိုစပြီးသင်တဲ့အခါ ယုံကြည်မှုစစ်(Religious War) ကြောင့် ဥရောပနဲ ့အနောက်အာရှမှာ ဘယ်အထိဒုက္ခရောက်ကြရတယ် ဆိုတာတွေကို ကောင်းကောင်းသိနားလည်လာပါတယ်။ယုံကြည်မှုစစ် ပြီးတော့ နယ်မြေလုစစ်(Expensionnism)ပြီးတော့ စီးပွားရေးစစ်(Mercanlism)တွေ ဆက်ခါဆက်ခါ တွေ ့ကြပြီးမှ ငြိမ်းချမ်းရေးစစ်. (Fighting for Peace)ကိုတွေ ့ရပြန်တယ်။ငြိမ်းချမ်းရေးရဖို ့စစ်တိုက်ယူရတယ်လို ့တောင်ပြောပါသေးတယ်။ဒါပေမယ့် စစ်ဟာစစ်ပါဘဲ။ဘယ်လို အကျိုးအမြတ်တွေ ရတယ်ဆိုပေမယ့်လူတွေရဲ ့အသက်နဲ ့ရင်းနှီးရတာဖြစ်လို ့အကြီးအကျယ်ဝမ်းသာအားရ ထောက်ခံသင့်တယ်လို ့မပြောနိုင်ပါ။ပြောနေကြတိုင်းပြောရရင် အနိဋ္ဌာရုံတွေ ့ရင်လဲ နောက်ထပ်မတွေ ့အောင်ရှောင်ရှားရန်၊က္ကုဋ္ဌာရုံတွေ ့ရင်လဲ ဒါမျိုးထပ်ပြန်တလဲလဲ ရရှိနိုင်အောင် ကြိုးစားကြဖို ့တိုက်တွန်းခွင့်ရပါတယ်””ဟုဖော်ပြထားသည်မှာ အလွန်မှတ်သားဖွယ်ကောင်းလှပါတယ်။[သန်းထွန်း(၂၀၀၅)။မြန်မာ့သမိုင်းမြေပုံများ။အချီး။ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်။င-စ]

10 comments

  • windtalker

    October 26, 2011 at 9:42 pm

    “မြန်မာ ၊ ဗမာ မ ဗုဒ္ဓဘာသာ တစ်ယောက်ကို ရအောင်ယူနိုင်ရင် ၊ အာကေ ဘယ်လို ဆပ်ပလိုင်းပေးမယ်” ဆိုတာ ကို သန်းထွဋ်ဦး တစ်ယောက် မသိဘဲနေတာလား ။ မသိချင်ဟန်ဆောင်ထားတာလား ။ ဗုဒ္ဓဘာသာ မဟုတ်လို ့များလား ။ ပါစင်နယ် ဆိုင်သွားလျှင် ခွင့်လွှတ်ပါနော် ။ ဘာရယ်တော့ မဟုတ်ပါဘူး ။
    ထင်သလောက် မဟုတ်သေးဘူး ဆိုတာ လေး ကို ပြောချင်လွန်းအားကြီးလို ့မန် ့လိုက်တာ

