လိင်ကိစ္စ ပညာပေးကိုမြန်မာပြည် မူလတန်းကျောင်းတွေမှာ သင်ကြားသင့်ပြီလား

လင်းဝေSeptember 26, 20111min073

သေချာတဲ့သတင်းရင်းမြစ်က ကြားရတာပါ။ လိင်ကိစ္စပညာပေး သင်ခန်းစာတွေကို မြန်မာပြည်မှာ မူလတန်းက စပြီး သင်ပေးတော့မယ်လို့ ဆိုပါတယ်။
ယူနီဆက်ဖ် အစီအစဉ်နဲ့ ပညာရေးဝန်ကြီးဌာန ပညာရေးစီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန တို့ သဘောတူလိုက်ပြီလို့ ဆိုပါတယ်။

တကယ်တော့ မြန်မာကလေးတွေကို မြန်မာမိဘတွေ ထိမ်းသိမ်းပုံနဲ့ မြန်မာမိသားစု ပုံစံတွေနဲ့မှာတော့ လိင်ကိစ္စကိုသင်မပေးသင့်သေးပါဘူး။
အနောက်နိုင်ငံတွေမှာတော့ ထိမ်းလို့မရတော့ဘူး၊ သူတို့ဆီမှာ ၆ဝခုနှစ်များက Sex Revolution ကြောင့် လိင်ကိစ္စက လူငယ်တွေကြားမှာ ပေါက်ကွဲပြီးသွားလို့
အလယ်တန်းလောက်ရောက်ရင် လက်တည့်စမ်းနေကြတာများလာလို့ သင်ပေးသင့်တာ သင်ပေးတာ မဆန်းပါဘူး။

မြန်မာပြည်မှာ ဒီလို အခြေအနေမဖြစ်သေးပဲနဲ့ ဘာလို့များ သင်ပေးဖို့လုပ်နေကြသလဲ။

ကျနော့်ကိုယ်ပိုင်အမြင်ကတော့…. ယူနီဆက်ဖ်ကလည်း အလုပ်မရှိ လျှောက်လုပ်တာလား။ ပညာရေးဌာနကလည်း ယူနီဆက်ဖ် ပိုက်ဆံလေးတွေ အစည်းအဝေးတက်ရင်
နေ့တွက်လေးတွေ ရတာနဲ့ပဲ မလွန်ဆန်ပဲ အင်းလိုက်တာထင်ပါရဲ့။
မြန်မာပြည် ယူနီဆက်ဖ် ရုံးမှာ ပညာရေးနဲ့ဆိုင်တာကို လုပ်ပေးနေတာက ဆေးဆရာဝန်ပါ။ ဒေါက်တာတင်မာအောင် ပေါ့။ သူက ကျန်းမာရေးဘက်နယ်ပယ်ကဆိုတော့
ကျောင်းတွေဖြန့်တဲ့ ယူနီဆက်ဖ် စာအုပ်တွေဆိုရင် တကိုယ်ရေသန့်ရှင်းရေးဘက် အကြောင်းအရာတွေများပါတယ်။ တကယ် ယူနီဆက်ဖ်မှာက ကလေးတွေ တွေးခေါ်မှု၊ သင်ကြားမှု ဖွံ့ဖြိုးရေးကိစ္စတွေအတွက်လည်း အစီအစဉ်တွေ လမ်းကြောင်းပေးတာတွေရှိပေမယ့် မြန်မာပြည်မှာ အကောင်အထည်ဖော်တာမတွေ့ရပါဘူး။ အခုလည်း အလုပ်မရှိ တွေ့ကရာထလုပ်နေတာ မြန်မာလူ့အဖွဲ့အစည်းရဲ့ ဟန်ချက်ကို ပျက်အောင် ဖျက်တော့မယ်လို့ထင်ပါတယ်။ တရုပ်ပြည်မှာတော့ ကန့်ကွက်လိုက်လို့ ဒီအစီအစဉ် ပျက်သွားပါတယ်တဲ့။

ပညာရေးဌာနဘက်မှာ ယူနီဆက်နဲ့ ဆက်သွယ်ဖို့ ဒုညွှန်တစ်ယောက်ခန့်ထားပါတယ်။ ဒေါ်တင်တင်ရှု တဲ့။ နာမည်ကြည့်ရင် ဘာလူမျိုးလဲ သိမှာပါ။ သူကလည်း ယူနီဆက် နဲ့ ဒေါ်လာ အလဲအလှယ် ကိစ္စ အခြား ရပေါက်ရလမ်းတွေလုပ်နေတာနဲ့ပဲ တကယ်လုပ်ရမယ့်အလုပ်ကို အာရုံမစိုက်နိုင်တော့ဘူးဖြစ်နေတယ်ထင်ပါရဲ့။

(ဘာဖြစ်လို့ နာမည်တွေထည့်ရေးသလဲဆိုတော့ အဲဒီလူတွေ အလုပ်လုပ်တာက ကိုယ်ကျိုးလောက်ပဲ ကြည့်ပြီး ကိုယ်လုပ်ချင်ရာ လျှောက်လုပ်နေသလိုဖြစ်နေလို့။ နောက်ပြီး တိတိကျကျ ပြောချင်လို့ပါ။)

