နှစ်၁၀ဝပြည့်ပြီဖြစ်တဲ့တရုတ်သမတနိုင်ငံ

Don Juan RonaldOctober 15, 20111min06

ပြီးခဲ့တဲ့တနင်္လာနေ့၊ ကျနော်တို့ရဲ့မြို့တော်ထိုင်ပေ ( Taipei )တွင်၊တရုတ်သမတနိုင်ငံ ( Republic of China ,also known as Taiwan )၏နှစ်၁၀ဝပြည့်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့်စစ်ရေးပြပွဲ့များ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ကျင်းပခဲ့ပါသည်။

၎င်းပွဲသို့တက်ရောက်လာသောနို င်ငံခြားရောက်တရုတ်(Oversea Chinese )၂၀၀၀ဝကျော်ထဲမှာဗမာပြည်မှအယောက်၆၀ဝကျော်ပါဝင်ကြောင်းသိရှိရပါသည်။

နှစ်ပေါင်း၁၀ဝကျော်တုံးကတရုတ်သမတနိုင်ငံသည်အာရှတွင်ပထမဦးဆုံးသော ဒီမိုဂရေစီနိုင်ငံကြီးဖြစ်ခဲ့ပေမဲ့၊တရုတ်လူမျိုး အများစုမှာနှစ်ပေါင်း၁၀ဝကျော်အတွင်းဒီမိုဂရေစီကိုလုံးဝခံစားခွင့်မရှိခဲ့ပါ၊ လွန်ခဲ့သည့်နှစ်၂ဝမှစ၍ထိုင်ဝမ်ကျွန်းမှာ သာဒီမိုဂရေစီအပြည့်အဝခံစားခွင့်ရှိလာကြသည်။

net ပေါ်မှာဒီလိုဟာသတခုရှိတယ်၊ တရုတ်တွေအများဆုံးနေထိုင်တဲ့အရပ်ဒေသ၄ခုရှိတယ်။

ပထမ-ဟောင်ကောင်မှာနေတဲ့တရုတ်တွေဆိုရင်၊ ဥပဒေကန့်သတ်ထားတာကနေလွဲရင်ဘာမဆိုလုပ်၍ရသည်။

ဒုတိယ-စင်ကာပူမှာနေတဲ့တရုတ်တွေဆိုရင်ဥပဒေဘောင်တွင်း၊ ခွင့်ပြုထားသည်မှလွဲရင်ဘာမှမလုပ်ရဘူး။

တတိယ-ထိုင်ဝမ်မှာနေတဲ့တရုတ်တွေဟာ ဥပဒေဘောင်အတွင်း၊ဘောင်အပြင်အကုန်လုပ်လို့ရတယ်။

စတုတ္ထ-တရုတ်ပြည်မကြီးမှာနေတဲ့တရုတ်တွေဆိုရင် ဥပဒေဘောင်အတွင်းဘောင်အပြင်အကုန်ဘာမှမလုပ်ရဘူး။

 

တရုတ်သမတနိုင်ငံတည်ပြီးခါစ၊မန်ချူးမင်းဆက်၏လက်ကျန်စစ်အာဏာရှင်များသည် နယ်ချဲ့များ၏ထောက်ခံမှုဖြင့်နှစ်ပေါင်း၂ဝနီးပါးအချင်းချင်းတိုက်ခိုက်သတ်ဖြတ်ခဲ့သည်။

စစ်အာဏာရှင်ကြီးလည်းဟုတ်၊မျိုးချစ်သူရဲကောင်းလည်းဖြစ်တဲ့ခေါင်းဆောင်ကြီး ချန်ကေရှိတ််သည်ကူမင်တန်အစိုးရကိုဦးဆောင်၍တရုတ်ပြည်ကြီးကို united ဖြစ်အောင်လုပ်နိုင်ခဲ့သော်လည်း၊များမကြာခင်တရုတ်ကွန်မြူနစ်၏ ဆူပူသောင်းကျန်းမှုကြောင့်ပြည်တွင်းစစ်ပြန်ဖြစ်လာသည်၊ ကွန်မြူနစ်များကိုအပြီးသတ်သုတ်သင်ပြီးခါနီးအချိန်မှာဖက်ဆစ်ဂျပန်များအလုံးအရင်းနှင့်ကျူးကျော်ဝင်ရောက်လာ၍၊ချန်ကေရှိတ်သည်ကွန်မြူနစ်များနှင့် peace လုပ်လိုက်ရသည်။