    Reply

    • Arkar11

      October 27, 2011 at 5:01 pm

      ကိုWindtalker ခင်ဗျား
      အစ်ကိုပြောတဲ့ “မြန်မာ ၊ ဗမာ မ ဗုဒ္ဓဘာသာ တစ်ယောက်ကို ရအောင်ယူနိုင်ရင် ၊ အာကေ ဘယ်လို ဆပ်ပလိုင်းပေးမယ်” ဆိုတဲ့ information က လုံးဝမှားယွင်းနေပါတယ်… ယခင်စစ်အစိုးရလက်ထက်က ဘာသာရေးအဓိကရုံးဖြစ်အောင် ဖန်တီးခဲ့တဲ့ဝါဒဖြန့်သတင်းတွေပါ…တကယ်ပေးရိုးမှန်ရင်
      မွတ်စလင်တိုင်းဘာသာခြားတွေဘဲလိုက်ယူနေမှာပေါ့… ကျွန်တော့်အထင် ၂၀၁၁ မေလ မှာဖြစ်ခဲ့တဲ့ တောင်ငူမှာ ဗလီတွေဖျက် မွတ်စလင်တွေကို
      သတ်ဖျက်စဉ်ကာလက ဝါဒဖြန့်ခဲ့တဲ့စာတွေပါ…
      ခောတ်ပညာတတ်တစ်ယောက်အနေနဲ့ ဖြစ်နိုင်၏ ၊ မဖြစ်နိုင်၏ကို ချင့်ချိန်ပြီးမှ ယုံပေးပါလို့ တိုက်တွန်းချင်ပါတယ်…ဘာသာခြားတစ်ယောက်ကိုယူ မယူဆိုတာ ယူတဲ့သူရဲ့ personal preference နဲ့ဘဲ သက်ဆိုင်ပါတယ်…အစ္စလာမ်ဘာသာက ဘာသာခြားကိုယူဖို့အားမပေးပါဘူး.. အခုလို တခုတ်တရရှင်းပြနေတာကလည်း အမြင်စောင်းနေတာတွေကို ပြေပျောက်စေချင်လို့ပါ (negative intention မပါပါ)…

      Reply

  • Gipsy

    October 27, 2011 at 1:49 am

    ဒီသဟာ ကတော့ဖြင့် မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရှင်းပေးလို့ မရနိုင်သေးတဲ့ အငြင်းပွား
    နေရဆဲ ကိစ္စရပ်တွေပါ…၊
    ရှင်းလေ ရှုပ်လေ ဖြစ်ကြရမှာ သေချာနေပီးသား…၊
    ကိုပေ ပြောတဲ့ အကြောင်းရပ် ကိုမေးကြည့်မိပြန်တော့ သွေးခွဲတဲ့စကားလို့ဆိုပြန်တယ်…၊
    ဒီလိုအဖြစ်မျိုးမရှိပါဘူးရယ်လို့ ပြောကြပါတယ်…။
    ကျုပ်လဲ ဘယ်လိုနားလည်ရမလဲ မခန့်မှန်းနိုင်တော့ပါဘူး ကိုပေ ရာ ။

    Reply

  • Foreign Resident

    October 27, 2011 at 3:10 pm

    မောင်သန်းထွဋ်ဦး ရေ ။
    အဘ သိသလောက်တော့ ။
    မြန်မာနိုင်ငံဟာ ဘာသာရေး ခွဲခြားဖိနှိပ်မှု ရှိတဲ့နိုင်ငံ နော် ။

    ပြည်တွင်းက ဆရာတွေရဲ့ စာတွေချည်းပဲ ဖတ်ရင် မလုံလောက်ဖူးနော် ။
    မြန်မာ တွေက ကိုယ်ဖာသာကိုယ် အမွန်းတင်တဲ့ စာတွေသိပ်ရေးတာနော် ။

    တကယ့် တကယ် သေချာကြည့်လိုက်တော့ ဘယ်ကဏ္ဍမှာမဆို
    ကဏ္ဍစုံ ကမာ္ဘ့ အညံ့ဆုံး Top Ten စာရင်းဝင် နော် ။

    အောက်ဆုံး Top Ten မှာ ကဏ္ဍစုံ ရောက်နေတယ်ဆိုတာ
    အလကားတော့ မဟုတ်ဘူး အမှန်တကယ် ညံ့လို့သာ ရောက်တာနော် ။

    အဲတော့ သူတို့ပြောတိုင်း စွတ်ယုံလို့ မဖြစ်ဘူး ။ သတိထားရမယ် ။
    စေတနာနှင့် ပြောတာနော် ။ စိတ်မဆိုးပါနှင့် ။

