တရုတ်နိုင်ငံလက်ကိုင်ဖုန်း..အင်တာနက်ဝန်ဆောင်မှု့

koyinmaungOctober 20, 20111min012

kanjosan ပိုစ်ကိုဖတ်ပြီး
တရုတ်နိုင်ငံရဲ့ဟမ်းဖုန်း အင်တာနက်ဝန်ဆောင်မှု့
အကြောင်းရေးချင်စိတ်ပေါ်လာလို့ပါ
မြန်မာနိုင်ငံမှာ ဟမ်းဖုန်းနံပါတ်ရဘို့
အယင်ကဆိုသိန်းနစ်ဆယ်အစိတ်ပေးနေရတာကို
ခုငါးသိန်းပေးယင်ဖုန်းနံပါတ်ရကြတော့
လူအတော်များများသုံးနိုင်သွားပါတယ် ဝမ်းသာစရာပါ
ဒါပေမဲ့ ကျနော်တို့အိမ်နီချင်းတရုတ်နိုင်ငံမှာတော့အမှိုက်သိမ်းတဲ့လူကအစ
ဟမ်းဖုန်းကိုတွင်တွင်ကျယ်ကျယ်သုံးနေတာကိုတွေ့နေရပါတယ်
ဒီလိုသုံးနိုင်အောင်လဲဟမ်းဖုန်းဈေ းကအင်မတန်သက်သာလို့ပါ
တရုတ်နိုင်ငံမှာနံပါတ်ရဘို့တရုတ်ငွေယွမ်း၃ဝဘဲပေးရပါတယ်
၂ဝဘိုးကအလကားဆက်လို့ရနေတော့နံပါတ်အတွက်က၁ဝယွမ်ဘဲကျပါတော့တယ်
နံပါတ်လှလှလိုချင်ယင်တော့ဈေ းပိုပေးရပါတယ်…
ဟမ်းဖုန်းကနေအင်တာနက်သုံးချင်ယင်တော့တလ၆ယွမ်ပေးလိုက်ယင်ရပါတယ်
အင်တာနက်သုံးချင်ယင် လဲတပ်ဆင်ခဆိုတာ လုံးဝမပေးရပါဘူး
တလ အင်တာနက်အသုံးပြုခက၉၈ယွမ်ဘဲပေးရပါတယ်
မြန်မာငွေ၁၀၀ဝကိုတရုတ်ငွေ၈ယွမ်နဲ့တွက်ကြည့်ယင်
ဘယ်လောက်ဈေ းသက်သာတယ်ဆိုတာသိနိုင်ပါတယ်…
နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ရွာသားများလဲကိုယ်ရောက်တဲ့နိုင်ငံရဲ့
ဟမ်းဖုန်း အင်တာနက်ဝန်ဆောင်မှု့ပြောပြပေးနိုင်ယင်
ပြောပြပေးပါလို့တောင်းဆိုချင်ပါတယ်…..

12 comments

  • weiwei

    October 20, 2011 at 11:17 pm

    တရုတ်ပြည်မှာ ဟန်းဖုန်းခေါ်ဆိုခက တစ်မိနစ်ကို ၁ဝ ပြား (ဗမာငွေ ၁၃ ကျပ်) ပဲ ကျပါတယ် … ရန်ကုန်မှာကတော့ တစ်မိနစ်ကို ၅ဝ ကျပ်တောင် ပေးရတယ် … ဖုန်းခေါ်ဆိုခ ဈေးကြီးလွန်းလို့ ဖုန်းကို အလှကြည့်ထားရမလိုဖြစ်နေတယ် … 🙂
    ဖုန်းနဲ့အင်တာနက်ဝန်ဆောင်မှုက CDMA800 နဲ့ တစ်မိနစ် ၄ ကျပ်နှုန်းဆိုတော့ သုံးရင် သုံးသလောက် ကုန်တယ် …

    Reply

  • naymin

    October 20, 2011 at 11:28 pm

    ကျနော်တို့ နိုင်ငံသားတွေက သူဋ္ဌေးတွေလေဗျာ၊ ကားဝယ်စီးမလား မတန်တစ်ဆ (ယခင်)
    ယခုတော့ ဈေး လျော့စပြုနေပါပြီ၊ ဖုံးခေါ်ဆိုခ ကလဲ များတယ် ၊ လျော့ပေးဖို့ ကောင်းပါတယ်၊
    လျော့ပေါ့စဉ်းစားပေးတော်မူကြပါဗျို့ ။