အခု သင်ခန်းစားတွေမှာ လိင်စိတ်ဘယ်လို ဖြစ်လာပုံ၊ ဥပမာ လက်ကိုင်တာကနေ ဘယ်လိုဘယ်သို့ဖြစ်လာတာတွေကအစ၊ ပုံတွေပါ ပယ်ပယ်နယ်နယ် ပါတယ်ဆိုပဲ။ အစွပ်ဘယ်လိုစွပ်တာလည်းပါသတဲ့။
တစ်ခုပြောချင်တာကတော့ အစွပ်ဘယ်လိုစွပ်ရမယ် ဆိုတာ ဒီခေတ်မှာ သင်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ကျောင်းတွေမှာ သင်ခန်းစာအနေနဲ့ Life Skills ဆိုပြီး မသင်ပေးကြပါနဲ့။

ရွာထဲကသူများလည်း ဝိုင်းဝန်းဆွေးနွေးပြီး မြန်မာ ကလေးတွေကို ဒီလို သင်ပေးခြင်းဖြင့် အကျိုးထက် အပြစ်ဖြစ်နိုင်သလား။ တကယ်ပဲအကျိုးရှိနိုင်သလားဆိုတာကို အမြင်တွေ ဖလှယ်ကြပါဦး။
အခု မသင်ပေးပဲထားလို့ ဆယ်ကျော်သက် ပျက်စီးမှုက ပိုနေတာလား။ သင်ပေးလိုက်ရင် ဆယ်ကျော်သက် လက်တည့်စမ်းမှု ပိုများလာနိုင်မလား။

မှတ်ချက်။   ။ အက်ဒ်မင်မှ Poll ထည့်ထားပါသည်။ အတန်းကန့်သတ်ချက်မထားပဲ ကျောင်းတွင် ပညာပေး လုပ်သင့်မလုပ်သင့်ကိုသာရည်ရွယ်ပါသည်။

[polldaddy poll=5535130]

73 comments

  • poeaung6

    September 27, 2011 at 4:27 pm

    လုံးဝ(လုံးဝ) မသင့်ပါခင်ဗျာ ကယ်တော်မူကြပါဦး

    Reply

  • aungnng87

    September 27, 2011 at 5:27 pm

    မူလတန်းမှာလုံးဝမသင်သင့်သေးပါ။ အလယ်တန်းဆိုရင်တောင်ရတန်း၊၈တန်းလောက်မှသင့်တော်ပါသည်။

    Reply

  • moemakha

    September 27, 2011 at 5:45 pm

    သူတို့ဆီမှာ အစစ အရာရာအဆင်ပြေတော့ ရတယ်
    ကျနော်တို့ဆီမှာတော့ တခုခု ဖြစ်ရင် ကလေးတွေအတွက်
    တော်တော်ကြီး ရင်လေးရတယ်
    တော်ကြပါ။ ထပ်ပြီး မဖွကြပါနဲ့တော့.

    Reply

  • windtalker

    September 27, 2011 at 5:53 pm

    တစ်ကယ်လို ့
    အခု အကြောင်းသာ အမှန်တစ်ကယ်
    အကောင်အထည်ပေါ်လာခဲ့မယ် ဆိုရင်
    သားရှင်တွေ ကတော့
    လက်ခမောင်း ထခတ်ပေလိမ့်မယ်
    မလွဲဧကန်
    “ ဟင်း..ငါ့သားနဲ ့များ နေရာချင်း လဲလို ့ရ ၊ လဲလိုက်ချင်ရဲ ့
    ငါတို ့တုန်းကများ နှုးရခက် ၊ ပြောရခက် ခဲ့တာ
    င့ါ သားလေး ကတော့ ၊ ငယ်ငယ်ရွယ်ရွယ် နဲ ့
    ပန်းဦးပန် ရတော့မှာပါကလား … ”
    သမီးရှင်တွေ ကတော့
    အဲဒီ ပညာပေး အစီအစဉ်ရှိတဲ့ ကျောင်းမှန်သမျှ
    အပ်ဖို ့လက်တွန် ့ကျောချမ်း နေမှာ အမှန်ပဲ
    “ အို…သမီးက အခု မှ ရ တန်း ရှိသေးတယ်
    ဒါတွေ သင်လိုက်ပြီးမှ ၊
    အို..မတွေးရဲတော့ ပါဘူး ၊ အဲဒီကျောင်း မထားတာပဲ ကောင်းပါတယ် ”

