အ ယောင် ဆောင်


 

ကြယ်ကြွေအကုန်ကောက်တောင် ကောင်းကင်ရောင်မပျောက်ဘူး

အိမ်မက်တွေ ပြောင်းပြန်စီးလို့ နံနက်ခင်းတွေ အိပ်ရာမထနှိင်။

 

ငါ့မနက်ဖြန်အတွက် အတ္တနဲ့မျက်နှာသစ်

မရိုးသားမှု့နဲ့ နံနက်စာရယ်

မကောင်းမှု့လတ်လတ်ဆတ်ဆတ်များ

ပတ်ဝန်းကျင်များယောင်အော်သည်။

 

နာရီမဲ့လက်တစ်ဖက်၏

အထားအသိုမတတ်မှု့အကြောင်းကို

ကြက်ဖတစ်ကောင်မှ ဝေဖန်ခြင်း။

 

ကာရန်သည် ကျွန်တော်၏မွေးစားမိခင်ဖြစ်ပြီး

တခါတခါတွင် ဥပက္ခာမဲ့မှု့များ

မနာလိုမှု့များ ပေါက်ကွဲမှု့များ

မွန်းကြပ်မှု့များ စိတ်ရူးပေါက်မှု့များသည်

ကျွန်တော်ဖြစ်၏။

 

ကျွန်တော့်အတွက် ဖိနပ်တစ်ရံသည်

ရသမဲ့ခြင်း မမဲ့ခြင်းနှင့်မဆိုင်

သင့်အတွက် အိပ်ရာခင်းရန်

သိုးရေ တစ်ချပ်ကကြိုဆိုလျှက်ရှိပြန်သည်။

ထို့အပြင်

ကျွန်ုပ်လည်းလူပီသရန်ကြိုးစားလျှက်ရှိကြောင်း…..။

Leave a Reply

Your email address will not be published.