    Reply

    • kai

      October 28, 2011 at 2:54 am

      မြန်မာနိုင်ငံဟာ ဘာသာရေး ခွဲခြားဖိနှိပ်မှု အရှိဆုံး တနိုင်ငံ လို့ပြင်ပေးလိုက်ပါတယ်..နော..။
      တနှစ်ထဲတောင်မဟုတ်.. နှစ်တိုင်းလိုလိုရနေတာ…။
      တခြားမပြော.. ဗုဒ္ဓဘာသာအချင်းချင်းထဲတောင်.. ငါ့ဟာကြီးမှ..အမှန်တဲ့.။
      ဆိုတော့.. အတွေးမတူတဲ့သူ..ဝိုင်းသမ,တာပဲ..။
      သမ,ယုံတင်မဟုတ်.. ဖမ်းပြီးထောင်ထဲပါထည့်တယ်..။ ကွိ.. ကွိ..။ 😆

      Ref: http://www.unhcr.org/refworld/category,COI,,,MMR,4e734caec,0.html

      http://articles.cnn.com/2009-05-01/us/religious.freedom_1_countries-of-particular-concern-cpc-international-religious-freedom-act?_s=PM:US
      Nations with worst religious tolerance named
      A U.S. government panel listed 13 countries Friday as “egregious” violators of religious freedom.
      May 01, 2009
      The U.S. Commission on International Religious Freedom’s annual report named Myanmar, North Korea, Eritrea, Iran, Iraq, Nigeria, Pakistan, China, Saudi Arabia, Sudan, Turkmenistan, Uzbekistan, and Vietnam.
      ==
      http://www.radioaustralia.net.au/asiapac/stories/201109/s3317969.htm
      US report lists worst violators of religious freedom
      Updated September 14, 2011 21:20:03

      China, Burma, and North Korea have all been named among the world’s eight worst violators of religious rights.

      Reply

  • htet way

    October 27, 2011 at 3:20 pm

    စာနာစိတ်နဲ့နေထိုင်သူတွေဟာလောကုတ္တရာမျှော်မြင်စိတ်ရှိသူလို့ဆုချင်ပါတယ်။ဘာသာပေါင်းစုံချစ်ကြည်
    မူရှိတာအင်မတန်ဝမ်းသာစရာပါ။ဗမာတယောက်ကိုယူနိုင်ရင်ဘယ်လောက်ပေးမယ်ဆိုတာ“အမျိုုးပျောက်
    မှာစိုးကြောက်ပါသည်ဆိုတဲ့ဝါဒရေးရာတိုက်ခိုက်မူစာစဉ်မှာတွေ့ပါတယ်။တကယ်တော့ဘယ်ဘာသာမဆိုငြိမ်း
    ချမ်းရေးတရားပြတာပါပဲ။တခြားဘာသာကိုနစ်နာစေဆိုတာမရှိပါဘူး။သေချာလေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။အစ္စလာမ်ဘာသာမှာမိမိဝတ်ကျောင်းတော်ကိုထိမ်းသိမ်းပါ၊ အခြားသူတွေရဲ့ဝတ်ကျောင်းတွေကိုလည်း
    ထမ်းသိမ်းပါလို့ဆုံးမထားပါတယ်။ခရစ်ယာန်မှာတံပိုးမတူသူခြင်းမထမ်းနဲ့ဆိုပြီးဘာသာတူခြင်းလက်ထပ်ဖို့ဆုံး
    မထားသလို၊အစ္စလာမ်မှာလည်းယုံကြည်မူတူသူခြင်းလက်ထပ်ဖို့ဆိုထားပါတယ်။ဗမာကိုယူရင်ထောက်ပံ့ကြေး
    ပေးတယ်ဆိုတာမဟုတ်ဘူးဆိုတာသေသေချာချာလေ့လာပြီးခဲ့ပါပြီ။
    ဘာသာဝင်အချင်းချင်းအပြန်အလှန်လေးစားပြီးငြိမ်းချမ်းသောလူ့ဘောင်ဖြစ်ပါစေလို့ဆန္ဒပြု
    ရင်းဘာသာပေါင်းစုံချစ်ကြည်လို့ နိင်ငံတော်ကြီးအကျိုးဆောင်ရွက်ကြပါစို့။

