စာဖတ်တယ်ဆိုတာ……….

Rain girlMay 19, 20101min07

သူငယ်ချင်းတို့ရေ တို့တွေ ကျောင်းပြီးတော့မယ်နော်။ ကျောင်းပြီးသွားရင် တို့ဘာတွေလုပ်မလဲ။ တို့အတွက် အခွင့်အလမ်းတွေ ဘယ်လိုရှိမလဲ၊ ဒါတွေ တို့သိပ်မသိကျဘူး။ တစ်ချို့ ဆိုရင် ကျောင်းပြီးသွားရင် ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက် ရှိကျတယ်။ ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဥပမာ ဆိုပါဆို မင်းက ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသား တစ်ယောက်ဆိုပါတော့၊ မင်းကျောင်းပြီးပြီ မင်းဘာလုပ်မလဲ။ မင်း programmer လုပ်မလား၊ Network Engineer လုပ်မလား၊ ဒါတွေ မင်းမသိဘူး။ မင်းကျောင်းတက်တုန်းက ကျူရှင်တွေနဲ့ အချိန်ကုန်ခဲ့တယ်၊ သူငယ်ချင်း ငါလည်း အတူတူပါပဲကွာ၊ ငါတို့ စာမဖတ်ခဲ့ကြဘူးလေ။ ငါတို့  အပြင် ဗဟုသုတ တွေ လဲ မလေ့လာခဲ့ဘူးလေ။ သူငယ်ချင်းရေ ကုန်သွားတဲ့ အချိန်တွေကို နှမြောမိတယ်ကွာ။ ခု မှ စလုပ်လဲ နောက်မကျသေးပါဘူး။ သူငယ်ချင်းတို့ကို ပြောချင်တာက စာတွေဖတ်ပါ၊ ကိုယ့်ဘဝ အတွက် လိုအပ်တဲ့ စာတွေဖတ်ပါ၊ ကိုယ့် အတွက် လိုအပ်တဲ့စာတွေဖတ်ပါ၊ မလိုလားအပ်တဲ့ အဆိပ်ဖြစ်တဲ့ စာတွေကို မဖတ်ပါနဲ့၊ မင်းသင်ထားတဲ့ ပညာနဲ့ ဆိုင်တဲ့ စာတွေကိုလေ့လာပါ။ ဘဝအတွက် လိုအပ်တဲ့စာတွေ ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဘယ်ဝတ္ထု ထဲမှာ မှန်းမသိဘူး ဖတ်ဖူးတဲ့စာလေးရှိတယ်။ အဲ့ထဲမှာ ပါတဲ့ မင်းသားလေးက ဝတ္ထုစာအုပ်တွေဖတ်တယ်တဲ့။ သူဖတ်တဲ့ စာအုပ်ထဲမှာ ဇာတ်လိုက်မင်းသားလေးက ကောင်မလေး တစ်ယောက်ကို အရမ်းချစ်တယ်။ ကောင်မလေးက သူ့ကို ပြန်မချစ်လို့ သူ့ခမျာ ဆွေးနေရတယ်တဲ့။ သူ အဲ့ဒီ့ ဝတ္ထုကို ဖတ်ပြီး အဲ့ဇာတ်လိုက်လေးကို သနားလို့တဲ့လေ၊ ပြီးတော့ ဇာတ်လိုက်လေး ဆွေးသလို လိုက်ဆွေးသတဲ့၊ သူငယ်ချင်းရယ် အဲ့လို တွေကို မဖတ်နဲ့လို့ တားချင်ပါတယ်၊ မင်းဖတ်ချင်လဲ ဖတ်ပေါ့၊ တစ်ခါတစ်လေ စိတ်လေး အနားပေးယုံ ဖတ်ပေါ့သူငယ်ချင်းရယ်၊ အတုယူ မှားမှာတော့ဆိုးမိတယ်၊ သူငယ်ချင်း မင်း စိတ်ဓါတ်ကျနေတယ်လို့ ထင်ရယ် သူငယ်ချင်းရယ် စိတ်အားဖြည့် အဟာရ စာအုပ်တွေဖတ်ပေါ့၊ စိတ်ကို အင်အား ဖြစ်စေမယ့်စာတွေပေါ့ကွယ်။ သူငယ်ချင်း မင်းက ပညာရှင် တစ်ယောက်ဖြစ်ချင်လား? ဒါဆိုရင်တော့ မင်းပညာနဲ့ ပတ်သတ်တဲ့ စာတွေဖတ်သင့်တာပေါ့ကွယ်၊ မင်း စာတွေ ကို စဖတ်စ မှာတော့ ဘာမှ မသိလို့ စိတ်ညစ်ကောင်းညစ်မယ်၊ စိတ်ပျက်ကောင်း ပျက်မယ်၊ အားမလျှော့ နဲ့ သူငယ်ချင်း ဆက်လက် ကြိုးစားပါ၊ ကြိုးစားဖတ်ရင်း မင်းဟာ တစ်နေ့တော့ ပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်၊ ပြောရအုန်းမယ့် ဖတ်ထားတဲ့စာတွေကို အသုံးချဖို့ လိုသေးတယ်နော်၊ စာဖတ်နိုင်ပြီး ဖတ်သမျှကို အသုံးချနိုင်ပါစေ၊