    Reply

  • koyinmaung

    October 21, 2011 at 5:26 am

    တရုတ်ပြည်မှာဖုန်းနဲ့အင်တာနက်သုံချင်လျှင် အိပ်ချိန်းကိုအကြောင်းကြားပြီးမှ
    သုံးလျှင်သက်သာပါသည် ဒီလိုမှမဟုတ်လို့ကတော့ မဝေ ပြောသလိုပါဘဲ
    ကြောက်စရာကောင်းတဲ့နှုန်းထားနဲ့ဖြတ်ပါတယ်….
    ကျနော်တို့တွေဖုန်းစသုံးခါစကအင်တာနက်သုံးလိုရတယ်ဆိုပြီးသုံးလိုက်ကြတာ
    နှစ်ရက်နဲ့ငွေကုန်သွားလို့ဆိုင်မှာငွေသွားသွင်းရပြန်ပါရေားဗျာ..
    ဖုန်းဆိုင်ကလူတွေပြောတော့မှသိရပါတယ်
    တလ၆ယွမ်အနိမ့်ဆုံး၁ဝယွမ် ၂ဝယွမ် ၄ဝယွမ် ၆ဝယွမ် ဆိုပြီးအစားစားရှိမှန်း
    သိရပါတော့တယ်….

    Reply

  • Diamond Key

    October 21, 2011 at 11:04 am

    ဖုံးတန်ဖိုးက နဲနဲ၊ ခေါ်ရပြောရကောင်း၊ internet လေးလဲရ၊ ဝင်ရထွက်ရလည်း အဆင်ပြေ၊ ဒီလို ph လေးတွေ…..ဟူး အိမ်မက်ပါဗျာ။
    အခု ကျွန်တော် GSM လေးက မန္တလေး ph မို့ဆိုပြီး internet လျှောက်တာတောင်မရဘူး။

    Reply

  • windtalker

    October 21, 2011 at 12:34 pm

    ကိုရင်မောင် ရေ
    ဂုဏ်ယူလိုက်စမ်းဘာဗျာ
    ကျုပ်တို ့တွေ ဟာ
    အာရှမှာ ဖုန်းပြောခ ဈေးအကြီးဆုံးပေးပြောနေတာမလား

    Reply

  • nigimi77

    October 21, 2011 at 6:43 pm

    ဒါနဲ ့ပါတ်သပ်လို ့ ပြောရရင် ကနဦး တည်ဆောက်မှု Infrastructure တွေ အတွက် ကနဦး သုံးစွဲ သူက ကျခံရမှာပဲ။

    ဒါတွေ အရင်းကျေသွားရင်တော့ ဈေးက သက်သာသွားကောင်း သက်သာလိမ့်မယ်။ အစောပိုင်း ကာလတွေမှာ

    ဈေးကြီးပေးပြီး သုံးစွဲနိုင်သူတွေ အတွက်တော့ ဟန်လုပ်စရာ ပစ္စည်း တစ်ခု ဖြစ်ခဲ့ပေမဲ့ ခုချိန်မှာ ခင်ဗျားတို ့ကျုပ်တို ့လို သာမာန်လူတွေ အတွက်

    မရှိမဖြစ်တဲ့ ဆက်သွယ်ရေး ကိရိယာ တစ်ခုဖြစ်လာပြီ။ ဒီနေရာမှာ ဒါတွေ ဈေးပေါသွားအောင် ဒါမှ မဟုတ် အရင်းကျေသွားအောင် ဘယ်လိုလုပ်မလဲဆိုတာက

    သူတို ့အပိုင်း။ ငွေကြေးတတ်နိုင်သူတွေကို ဈေးကြီးကြီးနဲ ့ချပေးမလား။ အသင့်အတင့်လောက် တတ်နိုင်သူ အများစုကို ဈေးသက်သက်သာနဲ ့ချပေးမလား။

    အဖြေကရှင်းနေတယ်။ ဒီလို ရှင်းနေပေမဲ့လဲ အမြဲတမ်းရှုပ်နေလိမ့်မယ်။ မြန်မာပြည်ရဲ ့တခုတည်းသော ဆက်သွယ်ရေး လုပ်ငန်းမှာ ကျပ်မပြည့်တဲ့ စနစ်တွေက