    Reply

  •       တိုင်းပြည်တစ်ပြည် ငြိမ်းချမ်းသာယာမှု၊တိုးတက်ကြီးပွားမှု မှာ လူမျိုးဘာသာ အသီးသီးနားလည်ရင်းနှီးမှုအခြေခံပေါ်တွင် မူတည်ပါသည်။လူမျိုးရေး၊ဘာသာရေး ပဋိပက္ခများရှိနေသော နိုင်ငံတို ့မှာ တိုးတက်ကြီးပွားရန်ခဲယဉ်းပါတယ်လို ့ထင်ပါတယ်။ကျွန်တော်တို ့ မိဘဘိုးဘွားများ(ဗုဒ္ဓဘာသာဝင်နှင့်အစ္စလာမ်ဘာသာဝင်)ဘာသာ၊သာသနာရေးပြောဆိုကြရာ၌ ကမ္ဘာ့ ဘာသာ၊သာသနာကြီးများမှာ ကာလံဒေသံအလျောက် ပညတ်အရ ကွဲပြားသော်လည်း၊ပရမတ်သဘောအရ အခြေခံများတူညီကြကြောင်းပြောဆိုသည်ကို ကြားဖူးပါတယ်။မြန်မာ့သမိုင်း အမှတ်အသားတို ့တွင် မြန်မာဘုရင်မင်းမြတ်တို ့ကိုယ်တိုင်က နိုင်ငံခြားဘာသာဝင် တို ့အပေါ် သူတို ့၏ဝတ်ပြုကျောင်းများ တည်ဆောက်ပေးခြင်း၊ထောက်ပံ့ပေးခြင်း သာဓကများစွာရှိပါတယ်။အနီးစပ်ဆုံးပြောရရင် မင်းတုန်းမင်းတရားကြီးရဲ ့ကောင်းမှုဖြစ်တဲ့ ဒေါင်းဗိမာန်ဇရပ်ကြီးတစ်ဆောင်ကို မက္ကာမြို ့တွင်ယနေ ့ထက်တိုင်မြင်တွေ ့နိုင်ပါတယ်။
           ကမ္ဘာ့လူသားများ ဦးထိပ်ထား၍ ကိုးကွယ်ဆည်းကပ်ကြသည့် ဘာသာအယူဝါဒတိုင်းကို ရိုသေလေးစားဂါရဝထားရမည်။ဘာသာအယူဝါဒ အသီးသီး၏ မွန်မြတ်သည့် အဆောက်အဦးများ၊ယဉ်ကျေးမှုဗိမာန် များကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရမည်။ဤအကြောင်းအရာကို အစ္စလာမ်တို ့၏ ကျမ်းတော်မြတ်ကုရ်အာန်၌ အလေးအနက်ညွှန်ပြထားကြောင်းသိရပါတယ်။
       ကိုမောင်ပေရေ ကျွန်တေဘေ်က ဘဲဗဟုသုတအားနည်းလေရော့သလား. မသိလေတော့ပါဘူး။အကိုတော်ပြောတဲ့ အာကေ ရတဲ့ကိစ္စမျိုးတော့ မကြားဖူးသေးပါလို ့ပါ။အကိုတွေကို ပြန်ပြောရတာ အားနာလိုက်တာ. အမှားပါခဲ့ရင် သီးခံပေးပါနော်။