7 comments

  • Shwemannmay

    May 19, 2010 at 4:06 am

    စာဖတ်တာကောင်းတယ်ဆိုပေမယ့် စာပဲဖတ်နေရင် စာဖတ်သူပဲဖြစ်သွားမှာ။ သိထားပြီးသားတွေ ကို သီအိုရီနဲ ့ပြန်တိုက်ဆိုင်စစ်ဆေးကြည့်။ အသိတွေကိုအကောင်အထည်ဖေါ် လက်တွေ ့လုပ်ကြည့်မှ ဖတ်ထားတာတွေကို အကျိူးရှိရှိပြန်အသုံးချလို ့ရမှာ

    Reply

  • banban

    May 19, 2010 at 5:13 am

    ဟုတ်ပါတယ်…. စာဖတ်နေရုံနဲ့မပီးပါဘူး… သီအိုရီတစ်ခုတည်းသိနေရုံနဲ့လည်း မရပါဘူး… ပရက်တီကယ်လေးနဲ့ပါတွဲလိုက်ပါ။

    Reply

  • Ka Yae

    May 19, 2010 at 5:16 am

    အဟား ကွန်ပျူတာကျောင်းသားတွေအတွက်ကျောင်းပြီးရင် သေချာ တဲ့အလုပ်တစ်ခုရှိ် တယ်လေ။ ကူလီထမ်းတဲ့ အလုပ်။ စာအုပ်အထူ ကြီးတွေ ကိုသယ်ရ လွန်း လို့ လေ

    Reply

  • Rain girl

    May 19, 2010 at 6:06 am

    ဟေ့ စပါယ်ရာ လည်းလုပ်လို့ရတယ်ကွ၊ အဲ့ဒါရေးဖို့ မေ့သွားလို့ ကိုယ့်လူရေ.

    Reply

  • Yin Nyine Nway

    August 19, 2010 at 10:34 am

    မှတ်တိုင်တွေ မှတ်မိနေလို့လား
    ဘယ် ဟုတ်မလဲ ဂိမ်းဆိုင်မှာ သန့်ရှင်းရေးလည်း လုပ်လို့ရတယ်
    ကျောင်းမှာ အမြဲ ကွန်ပြူတာ ဖုန်သုတ်နေရလို့

    Reply

  • မန်း ရိပ်

    September 5, 2010 at 6:33 am

    စာဖတ်ပြီး ဝေဖန်ရမယ်
    ကောင်းတာတွေကို အတုယူရမယ်

    Reply

  • ရွှေထား

    September 5, 2010 at 7:47 am

    စာဖတ်တယ်ဆိုတာ ဘယ်စာပဲဖတ်ဖတ် အကျိုးမယုတ်ဘူးလို့ ထင်တယ် … စာဖတ်ပြီးရင် ကိုယ့်ကိုယ်ကို ပြန်မေး … ဘာတွေသိလိုက်လဲ .. ဘာတွေ ဘယ်လိုနေရာ အသုံးချလို့ရမလဲ စတာလေးတွေ ပြန်တွေးရမယ် … ကိုယ့်ဘဝအသက်မွေးဝမ်းကြောင်းအတွက်တော့ ပထမဦးစားပေးရမယ်ဆိုတာလေးတော့ သိနေရမှာပေါ့လေ..

    Reply

Leave a Reply

Your email address will not be published.