    အစုံအလင်ရှိနေတယ်။ ဒါကလဲ တရုပ်က ပေးစားတဲ့ အမြည်းကို ဟင်းလုပ်စားတဲ့ လူတွေကြောင့် ကျုပ်တို ့ ခင်ဗျားတို ့က ကျန်တဲ့ အရိုးအရင်းတွေကို ကိုက်နေရတာ။

    ငါ သုံးတာကတော့ 50 ၊ 51 ဂျီကွ ။ ငါကတော့ 800 ကွ။ ကျမကတော့ 450 ကမ်းရိုးတန်း ရှင့် ။ ကျုပ်ကတော့ ၅ သောင်း ကဒ်ဗျ လို ့ မာန်တက်နေသရွေ ့တော့

    ခင်ဗျားတို ့ပြောနေကြတဲ့ ဆင့်ဖင် ခွေးမျှော် အိမ်နီးနားချင်း နိုင်ငံတွေရဲ ့ ဈေးနှုံးမျိုး ဘယ်တော့မှ ရောက်လာဦးမှာ မဟုတ်ဘူး။

    စဉ်းစားရမှာက ကျုပ်တို ့မှာ ဘာကြောင့် တူညီတဲ့ စနစ် မရှိသလဲ ။ စုံလင်ပြီးတော့ ကျပ်မပြည့်တဲ့ ဟာတွေ လုပ်နေမည့် အစား တူညီတဲ့ စနစ်တစ်ခုကိုပဲ အကောင်းဆုံး

    တည်ဆောက်တာဟာ ပို မကောင်းဘူးလား။ မစင်စားပြီး အသက်ရှင်နေသူတွေက လုပ်နေတာ မဟုတ်တာကြောင့် ဘယ်သူ မဆို စဉ်းစားမိကြမှာပဲ။

    ဒါဆို ဘာကြောင့် ဒီလို ဖြစ်နေရသလဲ။ အရသာခံနေကြတာကြောင့်ပဲ။ ကိုယ့်အတွက်ပဲ အရသာ ခံနေလို ့ပဲ ။ ကျုပ်တို ့တွေ အတွက် ဘယ် စနစ်က အကောင်းဆုံးဖြစ်မလဲ။

    ဂျီက ပိုကောင်း လား ။ C က ပိုကောင်းလား ။ ပြောဆိုကြမယ်။ ဆွေးနွေးကြမယ်။ ဒါဆိုရင် အဖြေ တခုထွက်လာမယ်။ ကျုပ်တို ့က တူညီသော စနစ်တခုကိုပဲ သတ်မှတ်ပေးပါ

    ပြောလို ့ ချက်ချင်းကြီး သတ်မှတ်ဦးမှာ မဟုတ်ဘူး။ ဒီ့အပြင် တရုပ်ကလဲ သူ ့ရဲ ့ စနစ်ပေါင်းစုံ စမ်းသပ်ကွင်းကို အဆုံးအရှုံးခံဦးမှာ မဟုတ်သေးဘူး။

    ကျုပ်တို ့စာဖတ်သူတွေမှာ အလွှာပေါင်းစုံက လူတွေရှိတယ်။ ဒီလူတွေထဲမှာ တွေးတတ်တဲ့ လူတွေ လုပ်ကိုင်နိုင်တဲ့ အင်အားရှိတဲ့လူတွေ ရှိနေတယ်။

    ကျုပ်မှာ အသိပညာကလေး နည်းနည်း ရှိတယ်။ ခင်ဗျားမှာ အတတ်ပညာကလေး နည်းနည်းရှိတယ်။ သူ ့မှာ လုပ်ကိုင်နိုင်တဲ့ အနေအထားလေးရှိတယ်။

    ဒီ သဘောကိုပြောတာ။ ကျုပ်တို ့တွေ မသိတာတွေကို သိအောင် ပြောပြနိုင်တဲ့ လူတွေရှိသလို သူတို ့မသိတာတွေကို ကျုပ်တို ့ကလဲ သိအောင်ပြောပြနိုင်တယ်။

    သိပြီးရင် ပြီးပြီးဆိုတဲ့ ပွဲပြီးမီးသေ စိတ်မျိုးနဲ ့ဆိုရင်တော့ မသိတာက ကောင်းတယ်။ တခြားမှာ ဘယ်လို လုပ်ခဲ့လဲ ဆိုတာတွေ ကြည့်လို ့ရတယ်။