    Reply

  • naywoonni

    September 27, 2011 at 9:04 pm

    သူ့ဟာသူ အဆော့နဲ့ အကစားမက်တဲ့ကလေးတွေ လက်တို့ သတိပေးလိုက်သလိုလဲဖြစ်နေဦးမယ်နော်

    Reply

  • အာရက္ခ မြေသား

    September 27, 2011 at 9:25 pm

    မြန်မာ့ယဉ်ကျေးမှုနဲ ့ဆီလျော်ပေါ့မလား။စဉ်းစားကြည့်စေလိုပါတယ်။မဖြစ်သင့်သေးဘူး။

    Reply

  • ET

    September 27, 2011 at 9:27 pm

    ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ကျနေ်ာဖျာပုံမြို့ဘက်မှာတာဝန်ကျတုန်းက
    အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တယ်
    အဲ့ဒီကိစ္စကိုလည်း ဆောင်းပါးတစ်ခုအဖြစ်ရေးသားခဲ့ဘူးတယ်
    အချိန်ကာလ တစ်နှစ်ရှိပြီဆိုတော့ ပြန်လည်မဖော်ပြတော့ပါဘူး
    ကျနေ်ာအနေနဲ့ အမြင်ကို Vote ထည့်ပေးခဲ့ပါတယ်

    ခင်မင်စွာဖြင့်

    Reply

  • yokesoe

    September 27, 2011 at 9:46 pm

    အဟာရလဲ ချွတ်ချုံကျ ၊ ပညာရေးကလဲ စုတ်ပြတ်နေ ၊ လိင်ရေးလိင်ရာ အဖြာဖြာကလဲ ပညာပေးရန်လို၊
    ဆိုးပါ့ ဆိုးလိုက်တဲ့ အဖြစ် ကျူပ်ထက်တောင် ဆိုးနေပါ့လား ။

    Reply

  • nature

    September 27, 2011 at 11:22 pm

    အိမ်ထောင်ပြုခါနီး အရွယ်မှသာ ပညာပေးသင့်တယ်လို့ ထင်ပါတယ်။

    Reply

  • ဗမာပြည်သား

    September 28, 2011 at 12:35 am

    အခုခေတ်ကလေးတွေကို လိင်ဆက်ဆံရေးမတတ်မှာ
    တော်တော်စိုးရိမ်နေကြပုံပဲ။
    သင်စရာမလိုပဲတတ်တာ အဲဒီပညာပေါ့။
    ၂တန်း၃တန်းမှာအားလုံးသိ
    ၆တန်းရတန်းမှာပါရဂူတွေပါမေက္ခတွေဖြစ်နေပြီ။
    “ယနေ့ခေတ်မှာအနာဂတ်မျိုးဆက်သစ်တွေကိုဘာတွေသင်ပေးနေကြတာတုန်း”
    “ပညာရေးစံညွန်း =ဘဝရပ်တည်နိုင်တဲ့ပညာရေး လား ? ”
    “အသက်မွေးဝမ်းကြောင်းနှိုင်တဲ့ အတတ်ပညာမျိုးလား? ”
    “အရေးမကြီးတဲ့ဘာသာရပ်တွေကိုလျှော့ပြီး ”
    ၁။ဘာသာရေးပညာ-အသိပညာပေးပညာ
    ၂။စီးပွားရေးပညာ-စီးပွားရှာနည်း-ရောင်းရေးဝယ်တာ
    ၃။အတတ်ပညာ-တီထွင်ထုတ်လုပ်မှု့ -စားသောက်ကုန်+လူသုံးကုန်+ဆောက်လုပ်ရေး
    ၄။လူမူရေးပညာ-လူမူဆက်ဆံရေး-သာယာချမ်းမြေ့သောလူနေမူ့ဘဝ
    ၅။ကျန်းမာရေးပညာ-ကျန်းမာရေးနဲ့အညီ-စားသောက်နေထိုင်+ကာကွယ်+ကုသ
    ဆိုတဲ့အချက်(၅)ချက်ပါတဲ့ပညာရေးကိုထည့်သွင်းသင်ကြားမယ်ဆိုရင်
    ဘွဲ့ရပညာတတ်-ထမင်းချက်
    ဘွဲ့ရ-ဆိုက်ကားနင်း
    ဘွဲ့ရ-အလုပ်လက်မဲ့တွေကင်းဝေးပြီး
    ကျောင်းတက်နေစဉ်နဲ့ ကျောင်းကထွက်လိုက်တဲ့အချိန်စာသင်ချိန်ပြီးဆုံးတဲ့
    အချိန်မှာ သာယာလှပတဲ့ဘဝတခုကိုဖန်တီးနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။
    ဗမာပြည်သား

    Reply

  • zaymdy says:သို့ ။။။ ခင်ဗျားပြောတာ လမ်းမလွဲဘူး။ ဒက်ထိကိုမှန်တာ။
    Tony says: သို့ ။။။။ ဘာမှအတည်မပြုသေးခင် ဒီထဲမှာ ဝိုင်းအော်ထားသင့်တယ်ဗျ။ ဒါမှ မဖြစ်သင့်တာ မဖြစ်မှာ။ မန်းဂေဇက်ဟာ အတိုင်းအတာ တစ်ခုအထိ ဩဇာငြောင်းပါတယ်။
    yokesoe says: သို့ ။။။ ကိုရုပ်ဆိုး ပြောတာ မှန်လိုက်လေ။ မြန်မာပြည် တောနယ်က ဗိုက်ပူနံကား ကလေးတွေအတွက် တစ်နှစ် ၂ကြိမ် သံချဆေး အရင်ဝေပါလား။ တစ်လ တစ်လုံး အားဆေး အရင်ဝေပါလား။