ချန်ကေရှိတ်သည်ရှိသမျှအင်အားဖြင်ရှေ့တန်းတွင် ဂျပန်တွေနှင့်စစ်တိုက်နေတဲ့အခါကွန်မြူနစ်များသည်နောက်ကွယ်မှာအင်အားစုစည်းနေသည်။

နဂိုမှညံ့ဖျင်းချည့်နဲ့ချူချာနေတဲ့တရုတ်တွေဟာဂျပန်တွေကို အရှုံးကြီးဘဲရှုံးနေပြီးပင်လယ်ကမ်းခြေတခုလုံးဂျပန်တွေက သိမ်းပိုက်သွားလိုက်တော့သည်။

နောက်ဆုံး US ကလူအင်အားရောငွေအင်အားရောအလုံးအရင်းနှင့် တရုတ်ကိုထောက်ပံကူညီပြီး၊ဖက်ဆစ်ဂျပန်များကို ၁၉၄၅ခုနှစ်တွင်အောင်မြင်စွာတိုက်ထုတ်ခဲ့သည်။

ထို့နောက်၁၉၄၉ခုနှစ်တွင်အင်အားချည့်နဲ့ပြီးလက်ပမ်းကျနေသော ချန်ကေရှိတ်အစိုးရကို၊ကွန်မြူနစ်များကရုရှများ၏ အကူအညီနဲ့ထိုင်ဝမ်ကျွန်းဆီသို့မောင်းထုတ်ခဲ့သည်။

တရုတ်ပြည်ကြီး၏ notorious ခေါင်းဆောင်ဥက္ကဌကြီးမော်စီတုံးသည် ရက်ဆက်ကြမ်းကြုတ်ပြီး၊သူအုပ်ချုပ်တဲ့ကာလတလျှောက်မှာတရုတ်တွေ အချင်းချင်းဖြုတ်ထုတ်သတ်၍သော်၎င်း၊ သူ၏မိုက်ရူးရဲစီမံခန့်ခွဲမှုကြေင့်ငတ်မွတ်ပြီးသေဆုံးသွားသူပေါင်း သန်း၄ဝနီးပါးရှိခဲ့သည်(ဗမာပြည်တပြည်လုံးရဲ့လူဦးရေနီးပါးပေါ့)။အိမ်နီးချင်းနိုင်ငံများစီသို့လည်းသန်းပေါင်းများစွာထွက်ပြေးခဲ့သည်၊ ဗမာပြည်ထဲလည်းများစွာရောက်ခဲ့၏။

ချန်ကေရှိတ်သည်ထိုင်ဝမ်းသို့ထွက်ပြေးပြီးနောက်၊ ၎င်းကျွန်းကိုသေချာကောင်းကောင်းအုပ်ချုပ်ပြီး၊ ကွန်မြူနစ်များစိမ့်ဝင်လာခြင်းမှကာကွယ်ရန်တပြည်လုံးကို martial law ဖြင့်နှစ်ပေါင်း၄ဝနီးပါး အုပ်ချုပ်ခဲ့သည်။ သူ၏သားတော်မောင်သမတဖြစ်လာတဲ့အခါ၊ထက်မြက်ကောင်းမွန်သောစီမံကိန်းများ ချမှတ်၍တမျိုးသားအင်တိုက်အားတိုက်ဖြင့်နိုင်ငံတော်ကိုတည်ဆောက်ခဲ့သည်၊“ အိမ်တိုင်းစက်ရုံဖြစ်ရမည် ”ဆိုသည့် slogan နှင့်စီးပွားရေးတည်ဆောက်ခဲ့ရာ ၁၉၈ဝခုနှစ်နောက်ပိုင်းတွင်ထိုင်ဝမ် တကျွန်းလုံး၏ export earning ဟာ တရုတ်ပြည်မကြီးတခုလုံးထက်သာနေသည်၊

ကမာ္ဘပေါ်မှာforeign exchange reserves သည်လည်း ဂျပန်ပြီးရင်ထိုင်ဝမ်ကဒုတိယအများဆုံးဖြစ်ခဲ့သည်။