    Reply

  • မှော်ဆရာ

    October 27, 2011 at 11:03 pm

    မနေနှိုင် မထိုင်နှိုင် ဝင်ဆွေးနွေးဦးမယ်ဗျာ …….
    မရောသင့်တဲ့ နေရာ ၊ မနီးသင့်တဲ့ နေရာ မရောတာ ၊ မနီးတာ အကောင်းဆုံးပဲ ထင်ပါတယ် ။
    ရန်ထဖြစ်နေရမယ် ပြောတာမဟုတ်ဘူးနော် …
    ဖက်လဲ တကင်းတော့ နေလို့ကောင်းဟန် မတူဘူးဗျ ..
    အိုးချင်းထား အိုးချင်းထိတယ်ဗျာ … ကြိုးချင်းထား ကြိုးခြင်းညိတယ် …မြန်မာဆိုတာ အရမ်း ရက်ရောတဲ့ ၊ သဘောကောင်းတဲ့ လူမျိုးဗျ …
    မြန်မာ နဲ့ တရုတ်နဲ့ ညား မွေးလာတဲ့ ကလေးက တရုတ်နဲ့တူတယ် …
    မြန်မာ နဲ့ ကုလားနဲ့ ညား မွေးလာတဲ့ ကလေးက ကုလားနဲ့ တူတယ် …
    နောက်ပိုင်းဆိုရင် အဲဒိ့ကလေးလဲ ကုလား ။ တရုတ် ဖြစ်သွားတော့တာပဲ …
    မြေမျိုလို့ လူမျိုးမပျောက် ၊ လူမျိုမှ လူမျိုးပျောက်မယ် ဆိုတာ သိထားကြတာပဲ မဟုတ်လား ….
    နောက် အကိုတို့လဲ ရခိုင်ပဲဗျာ …. အမျိုးသီလ ရကိ္ခတ လို့ ဆိုထားတာပဲ ကိုး ….
    နောက်တစ်ခုက ချစ်ကြည်ဖို့ဆိုရင် နှစ်ဖက်လုံးက သာတူညီမျှ ရှိရလိမ့်မယ် ….
    သူများနှမ ကိုယ်ယူတုန်းက ယူပြီးတော့ ကိုယ့်နှမကြတော့ လုံအောင် ဖွက်ထားတာမျိုး ဆိုတာလဲ မကောင်းဘူးဗျာ … စည်းမထားတဲ့ ဗမာနဲ့ စည်းထားတဲ့ သူတွေ တွေ့တော့ စည်းမထားတဲ့ ဗမာတွေ နာတာ များတယ်ဗျ ……
    နောက် အကိုတို့ ရခိုင်မှာ ဘာသာခြား အဝင်မခံတဲ့ မြို့တွေ ရှိနေပါတယ် ။
    ဘာကြောင့် ဒီမြို့တွေ ဖြစ်တည်လာသလဲ အကိုက ပိုသိမှာပါ . ။ ဒါကတော့ လုပ်ဇတ်မဟုတ်လောက်ပါဘူး ။ ရခိုင်ရာဇဝင်မှာကို အတိအလင်း ရေးထားတာကိုး …။ရခိုင် အသက် ၊ ရခိုင် အရှက် ဘယ်လောက်နဲ့ လဲပြီးကာမှ ဒီမြို့တွေ ဒီလို ဖြစ်လာသလဲ အကိုက ပိုသိမှာပါ ။ အဲဒီလို မဖြစ်ခင်က မရောသင့်တာ မသနားသင့်တာကို ရောမိသနားမိလို့ ဘယ်လို ကိစ္စတွေ ဖြစ်ခဲ့ရသလဲ ဆိုတာလဲ ကျွန်တော် ရေးမပြတော့ပါဘူး .
    သူကြီးရေ …. လူမျိုးရေး ခွဲခြား ရေးတာ မဟုတ်ဘူးဗျာ …..
    ကိုယ့်ဟာကို သီးသန့်နေတာ အကောင်းဆုံးပဲ …လို့ ထောက်ပြတာပါ …။