    Reply

  • nature

    September 28, 2011 at 7:20 am

    ကျွန်တော်မြင်တာကတော့ တကယ်သင်ပေးသင့်တာကတော့ လိမ္မာယဉ်ကျေးအောင် ဗုဒ္ဓရဲ့တရားတော်တွေပါ။ သီလကိုလုံအောင်ထိမ်းသင့်ပုံ ဒါနအကျိုးတွေ လူ့ကျင့်ဝတ်တွေကို ယုံကြည်လေးစား လိုက်နာနိုင်အောင် သင်ပေးသင့်ပါတယ်။ ကြိုးစားဖို့ ရိုးသားဖို့ သစ္စာရှိဖို့ ယိုင်းပင်ကူညီတတ်ဖို့ ဒါတွေကိုသင်ပေးသင့်ပါတယ်။
    sex ကိစ္စကို သူငယ်တန်းထဲက သင်ပေးလိုက်ရင် ဒန့်ကျွဲပင် ပုခက်လွှဲတဲခေတ်ကို ချက်ခြင်းတောင် ရောက်သွားမလားပဲ။ sex ကိစ္စကို သင်ပေးမယ်မလုပ်ပါနဲ့။ ဗဟုသုတပေးမယ်လုပ်ပါ။ ဒီကိစ္စတွေဟာ အင်မတန်စွဲလမ်းပြီး ဖြတ်ဖို့ခက်ပါတယ်။ ဘိန်းလိုမျိုး မစမ်းကြည့်ကြဖို့ မသင်ပေးတာ ကောင်းပါတယ်။ ဒီ ဗဟုသုတတွေရှိရင်စမ်းကြည့်ကြမယ့် သူတွေ အများကြီးရှိလာမှာပါ။ နိုင်ငံခြားမှာဆို ၁၈ နှစ်ဆို အပျိုမရှိတော့ ပါလို့ပြောစမှတ်ပြုနေကြပါတယ်။. အရွယ်ရောက်လို့ အိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ ဒီဗဟုသုတဟာ ရှိသင့်ပါတယ်။ အဲဒီအချိန်မှာ စိတ်ဝင်စားတဲ့သူတွေလိုအပ်သူတွေသူ့ဟာသူ လေ့လာနို်င်အောင် website တခုထောင်ထားပေးရင်လုံလောက်မယ်ထင်ပါတယ်။

    Reply

  • လင်းဝေကျော်

    September 28, 2011 at 10:45 am

    တရားမျှတမှုကို မြတ်နိုးသူ ( ရှာရင်းရှုံးနေတာလို့ မပြောချင်ပါဘူး ) ရေ ခင်ဗျားပြောတာမှန်ပါတယ်။ zaymdy ပြောသလို လူငယ်အများစု အထက်တန်းကျောင်းသား အများစုအတွက် အခြား စိတ်ဝင်စားစရာတွေ ဖန်တီးပေးသင့်ပါတယ်။ လိင်စိတ်ဆိုတာတော့ မွေးကတည်းက လူမှာပါပေမယ့် ဒါကို ဘယ်အရွယ်မှာဖြစ်ဖြစ် အလိုမလိုက်သင့်သလို ငယ်တုန်းမှာတော့ ဖွင့်ထုတ်ပစ်လိုက်ဖို့ကိုလည်း အားမပေးသင့်ပါဘူး။ ဖွင့်ထုတ်ပေးမိသလိုဖြစ်သွားမှာမျိုးကိုလည်း ကိုယ့်လူ့အဖွဲ့အစည်းမှာ ရှောင်နိုင်သေးရင် ရှောင်ကြစေချင်လို့ ဒီပို့စ်ကို တင်တာပါ။ မြန်မာလူ့အဖွဲ့အစည်းမှာ ဒီကိစ္စနဲ့ ပတ်သတ်လို့ အနောက်တိုင်းနဲ့ မတူသော ကမာ္ဘနဲ့မတူသော ကိုယ်ပိုင်ဟန် ရှိတယ်လို့ထင်ပါတယ်။
    ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ၊ လိင်ကိစ္စမှာ ရင့်ကျက်မှု မရှိသူတွေလည်း ရှိနေမှာပါပဲ။ ဒီလိုလူတွေ လျော့နည်းအောင် ကြိုးစားဖို့လိုတာလား၊ လိင်ကိစ္စကို ဖွင့်ထုတ်ပြီး သင်ပေးရမှာလား(ဒီအကြောင်းကို ငယ်တုန်းမှာ မကြောက်တတ်ရင်၊ အကျယ်ချဲ့ပြီး စဉ်းစားမိရင် အကျယ်ချဲ့မိသွားရော၊ အကျယ်ချဲ့မိတော့ ဘာတွေဆက်ရှုပ်မလဲ သိကြတဲ့အတိုင်းပဲ) စဉ်းစားဖို့ပြောချင်တာပါ။

