ဗုဒ္ဓဂါယာ ပုံစံတူ စီမံကိန်း အတွက် မြေနေရာ ကမ်းလှမ်း လှူဒါန်း

BayoteMay 19, 20101min03

အပြည်ပြည် ဆိုင်ရာ ဓမ္မစက္က ဖောင်ဒေးရှင်း (IDF) ၏ ဗုဒ္ဓဂါယာ ပုံစံတူ တည်ဆောက်ရန် စီမံကိန်း အတွက် လှည်းကူးမြို့နယ်မှ ၁ဝ ဧကရှိ မြေနေရာ လှူဒါန်း လိုသည်ဟု ( ဦးဝင်းနိုင် နှင့် ဇနီး ) မှ ကမ်းလှမ်းလာ ကြောင်း အဆိုပါ ဖောင်ဒေးရှင်းမှ ဓမ္မစက္က ဦးမောင်မောင်၏ ပြောပြချက် အရ သိရသည်။ ဗုဒ္ဓဂါယာ ပုံစံတူ အတွက် လှည်းကူးမှာ မြေနေရာ လှူဒါန်း လိုတယ်လို့ ကမ်းလှမ်း လာပါတယ်။ ဒါပေမယ့် အသင်း ဩဝါဒ ဆရာတော် အလှမ်းဝေးလို့ ခဏ စောင်ကြည့်ဖို့ ပြောပါတယ်။ လူတွေကို အလွယ်တကူ လာရောက် လေ့လာနိုင်ဖို့ တည်ဆောက်မှာ ဖြစ်တဲ့ အတွက် သွားရေး လာရေး အခက်မတွေ့စေချင် လို့ပါဟု ၎င်းက ပြောသည်။ ၎င်းကမှ ဆက်၍ ဗုဒ္ဓဂါယာ ရောက်ဖူးရင်း အပ္ပာယ်ပိတ်တယ်လို့ ဗုဒ္ဓဂါယာ ဘုရားဖူးတွေ ကြေညာလေ့ ရှိပါတယ်။ ဗုဒ္ဓဂါယာကို ရောက်ဖူးဖို့ ဆိုတာ ၈ သိန်း လောက်မှ အနည်းဆုံး မကုန်ရင် မရောက်ပါဘူး။

အမှန်တော့ မြတ်စွာဘုရား လူသားတွေအတွက် ဘယ်လို ကျင့်ကြံပြီး သက်တော် ထင်ရှား ရှိစဉ် ဘယ်လို နေထိုင်ခဲ့သလဲ ဆိုတာသိရှိ သံဝေဂရပြီး ဘုရားရဲ့ စကားကို နားထောင် နေထိုင်တဲ့အခါ အပ္ပာယ် တံခါး ပိတ်မယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် ဗုဒ္ဓဂါယာ သွားရောက်ဖို့ မတတ်နိုင်တဲ့ သူတွေ အတွက် ရည်ရွယ်ပြီး ဗုဒ္ဓဂါယာ ပုံစံတူကို တည်ဆောက်ဖို့ စီစဉ်ဖြစ်တာပါဟု ဗုဒ္ဓ ဂါယာပုံစံတူ စီမံကိန်း၏ ရည်ရွယ် ချက်ကို ရှင်းပြသည်။ အဆိုပါ ဗုဒ္ဓဂါယာ ပုံစံတူ တည်ဆောက်ရာတွင် မြို့ ၂ဝ မြို့ခန့် တည် ဆောက်ရမည် ဖြစ်ပြီး မြို့တစ်မြို့စာ အတွက် အနည်းဆုံး သိန်း ၁၀ဝ ခန့် ကုန်ကျမည် ဖြစ်သည်။ အဆောက်အအုံ တည်ဆောက်မှုများအတွက် ပြည်တွင်း အင်ဂျင်နီယာ အဖွဲ့များမှ ကမ်းလှမ်းထားသည်ဟု သိရသည်။ အဆိုပါ ဗုဒ္ဓဂါယာပုံစံတူ စီမံကိန်းကို ယခုနှစ်ကုန်တွင် စတင်မည် ဖြစ်ကြောင်း True News Journal တွင် ဖော်ပြ ထားသည်။

3 comments

  • etone

    May 19, 2010 at 4:53 am

    လှည်းကူးဘယ်နားမှာလဲ ။

    Reply

  • myozaw99

    May 19, 2010 at 5:15 am

    အရမ်းကောင်းပါတယ်။ ကုသိုလ်ရတာပေါ့။

    Reply

  • chitsayar

    May 19, 2010 at 2:27 pm

    ဗုဒ္ဓဂါယာ ရောက်ဖူးရင်း အပ္ပာယ်ပိတ်တယ် ဗုဒ္ဓဂါယာ ကို မရောက်ဖူးရင်း အပ္ပာယ်မပိတ်ဖူးလား
    အမှန်တော့ မြတ်စွာဘုရား ဘယ်လို ကျင့်ကြံပြီး သက်တော် ထင်ရှား ရှိစဉ် ဘယ်လို နေထိုင်ခဲ့သလဲ ဆိုတာသိရှိ ပြီး ဘုရားရဲ့ စကားကို နားထောင် နေထိုင်တဲ့အခါ အပ္ပာယ် တံခါး ပိတ်ပါတယ်။
    ဒါကြောင့် ဗုဒ္ဓဂါယာ သွားရောက်ဖို့ မတတ်နိုင်တဲ့ သူတွေ မြတ်စွာဘုရား ဘယ်လို ကျင့်ကြံပြီး နေထိုင်ခဲ့သလဲ ဆိုတာ နားထောင် နေထိုင်ရင် မရောက်ဖူးလည်း အပ္ပာယ်ပိတ်ပါတယ်

    Reply

Leave a Reply

Your email address will not be published.