    Reply

  • KoNyeinChan

    October 28, 2011 at 12:28 am

    သိထားသလောက်လေး ဗဟုသုတ ရှယ်ပေးတာပါ.. အသိ မလေးတစ်ယောက်ကို မေးကြည့်တော့ တခြားဘာသာဝင်တစ်ယောက်က သူတို ့မွတ်စလင်ဘာသာဝင်တစ်ယောက်နဲ ့လက်ထပ်လိုက်ရင် သူတို ့ဘာသာရေးသင်တန်း မဖြစ်မနေ တက်ရပါတယ်.. အဲ့ဒီအခါမှာ သင်တန်းလာတက်တဲ့သူအနေနဲ ့လမ်းစရိတ်၊ အလုပ်ရှိရင်လည်း ဖျက်ခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီနစ်နာမှုတွေအတွက် ကရုဏာကြေး တစ်လကို RM 300 ပေးပါတယ်.. သူယူလိုက်တဲ့ မွတ်စလင်ဘာသာဝင်ကို ပေးတာမဟုတ်ပါဘူး.. ပြောရရင်တော့ ဘာသာရေးစည်းရုံးမှုအား၊ စည်းလုံးမှုအား အရမ်းကောင်းတယ်.. ကျွန်တော်ကိုယ်တိုင်လည်း မြန်မာပြည်မှာနေစဉ်တုန်းက ဘာသာရေးအမြင်ကျဉ်းသူတစ်ယောက် ဖြစ်ခဲ့ပါတယ်.. ဒီမှာ မလေးတွေနဲ ့ရောထွေးနေထိုင်တဲ့အခါမှ ကိုယ်ကြားခဲ့ဖူးတာတွေ အမှား အမှန် သိခဲ့ရတာပါ.. ပြောကြစတမ်းဆိုရင် ဘာသာရေးတွေကို မျိုးစေ့ချပေးခဲ့တဲ့ ဗုဒ္ဓ ၊ ယေရှု ၊ မိုဟာမက် တို ့ဟာ တခြားဘာသာဝင်တွေကို(လူသားအားလုံးအပေါ်) မေတ္တာတရား ထားရှိရမယ်၊ ကိုယ်ချင်းစာတရား ထားရမယ်လို ့သင်ထားခဲ့တာပါ.. ဒီ ဘာသာရေးတွေကို ပြန်လည်ပို ့ချပေးတဲ့ တချို ့တချို ့သော သူတွေ၊ တချို ့တချို ့သော အုပ်ထိန်းသူ မိဘတွေ(ဘယ်ဘာသာမှာမဆို) ကသာ ငါ့ဘာသာကသာအမှန်၊ သူ ့ဘာသာသည် အမှား ဆိုပြီး သင်ကြားပို ့ချပေးတာကြောင့် မဖြစ်သင့်တဲ့ ဘာသာရေးအမြင်ကျဉ်းမှုနဲ ့ပဋိပက္ခတွေဖြစ်နေရခြင်းပါ.. ယေဘူယျ ကျကျသာ စဉ်းစားကြည့်ပါ (အကယ်၍ ဘာသာတရားတစ်ခုခုသည် အမှားအယွင်းများသာဆိုလျှင် ဦးနှောက်ရှိတဲ့ လူသားတွေ ယုံကြည်ကိုးကွယ်ကြမလား)ဆိုတာကိုပါ.. တိုင်းပြည်အုပ်ချုပ်သူတွေ အနေနဲ ့လည်း ကိုယ်အုပ်ချုပ်တဲ့တိုင်းပြည်မှာ တခြားဘာသာဝင်တွေအုပ်စိုးလာမှာစိုးတာကြောင့် တခြားဘာသာဝင်တွေကို နှိပ်ကွပ်တာဖြစ်နိုင်ပါတယ်.. ဒီ မလေးမှာဆိုရင်လည်း ဘာသာတရားလွတ်လပ်ခွင့်ပေးထားပါတယ်ဆိုပေမယ့်လည်း တတ်နိုင်သလောက်တော့ကြပ်ကြပ် ချုပ်ကိုင်ထားတာပါဘဲ.. မြန်မာပြည်လည်း ထို ့နည်း၎င်းပါဘဲ.. တော်ဗျီ..ပြောတော့ဘူး ရှည်သွားဗျီ.. မောတွားဗျီ

    Reply

  • True Answer

    October 28, 2011 at 8:38 am

    ဘာသာတရားများ ချစ်ချစ်ခင်ခင် နားလည်မှုအပြည့်နဲ့ လေးလေးစားစား အတူတကွ ယှဉ်တွဲနေနိုင်တာကောင်းပါတယ်။
    သို့သော်
    မျက်မြင်မှာလမ်းမဆုံးဖို့ …
    သူများစကားလုံးတွေမှာလမ်းမဆုံးဖို့…
    ကောင်းကောင်းဆိုးဆိုး ဘယ်လို အခြေအနေမျိုးမဆို….
    အဟုတ်ထင်
    ငြိတွယ်
    မဆုပ်ကိုင်ဖို့ သာ….အဓိကလိုအပ်ပါသည်။

    Reply

Leave a Reply

Your email address will not be published.