    Reply

  • kai

    September 28, 2011 at 3:05 pm

    သင်သင့်သည်။ 49.01% (149 votes)
    မသင်ကြားသင့်။ 47.37% (144 votes)
    မသေချာ။ 3.62% (11 votes)

    Total Votes: 304

    ၂ရက်တာကောက်ခံထားချက်အရ.. အထက်ပါစာရင်းအတိုင်း ကောက်ခံရရှိပါသည်။

    Reply

  • လင်းဝေကျော်

    September 28, 2011 at 3:26 pm

    မဲက သိပ်မကွဲဘူး။
    သင်သင့်သည် ဆိုတဲ့ အထဲမှာမှ ဘယ်အရွယ် ဘယ်အတန်းကို ဘယ်လိုသင်သင့်တယ် ဆိုတာ ထပ်ခွဲရဦးမှာပဲ။

    Reply

  • kai

    September 28, 2011 at 3:39 pm

    မေးတုံးကတော့ ..အောက်ကအတိုင်းရေးထားတာပဲ..။

    မှတ်ချက်။ ။ အက်ဒ်မင်မှ Poll ထည့်ထားပါသည်။ အတန်းကန့်သတ်ချက်မထားပဲ ကျောင်းတွင် ပညာပေး လုပ်သင့်မလုပ်သင့်ကိုသာရည်ရွယ်ပါသည်။

    အတန်းအသက်..ပိုင်းခြားတာက.. အဲဒီကိစ္စနဲ့ပါတ်သက်တဲ့.. ပရိုဖက်ရှင်နယ်တွေကလုပ်ရမယ်လို့ယူဆတာမို့.. ပါ့ဗလစ်ကိုတော့.. ဂျန်နရယ်ကျကျ ကောက်လိုက်တာပါပဲ..။
    ရွာသားတွေ သိပ်မရှင်းဘူးဖြစ်သွားဟန်တော့ တူတယ်..။

    Reply

  • chatsu

    September 28, 2011 at 5:32 pm

    ဗုဒ ရဲ့တရားတော်တွေကပြီးပြည့်စုံ ဆုံးပါ။အဲဒါတွေကိုအရင်စသင့်တာပါ။လူအဖွဲ့အစည်းဘောင်ကျော်သွားတယ်လို့ထင်တယ်

    Reply

  • ba gyi

    September 28, 2011 at 5:47 pm

    သည်ကိစကသဘာဝပေါ်အခြေခံတဲ့ကိစပါပဲ၊ တစ်ခါတစ်ရံမှာ လူ့သဘာဝက- မလုပ်နဲ့ဆိုရင်ဘယ်ဘက်နားကမလုပ်နဲ့ဆိုတာကြားပြီး၊ညာဘက်နားကလုပ်လို့တောင်းဆိုနေတာမျိုးတွေဖြစ်
    တတ်တယ်၊ ဒါအရွယ်နဲ့လည်းဆိုင်တယ်၊ ငယ်ပေမည့် IQဲမြင့်တဲ့ကလေးတွေခုခေတ်မှာ အများ ကြီးရှိ ်သလို၊ကြီးပြီးနိမ့်တာတွေလည်းရှိတယ်၊သင်ကြားတယ်ဆိုရာမှာသင်ရိုးညွှန်းတမ်းတစ်ခုတည်းကိုပဲရှင်းအောင်
    ်သင်တတ်သူ၊ ချာလပတ်ရမ်းပြီးသင်တဲ့သူ၊ ဆန့်ကျင်ဘက်ကျော်တွေးအောင်သင်တတ်သူ ူဆိုပြီးရှိ ကြ တယ်၊ အထူးသဖြင့်ကျုပ်တို့မြန်မာပြည် ပညာရေးလောကမှ ဆရာ/ဆရာမတွေရဲ့ IQ ကို တစ်ယောက် ချင်း အရင် ်စစ်သင့်တယ်၊ Teaching ပိုင်းတွေကိုအရင်စစ်သင့်တယ်၊ ခံယူချက်တွေကိုအရင်စစ်သင့်တယ် (အကြံပြုတာပါ)။တစ်ကယ်တော့ Nature says ပြောသလို ကျုပ်တို့ဆီမှာမိရိုးဖလာကပေးတဲ့ နူးညံ့သိမ် မွှေ့ပြီးအရှက်/တရားမကောင်းမှုကို ကြောက်တတ်စေတဲ့ ဘာသာတရား ဆိုတာရှိပြီးသားပါ။ ဒါပေမည့်အဲ သည်တရားကိုလူတွေမျက်ကွယ်ပြုနေကြတယ်။ဒါတွေလိုက်နာရင်စိုးရိမ်စရာတွေကင်းဝေးမှာပါ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 28, 2011 at 6:19 pm