    ဥပမာ…ကိုရီးယားမှာ တူညီတဲ့ စနစ်ကို ပြောင်းလဲမှုပေါင်း များစွာထဲက တစ်ခုလောက်ကို ထုတ်ကြည့်ကြမယ်။ ခင်ဗျားရဲ ့Handset က Battery ကုန်သွားတယ်ဗျာ။

    ဒီညက ဘော်ဒါ အိမ်မှာ အိပ်တာ ။ အားသွင်းစက်ကလဲ ယူမလာဘူး။ ဒီတော့ ခင်ဗျားက ကပ်သပ်ပြီး ပြောလို ့ရတာတွေ တချို ့တော့ရှိတယ်။ တရုပ်ကလာတဲ့ ငုတ်ထောက်သွင်းစက်

    နဲ ့ အဆင်ပြေအောင်လုပ်လို ့ရတယ်ပေါ့။ ဘော်ဒါ Handset က ကျုပ်နဲ ့Brand မတူတော့ သူ ့ဟာနဲ ့လဲ သွင်းလို ့မရဘူးလေ။ ဒီနေရာမှာ စဉ်းစားကြည့်ရအောင်။

    ခင်ဗျားရဲ ့တန်ဖိုးကြီး Handset ရဲ ့Battery ကို ငုတ်ထောက်သွင်းစက်နဲ ့အတူ သက်တမ်းကို ဖျက်စီးမလို ့အလွယ်တကူ ကြံစည်နေတာလား ဆိုတာပဲ။

    ဒါဟာ သာမာန်ကြည့်ရင် ဘာမှ မဟုတ်တဲ ့ကိစ္စလို ့ထင်ရပေမဲ ့ တကယ့် အရေးကြီး အချိန်တွေဆိုရင် သိပ်ပြီး စိတ် အနှောက်အယှက်ဖြစ်ရတယ်။

    ဒီတော့ ကိုရီယန်တွေ ဘာလုပ်လိုက်ကြလဲ သိလား …။ သူတို ့တနိုင်ငံလုံးမှာ သုံးတဲ့ ဘယ် Brand ရဲ ့ Handset မဆို 24 pin ခေါင်းပါတဲ့ အားသွင်းစက်နဲ ့သွင်းနိုင်တဲ့

    စက်ကိုပဲ ထုတ်လုပ်ရမယ် ဆိုတာပဲ ။ ပြည်ပက သွင်းလာတဲ့ ပစ္စည်းဆိုရင်လဲ အဲဒီလိုပဲ ။ ယုတ်စွအဆုံး MP3 , MP4 , Camera တွေက အစ အားလုံးနီးပါး Charger တခုထဲနဲ ့

    ကြိုက်တဲ့ Brand ကို သုံးလို ့ရတယ်။ အဲဒီက ရလာတဲ့ အကျိုးဆက်တွေက အများကြီးနော် …ခင်ဗျား စဉ်းစားကြည့်ပါ။ ဘာလို ့သူတို ့က အဲဒီလို ပြောင်းလိုက်တာလဲ။

    အားလုံးသော သူတွေက ဒီ အကြောင်းအရာကို ပြောကြတယ်။ ပြောလိုက်ယုံနဲ ့မပြီးဘူး။ အထက်ထိ တက်ကြတယ်။ ဖြစ်မြောက်အောင် ဆက်လုပ်တယ်။ ဦးဏှောက်ရှိသူတွေက

    လက်ခံကြတယ်။ ကျုပ်တို ့ဆီမှာလို ကောက်ရိုးမီး မဟုတ်ဘူး။

    Reply

  • nigimi77

    October 21, 2011 at 6:56 pm

    အရင်တုန်းကလဲ သူတို ့ဆီမှာ ဗြောက်သောက် စနစ်တွေ ရှိပေမဲ ့လည့် ခုချိန်မှာ အားလုံးကို

    တူညီတဲ့ စနစ်တခုထဲကိုပဲ ပြောင်းလဲတော့မယ်။ လည်ပတ်ခဲ့တာ အတော်ကြာပြီဖြစ်တဲ့ စနစ်ကို

    ပြောင်းလဲရတာ လွယ်တာမဟုတ်ဘူး။ ကျုပ်တို ့ဆီမှာက ခုမှ အစပဲ ရှိသေးတယ်။

    သိပ်မခက်ခဲလောက်ဘူး။

    ခက်တာက မြန်မာပြည်မှာ ပညာသည်တွေ ယုန်ကလေး နှာစေးနေကြတယ်။ ပညာသည် တစ်ယောက်ရဲ ့

    ကျင့်ဝတ်ထက် မိမိရဲ ့အရသာကို ပဲ ပိုနှစ်သက်နေကြတယ်။ ဒီတော့ ကျုပ်တို ့နိုင်ငံသားတွေက ဘာမဆို