တရုတ်ပြည်ခေါင်းဆောင်တွေလည်း ရှက်လည်းရှက်၊ထိုင်ဝမ်းကိုလည်းအရမ်းအားရလာသည်၊

“ထိုင်ဝမ်းကိုအတုယူရမယ်”ဆိုတဲ့ slogan နဲ့သန်းပေါင်၁၁၀ဝရှိတဲ့တရုတ်တွေတမျိုးသားလုံး အင်တိုက်အားတိုက်ဇောက်ချပြီးစီပွားရှာကြတော့သည်၊ ၁၉၈၉ခုနှစ်ဂျွန်လ၄ရက်နေ့ပီကင်းမြို့တော် ထင်အန်မင်း လွင်ပြင်ကျောင်းသားအရေးအခင်း မအောင်မြင်ခဲ့ခြင်းဟာ ၊ပြည်သူတွေစာနာစိတ်မရှိ၍မဟုတ်ပါ၊ တကယ်လည်းတရုတ်တွေငတ်နေတာကြာပြီ၊ ရာစုနှစ်တခုလုံးမငြိမ်မသက်ဖြစ်ခဲ့တာ၊ ခုမှစ၍စားဝတ်နေရေးကောင်းခါစဆိုတော့ မဖျက်ရက်ဘူးလေဗျာ။

ခုတော့တရုတ်ကြိုးစားလို့၊ အပင်ပန်းခံနိုင်လို့၊ အနစ်နာခံနိုင်လို့၊တရုတ်တွေပွလာပြီ ၊ထောင်လာပြီ၊အသံကျယ်လာပြီ၊ လူပါးဝလာပြီ၊ သူ့ကိုဘထွေးခေါ်ချင်တော်ချင်တဲ့ကောင်တွေများလာပြီ၊ တန်းစီနေကြပြီပေါ့ဗျာ။

ဗမာတွေလည်း ထိုင်ဝမ်းမှသော်၎င်း၊ ဘထွေးတရုတ်ယုတ်တွေဆီကသော်၎င်း ၊ကောင်းတဲ့အချက်များကို ယူပြီးကြိုးစားဖို့အချိန်တန်ပါပြီ။

 

6 comments

  • koyinmaung

    October 16, 2011 at 5:44 am

    ပထမ-ဟောင်ကောင်မှာနေတဲ့တရုတ်တွေဆိုရင်၊ဥပဒေကန့်သတ်ထားတာကနေလွဲရင်ဘာမဆိုလုပ်၍ရသည်။

    ဒုတိယ-စင်ကာပူမှာနေတဲ့တရုတ်တွေဆိုရင်ဥပဒေဘောင်တွင်း၊ခွင့်ပြုထားသည်မှလွဲရင်ဘာမှမလုပ်ရဘူး။

    တတိယ-ထိုင်ဝမ်မှာနေတဲ့တရုတ်တွေဟာဥပဒေဘောင်အတွင်း၊ဘောင်အပြင်အကုန်လုပ်လို့ရတယ်။

    စတုတ္ထ-တရုတ်ပြည်မကြီးမှာနေတဲ့တရုတ်တွေဆိုရင်ဥပဒေဘောင်အတွင်းဘောင်အပြင်အကုန်ဘာမှမလုပ်ရဘူး။

    ပဉ္စမ-မြန်မာနိုင်ငံမှာနေတဲ့တရုတ်တွေဆိုယင်ဥပဒေမရှိအကုန်လုပ်လို့ရတယ်။

    Reply

    • small cat

      October 16, 2011 at 6:03 am

      ဟုတ်ပ ကိုရင်မောင်ရေ။ အားလုံးဟာသူတို့လက်သူတို့ခြေဖြစ်နေတယ်။
      နေရာတကာငွေနဲ့သုံးပြီးလုပ်နေတာ၊ငွေသုံးတယ်ဆိုလို့ သူတို့အကျိုးအမြတ်
      ကျန်မဲ့ဟာကိုပဲလုပ်တာနော်၊ထောင်မြင်ရာစွန့်စကားကိုအသေလက်ကိုင်ထားတာ။