    သဂျီးမင်း မိန့်ကြားသလိုပါဘဲ
    ပို့စ်မှာကတော့ မူလတန်းလို့မူတည်ထားတယ်
    သဂျီးမင်းက ကျောင်းလို့ဆိုလိုက်တော့
    ရွာလည်ကုန်တာပါဘဲ
    အခြားတိုးတက်တဲ့နိုင်ငံတွေအနေနဲ့တော့မသိပါဘူး
    ကျွန်တော်မျိုးကြီးတို့ ရဲ့
    ဘာသာရေးယောင်ယောင် ယဉ်ကျေးမှု့ယောင်ယောင် လွပ်လပ်ခွင့်ယောင်ယောင်
    လွပ်တော်ထည်းမှာပြောခွင့်ရမယ့်ယောင်ယောင်
    အကျဉ်းသားတွေလွှတ်ပေးမယ့်ယောင်ယောင် လျှပ်စစ်မီးတွေထိန်ထိန်ညီးမယ့်ယောင်ယောင်
    ယောင်တောင်ပေါင်တောင် နိုင်ငံကြီးမှာတော့
    မူလတန်းလောက်မှာ ဒီအကြောင်းတွေကို သင်ကြားတာဟာ မသင့်တော်ဘူးလို့ထင်ပါတယ်
    လိင်နှင့်ပတ်သက်တဲ့ရောဂါသည်တွေအကြောင်းပြောပြတာတွေကနေ ချဉ်းကပ်သင့်ပါတယ်
    ဥပမာ ရောဂါသည်တွေရဲ့ဝေဒနာခံစားနေရပုံတွေ ဘာညာသာရကာတွေပါ
    ဒီလိုဖြစ်တာဘာ့ကြောင့် မကောင်းတာလုပ်ရင်ဒီလိုဖြစ်မယ် ဘာညာပေါ့
    အလယ်တန်းလောက်ရောက်ရင်တော့ သင်ကြားသင့်ပြီထင်ပါတယ်
    ကျွန်တော်မျိုးကြီး ငယ်ငယ်တုန်းကစာအုပ်တစ်အုပ်ဖတ်ဘူးတယ်
    ဒေါက်တာ နေဝင်းအုန်းကျော် ရဲ့ လက်တွေ့အသုံးချဖိုမသဘာဝ ဆိုတဲ့စာအုပ်ပါ
    အဲ့သည်အထည်းမှာ သိသင့်သိထိုက်တာတွေသိလိုက်ရတာပေါ့ဗျာ
    သိလွန်းသွားလို့ နွားနို့တစ်ခွက်သောက်ဘို့ နွားမတစ်ကောင်လုံးကို
    ဒုက္ခခံပြီးမမွေးတော့တာဒီနေ့ထိဘဲ 😀
    အကောင်းဆုံးကတော့ ပညာရှင်တွေသုတေသနပြုထားတဲ့
    စာအုပ်ကောင်းကောင်းလေးတွေဖြန့်ဝေပေးနိုင်မှုလည်းအရေးကြီးမယ်ထင်တာဘဲ
    ပထမသိသင့်တာကတော့ ဒီကိစ္စဟာ မှားယွင်းရင် ရောဂါဘယတွေဖြစ်တတ်တာ
    ဒုတိယကတော့ မလိုအပ်ဘဲဗိုက်ပူတတ်တယ်
    တတိယမှာတော့ ကျယ်ကျယ်ပြန့်ပြန့်မီးကုန်ရမ်းကုန်ပေါ့ဗျာ
    ဒါတွေကတော့ သူတို့ကကိုယ့်ထက်နားလည်မှာပါ
    သဘာဝတရားပါ ဘယ်သူမှ တားဆီးလို့မရပါဘူး
    နည်းလမ်းမှန်ဘို့တော့လိုတာပေါ့နော
    ဒါပေမယ့် နှုတ်ခမ်းနီဆိုးထားတဲ့ စစ်ဘီလူးတွေလက်ထည်းမှာ
    အဆင့်တွေကျော်ပြီး ဟိုလိုဖြစ်သင့်ပါတယ် ဒီလိုဖြစ်သင့်ပါတယ် ဆိုပြီး
    သဂျီးစောက်ရူးထတိုင်း ခင်ဗျားတို့စောက်ရူးနေကြတာကတော့ သိပ်ဝမ်းနည်းစရာကောင်းတယ်
    ကျုပ်တို့တစ်ကယ်လုပ်ရမှာက
    ( စစ်မှန်တဲ့ အစိုးရဆိုတာရရှိရေးဘဲ )
    ခုခင်ဗျားတို့ပြောနေတဲ့ ထိပ်ပြောင်ကို တစ်ကယ်အစိုးရလို့ခင်ဗျားတို့ထင်နေသလား
    ပိုက်ဆံမပေးရတဲ့ ထင်မြင်ချက်ကလေးကိုတောင် မှန်အောင်မထင်တတ်တဲ့
    ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြပါ
    စစ်မှန်တဲ့အစိုးရလက်ထက်ကြမှ ခင်ဗျားတို့ပြောတာတွေကိုကျုပ်ထောက်ခံတော့မယ်
    လောလောဆယ်တော့ ခင်ဗျားတို့ဟာက အခုနေဒေါ်လာ ဘီလျှံတစ်ထောင်လောက်ရှိရင်
    အုန်းထမင်းချက်နဲ့ကြက်သားချက်စားဘလိုက်မယ်ဆိုသလိုဖြစ်နေတယ်
    ပိုက်ဆံကိုရှာလိုက်ပါဦး
    ပြောရရင်တော့အများကြီးပေါ့ဗျာ
    ဘာရယ်တော့မဟုတ်ပါဘူး နည်းနည်းမှန်နေလို့ပါ
    ဒီနေ့ကျုပ်သောက်တဲ့အရက် .. စစ်ပုံရဒယ်