    ဟိုလူကတော့ လုပ်နိုးနိုး ဒီလူကတော့ လုပ်နိုးနိုးနဲ ့ ဘော်လီဘော ပုတ်ရင်းနဲ ့ပဲ အချိန်တွေကုန်လာတယ်။

    ကျုပ် ရင်ထဲက ဟာတွေတော့ ချပြပြီး ပြီ …ခင်ဗျားတို ့ အလှည့်ပဲ။

    Reply

  • nigimi77

    October 21, 2011 at 7:27 pm

    ဒါနဲ ့စကားမစပ် …ဒီ အကြောင်းအရာက ဧရာဝတီ ကိစ္စနဲ ့လိုင်းမတူဘူးနော်။

    စော်ကားတာ မဟုတ်ပေမဲ့ ဧရာဝတီ ကိစ္စ လိုမျိုးက ပညာရှင်တွေ အိပ်ထဲက ထွက်စရာ မရှိသလို

    ဝင်စရာလဲ မရှိခဲ့ပါဘူး။ ဂုဏ်သိက္ခာက ကြားကနေ အမြတ်ထွက်သွားတာပေါ့။

    ခုနက ကျုပ်ပြောတဲ့ ကိစ္စမျိုးကျတော့ ပညာရှင်တွေ အိပ်ထဲ ဝင်လာမဲ့ ဟာက မဝင်တော့တာမျိုး

    ဖြစ်လာနိုင်တယ်။ ဝင်ထားပြီးသား ဟာကလဲ ပြန်ထွက်သွားကောင်း ထွက်သွားနိုင်တယ်လေ။

    သက်ဆိုင်ရာ ပညာသည်တွေကို ဆိုလိုပါတယ်။

    Reply

  • blackeye

    October 21, 2011 at 7:41 pm

    တင်ပြချက်က ကောင်းလိုက်တာ ၊ ဘာမှ ပြောစရာ မကျန်တော့အောင်ပါ ၊

    Reply

  • Shanma TUmdy

    October 21, 2011 at 9:15 pm

    မူဆယ်.. နမ့်ခမ်းမှာ အဲလိုအခွင့်အရေးအပြည့်အဝ ရတရ်.. 😀 😀 😀
    ဒါပေမယ့် တရုတ်က ဘန်းထားတာများတယ်. ခုဆို မြန်မာပြည်က. youtube တွေဖွင့်ပေးပေမယ့်.
    တရုတ်က facebook,mediafire,4share,youtube စတာတွေပါ ပိတ်ထားတာ.
    အရင်ကဆို.. facebook ကို freegate နဲ့ရပေမယ် . .. ခုအဲလို software တွေနဲ့ပါမရတော့ဘူး..
    ultrasurft down မယ်ဆိုပြန်လည်း.. အဲဆိုဒ်နဲကပက်သတ်တာမှန်သမျှ ပိတ်ထားတာ.. facebook ကိုအိမ်ရောက်ရင်မသုံးရဘူး.. ကူကြပါဦး

    Reply

  • lwinmg

    October 21, 2011 at 9:19 pm

    ဒီဘက် ကို ပြန်လာခဲ့လေ ဒီမှာ အဲ့လောက်မဆိုးဘူး
    ငပိတ်ဇယား တွေကို ငဖွင့် လုပ်ပေးနေပြီ ဗျ ။

    Reply

  • koyinmaung

    October 22, 2011 at 11:19 am

    ဟိုဘက်မှာကိုယ်ပိုင်သုံးလို့ရတယ်
    ဒီဘက်မှာကိုယ်ပိုင်သုံးဘို့မလွယ်ဘူး
    ငပိတ်ဇယားကတော့ထုံးစံအတိုင်း
    ငကျော်ဇယားနဲ့သွားတာပေါ့
    သောက်တရုတ်တွေက
    သူတို့နဲ့မဆိုင်တဲ့မြန်မာနိုင်ငံရေဆိုက်တချို့တောင်ပိတ်ထားသေးတယ်
    ပုလင်းတူဗူးဆို့တွေပါ…

    Reply

Leave a Reply

Your email address will not be published.