      ဒါနဲ့စကားမစပ် မမယ်မ တစ်ယောက်ကောနေကောင်းရဲ့လားဗျ။

      Reply

  • Don Juan Ronald

    October 16, 2011 at 7:27 am

    ဒုတိယကမာ္ဘစစ်မှာအကယ်၍ဂျပန်တွေက တရုတ်ကိုဝါးမျိုခဲ့ရင်။
    ၁-ခုချိန်ဆိုဗမာပြည်ကြီးမှာဂျပန်နိုင်ငံသားဖြစ်တဲ့ တရုတ်လူမျိုးတွေသည့်ထက်မက အဆပေါင်းများစွာရောက်ရှိနေနှင့်ပြီ။
    ၂-ခုချိန်ဆိုဂျပန်နိုင်ငံဆိုတာအခွံသာရှိပြီး၊ လူမျိုးကတော့အားလုံးတရုတ်တွေဖြစ်နေပြီ (မြေမျို၍လူမျိုးမပြုတ်၊ လူမျို၍လူမျိုးပြုတ်မည်အဆိုအရ)
    ၃-ခုချိန်ဆိုဗမာပြည်ဆိုင်ရာဂျပန်ဘုရင်ခံလည်း တရုတ်ကြီးဖြစ်ချင်ဖြစ်နေမည်။
    ၄-ခုချိန်ဆိုကမာ္ဘကြီးလည်း ဘယ်လိုအခြေနေဖြစ်နေပြီဆိုတာခန့်မှန်းရခက်ပြီ။
    ဒါကြောင့်ဂျပန်နှင့် တရုတ်မပေါင်းမိအောင်၊ အမေရိကန်တွေက တရုတ်ကိုကူညီခဲ့ခြင်းဖြစ်သည်။

    Reply

  • koyinmaung

    October 16, 2011 at 12:15 pm

    ကိုကြောင်လေးရေ တရုတ်တွေကကျုပ်တို့နိုင်ငံထဲတံခါးမရှိဓါးမရှိလာပြီးထင်တိုင်းကျဲနေတော့
    ကျုပ်တို့ကလဲအားကျမခံသူတို့နိုင်ငံထဲသွားပြီးကျွန်ခံလိုက်တာပေါ့…. ဟေဟေ့
    ဟုတ်တယ်လေတနေ့၁၂ နာရီလေါက်အလုပ် လုပ်ရတော့ ကျွန်ခံနေရသလိုပါဘဲ
    အင်…မမယ်မတယောက်လဲဒီလိုပင်ပင်ပမ်းပမ်းလုပ်ရတော့ အစာချက်အားကလဲကောင်းတော့
    အစားအသောက်လဲမှန်လို့ ပင်ပမ်းတော့အအိပ်ကလဲမှန်လို့ ကျန်းမာရေးကလဲကောင်းမှကောင်းပေါ့ဗျာ
    မြန်မာပြည်မှာတုန်းကတော့ မမယ်မ ကကျန်းမာရေးချူချာသူပါ…ကျွန်အလုပ်နဲ့ဘဲတည့်တယ်တယ်ထင်ပါရဲ့…….
    ကိုကြောင်းလေးတယောက်လဲကျန်းခမ်းသာလို့မာပါစ…….

    Reply

  • ba gyi

    October 17, 2011 at 10:00 am

    မပူကြနဲ့ ကဗ္ဘာ့နိုင်ငံတော်တော်များများမှာ တရုတ်တန်းရှိသလို ငါရို့ မြန်မာတန်းလည်းရှိလာတော့မှာ
    တရုတ်တွေဘယ်ရောက်ရောက် သူတို့တိုင်းပြည်ချစ်ပြီး နည်းပညာ ခိုးခဲ့ကြသလို၊ တု့ိ ရွှေတွေလည်းလုပ်နိုင်
    ကြဘို့နဲ့ တိုင်းပြည်ကိုပြန်အကျိုးပြုနိုင်ဘို့လိုတယ်။
    လောလောဆယ်တော့—- တရုတ်ကဖိ—- ရှမ်းကအိ ရှိသည့်မြန်မာအနောက်မှာ ဆိုတဲ့အတိုင်း—–
    တို့မြန်မာတွေလည်း အနောက်နိုင်ငံတွေမှာရောက်နေကြပြီ၊ ကဲ အဲလိုအကောင်းဘက်ကတွေးပြီး—–
    ရှင်အဇ္ဖဂေါဏ မတဲ့ကိန်းဆိုက်အောင် တရုတ်ကိုအတုယူပြီးလုပ်ကြလျှင်နောက်မကျလောက်သေးပါခင်ဗျား။

    Reply

  • kyeemite

    October 17, 2011 at 10:22 am

    ဗမာပြည်ကတရုတ်တွေ…ဝိရိယကောင်းကြတယ်ဗျ…ပီးတော့မမော်ကြွားဘူး..အပိုမသုံးဘူး…ချွေတာတယ်..
    ဒါ့ကြောင့်ချမ်းသာကြတာ..လူမျိုးရေးမုန်းတီးမှု့မထားဘဲ…အတုယူသင့်တာယူရမယ်လို့ထင်တယ်…

    Reply

Leave a Reply

Your email address will not be published.