    Reply

  • yokesoe

    September 28, 2011 at 7:02 pm

    ကိုမိုုက်ကယ်ရေဗျာ ကျနော် တို့ ကိုမိုက်ကယ်တိုု့ တစ်သက် စစ်မှန်တဲ့ အစိုးရ မှီပါတော့မလား၊
    ရင်းရင်းနှီးနှီး ဝင်ပီးဆွေးနွေးတာပါ၊ ဒီတော့ မရမခြင်း အောင့်ထားလို့မရဘူး ဖြစ်နေတယ်၊
    ပြောချင်တာလေးတွေကို ပြောပါရစေဗျား ၊
    စစ်မှန်တာမရတော့လဲ ဆိုးတာပဲ၊ ပြောခွင့်မရ ဖစ်တာလဲ ဆိုးတာပါပဲ ၊ ဆိုးပါ့ ။ 🙄

    Reply

  • padonmar

    September 28, 2011 at 8:32 pm

    ၁ဝနှစ်လောက်မှာ စသင်သင့်ပါတယ်။
    အခု ကလေးတွေရဲ့ အရွယ်ရောက်ချိန် Pubertyဟာ အရင် Decade တွေထက် စောလာပါတယ်၊
    မိန်းကလေးတွေရဲ့ Menarche ခေါ် ရာသီစလာချိန် ဟာ ၁ဝ နှစ်တန်းလောက်ဖြစ်နေပါပြီ၊
    ၁၄နှစ်သမီးလေးတွေ နားမလည်ဘဲ ကိုယ်ဝန်ရလို့ အိမ်ထောင်ပြုလိုက်ရတာလည်းတွေ့နေရပါတယ်၊

    Reply

    • nature

      September 30, 2011 at 9:01 am

      အလုပ်ကြီးတခုလုပ်မယ်ဆို ယေဘူယ အခြေအနေတွေကို ကြည့်ပြီးမှ ဆုံးဖြတ်သင့်ပါသည်။ တခါတရံထူးခြားတဲ့ အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်လို့မရပါ။

      Reply

  • ဆူး

    September 28, 2011 at 9:12 pm

    Votes လာပေးသွားသည်။

    Reply

  • rocket

    September 28, 2011 at 10:07 pm

    လိင်ပညာ မပေးစေချင်ဘူး
    မပေးရင် လဲ မဖြစ်တော့ဘူး
    လိင်အတတ်ပညာ မှာ ၁ဝ နှစ်သားအချို့ ဂုရု ဖြစ်နေကြပါပီ ။

