အခင်ဆုံးသူငယ်ချင်းနဲ ့ကျွန်တော်

taungpawtharOctober 17, 20111min04

ကျွန်တော် က ခပ်အေးအေးပဲ နေတတ်တော့ သူငယ်ချင်း နည်းနည်းပါးပါးလောက် ပဲရှိပါတယ် ။ မူလတန်းကတည်းက အထက်တန်းအထိ တွဲ လာ တဲ့သူတွေထဲ က ကျော်နိုင် ့ကို တော့ အခင်ဆုံးပါပဲ ဆယ်တန်းမအောင်မချင်း ရည်းစားမထားဘူးလို ့ တိုင်ပင်ဆုံးဖြတ် ခဲ့ကြပြီး စာ ကို ပဲ ကြိုးစားခဲ့ကြပါတယ်
ဆယ်တန်းလဲ အောင် ရော် သူ က ပိုက်ဆံမတတ်နိုင်လို ့ ကျောင်းဆက်မတတ် နိုင် ဖြစ်ရာ ကနေ ခုထိတက္ကသိုလ် ဆက်မတက်ဖြစ်တော့ပါဘူး။ တကယ်တော့သူက ကျွှန်တော့ထက် တောင် ပို တော်ပါတယ် သူသာ သူဖြစ်ချင်တဲ့အင်ဂျင်နီယာ ကြီးဖြစ်ခဲ ့ရင် တိုင်းပြည်ကအားထားရတဲ့ ထူးချွှန်တဲ့ သူတယောက်ဖြစ်မှာ သေချာ ပါတယ် ခုတော့ သူ လက်သမား အလုပ် လုပ်နေပါတယ် အထင်တော့သေးလို ့မရဘူးနော် သူ ့မိသားစု ခြောက်ယောက် အဖေအမေ အပါအဝင်ကို လုပ်ကြွေးနိုင်ပါတယ်
ကျွန်တော် ကတော့ အင်ဂျင်နီယာ ကျောင်းဆင်းပြီး အခြေနေအရ ဝန်ထမ်း လုပ်ခဲ့မိတယ် အင်ဂျင်နီယာ ပညာ တတ် ဖြစ်တဲ့ကျွန်တော် ရိုးရိုးသားသားနဲ ့ကြို းစားခဲ့တဲ့ ကျွန်တော် အသုံးအဖြုန်းလဲ မရှိ အသောက်အစားလဲ ကင်းပါရဲ ့နဲ ့ အိမ် ကို ပြန်မထောက်ပ ံ့ နိုင်ပါဘူး မိဘနဲ ့ ရပ်ရွာ ကို ခွဲပြီး အလုပ်လုပ်နေရတဲ့ အပြင် အိမ်ပြန်ဖို ့ငွေမလုံလောက် တဲ့အတွက် မပြန်ရတာလဲ ကြာ ပါပြီ။ အလုပ်ထွက်ရမှာလား လာဘ်စားရမှာလား
လူကြီးတွေကို အပြစ်တင်ရမှာလား ကို ့ကိုယ် ကို အပြစ်တင်ရမှာလား သူငယ်ချင်း ရေ မင်းပြောခဲ့တဲ့စကားလေး သတိရမိပါတယ် ပညာရှာတိုင်း ဥစ္စာ ရတာ မဟုတ်ဘူးတဲ့

4 comments

  • MOEPWINTPHYU

    October 17, 2011 at 2:37 pm

    အော် ဘဝကလဲတူလိုက်တာနော်
    မိုးပွင့်လည် အိမ်ကပြန်လာစေချင်ရင် သူတိုပိုတဲပိုက်ဆံနဲပြန်ရတယ်
    နောက်ဆိုပြန်ဘူး
    ဒါပေမဲ တစ်နှစ်တခေါက်တောပြန်ဖြစ်အောင်ပြန်ပါတယ်
    သူငယ်ချင်ရေ မိုးပွင်တို့လက်ထက်လဲရောက်လာမှာပါ ဒီတိုင်းပဲတောမနေလောက်ပါဘူး
    နော်

    Reply

  • MaMa

    October 17, 2011 at 5:06 pm

    သူငယ်ချင်းက ဆရာဝန်။ မိဘမောင်နှမတွေကလည်း ပြည့်စုံ၊ သူကိုယ်တိုင်ကလည်း တကိုယ်တည်းမို့ သူ့ဝင်ငွေနဲ့သူ နေနိုင်တယ်။ သူ့ ညီမလေးက သူ့လို စာမတော်ဘူး။ ဘွဲ့လေးတခုရပြီး ကိုယ်ပိုင်စီးပွားရေးလေးလုပ်တယ်။ သူ့မောင်လေးက သဘောင်္လိုက်တယ်။ မောင်နှမတွေအားလုံးထဲမှာ စာအတော်ဆုံးဖြစ်ပေမယ့် ခုလတ်တလောမှာတော့ မောင်နှမတွေလို မသုံးနိုင်၊ မဖြုန်းနိုင်၊ မျက်နှာငယ်ရလို့ ငါငယ်ငယ်က လိမ်လိမ်မာမာနဲ့ စာကြိုးစားမိတာ မှားတယ်တဲ့လေ။

    Reply

  • Yin Nyine Nway

    October 17, 2011 at 8:16 pm

    အဒူဒူပါပဲ …
    ဒို့ကမမှဖြင့် ကွန်ပြူတာဘွဲ့ကြီးကိုင်ပြီး …ဘာလုပ်လို့ ဘာကိုင်မှန်းမသိ
    အခုမှ developer ဆိုတဲ့နေရာ ရပေမဲ့
    လစာလေးက 150000 လေး….
    တောင်ကြီးက သူငယ်ချင်းကတော့ ရိုးရိုးဘွဲ့နဲ့ အဆောင်ဖွင့်စားတာ
    အခုဆို တောင်ကြီးမှာ နာမည်ကြီးတဲ့ လူတယောက်ဖြစ်နေပြီ….

    Reply

    • small cat

      October 18, 2011 at 7:38 am

      နဂါးဖမ်းတဲ့ပညာကို သင်ထားမိကြသလိုဖြစ်နေကြပါလား၊အကြံတစ်ခုတော့ပေးလိုက်မယ်။
      ဆိုင်းဘုတ် (sign board) ရေးစားတဲ့ပညာဟာအကောင်းဆုံးပါ။ မြန်မာတစ်နိုင်ငံလုံးရဲ့
      ရုံးတွေမှာ ၊ကျောင်းတွေ၊ရပ်ကွက်တွေမှာ၊လမ်းတွေမှာ ဆောင်ပုဒ်တွေ အများကြီးရေးထားတာ၊
      တိ၂ ကျ၂ မှန်၂ ကန်၂မြန်၂ဆန်၂လုပ်၊ခြင်ကျားကင်းစင်ကျောင်းတဲ့၊လောင်းကစား ကင်းစင် ရပ်ကွက်တဲ့၊ ယာဉ်တိုက်မှုကင်းမဲ့ဇုန်တဲ့။ ရုံးမှာ ဦးတည်ချက် (၁၂)ရပ်တို့ဘာတို့၊အခြားဘာညာတွေ
      ရေးရတဲ့ စရိတ်က တနှစ်တနှစ် မနဲဘူးဗျာ။

      Reply

Leave a Reply

Your email address will not be published.