    Reply

  • ba gyi

    September 29, 2011 at 2:50 pm

    ကဲ —ba gyi တစ်ယောက်တော့ မနေ့ကရေးလက်စတန်းလန်းကိုသည်ကနေ့ဆက်ရေးခွင့်ပြုပါအုန်း၊
    ကြားမှာ လျှပ်စစ်မီးပြတ်သွား- ပြန်လာတော့ရုံးဆင်းချိန်၊ အဲဒါပါပဲ တိုင်းပြည်အတွက်ကလေးတွေေ့ရှရေး ဆွေးနွေးပြီဆိုမီးကပျက်၊ ဓါတ်အားတွေလျှံလို့ လန်ထွက် သွားတာ လားမသိနော်- ကဝိကျော်တို့သာ တွေးကြည့် ပါတော့။
    အဲ-အဲ လိုင်းချော်တော့မလို့ — အဲသည်တော့ မူလတန်းနဲ့ အလယ်တန်း (၇)တန်းလောက်အထိကို ယဉ် ကျေးလိမ်မာဗုဒ်ဓစာတွေကိုကလေးတွေနား ဝင်အောင်သင်ကြားသင့်တယ်၊ အိနိယနိုင်ငံတက် ကသိုလ် တစ်ခု မှာ တောင်စာသင်သားတွေ စိတ်ဓါတ်ရင့်ကျက်တည်ငြိမ်ပြီးဆုံဖြတ်မှုပိုင်း မှာစိတ် ကြည် ကြည် လင် လင်ရှိ တတ်ပြီးမှန်မှန်ကန်ကန်ဆုံးဖြတ်တ် အောင်၊ကျန်းမာရေးအတွက်ပါရည်ရွယ်ပြီး၊ ယော ဂဘာသာ ရပ်ကို လေ့ကျင့်မှုဘာသာရပ်ပြဌာန်းတယ်လို့ဖတ်ဖူးတယ်၊ အရေးကြီးတာကျုပ်တို့ကလေးတွေ အတွက် စာသင်ရုံမဟုတ်ပဲ စိတ်သင်ဘို့လိုတယ်၊အဲ (8)တန်းလောက်ကစပြီးလိင်ပညာပေးေ တွကို ကြောက် စရာရောဂါတွေအကြောင်းမှစပြီးအဲဒါတွေ မဖြစ် အောင် ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို ကိုယ့်ကို ယ် ကိုထိမ်းသိမ်းရမယ်၊ဆိုတဲ့ဗဟုသုတတွေပေးသင့်ပါတယ်၊အဲသည်အရွယ်မှာထိမ်းသိမ်းရခက်တဲ့စိတ်က စား မှုစပြင်းထန်တဲ့အရွယ်စတာပါပဲ၊ ကိုးရီးယားကားတွေ၊ တရုတ်ကားတွေငယ်စဉ်ကတည်းကကြည့်ပြီးစိတ် ကူးယာဉ်လာသမျှ၊ အဲသည်အရွယ်မှာလက်တွေ့စဘို့ပြင်တော့တာပါပဲ— အရေးကြီးတာ ဘာသာ တရားကိုတော့တောက်လျှောက်လက်လွှတ်လို့မဖြစ်ပါ၊ ဒါ ဆရာ / မိဘနှစ်ဘက်စလုံး မှာတာဝန်ရှိ တယ်။ သည်ထက်အရေးတယူဆောင်ရွက်ချင်ရင်တော့- မူလတန်းမှစပြီး အလယ်တန်း၊အထက်တန်း ၊တက်ကသိုလ် အထိ (A,B,C နှင့်ကာလသားရောဂါရှိ/မရှိ အခမဲ့စစ်ဆေးပေးတဲ့စီမံချက်ကို အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အဖြစ်) အစိုးရမှ ဆောင်ရွက်ပေးသင့်တယ်၊ ရောဂါမရှိသူကို မရှိတဲ့လက်မှတ်ထုတ်ပေးပြီး၊ ရှိတဲ့ကလေးတွေကိုလည်းမိဘနှင့်တိုင်ပင်၊ အားမငယ်အောင်နှစ်သိမ့် ပညာပေး၊ ပျောက်အောင်ဆေးကုသမှုခံယူစေကာ၊ ပျောက်သွားပြီဆိုလျှင် ရောဂါ ကင်းကြောင်း ကဒ်ပြား/ လက် မှတ်ထုတ်ပေးသင့်တယ်၊ အဲသည်တော့ ကလေးတွေမှာရောဂါတွေ့ပြီဆိုတာနဲ့ သူ့မိဘ၊ ပါတ်ဝန်းကျင်စစ်ရတော့မယ်၊ သည်လိုဆိုရင်ကလေးတွေမှာမဖြစ်စေအောင်မိဘတွေ လည်းအလိုလို ိုဆင်ခြင်လာကြလိပ်မယ်၊ အဲသည်တော့ အရွယ်ရောက်လို့ ရည်းစားထားပြီ၊ ထားတော့မယ်ဆိုရင်ဆေး လက်မှတ်အပြန်အလှန်ပြပြီးမှလက်ခံတဲ့ခေတ်ရောက်လာမှာပါပဲ၊ ဒါကိုလည်းမီဒီယာတွေက တိုက်တွန်း နေရမယ်၊ နိုင်ငံခြားသားတွေ ကျုပ်တို့နိုင်ငံထဲလာချင်ရင်၊ ဆေးစစ်ချက်ပါရမယ်၊ ကျုပ်တို့လေယာဉ်ကွင်း ရောက်တာနဲ့တန်းပြီးဆေးထပ်စစ်ရမယ်၊ ok မှဝင်ခွင့်ပေးမယ်၊ အဲသည်တော့အဲသည်မှာနိုင်ငံခြားသား တွေထံမှ ဆေးစစ်ခယူပေါ့ တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ပါပဲ။ ကျုုပ်အကြံပြုတာပါ ကျေးဇူးတင် ပါတယ် ။

    Reply

  • Hinata

    September 30, 2011 at 11:40 am

    မူလတန်းဆိုရင်တော.သိပ်ငယ်လွန်းပါတယ်။ အထက်တန်းနဲ.တက္ကသိုလ်အဆင်.ကိုတော.ပေးသင့်တယ်လို.ထင်ပါတယ်။

    Reply

  • char too lan

    September 30, 2011 at 3:50 pm

    တကယ်ဖြစ်သွားမယ်ဆိုရင်တော့
    ကျနော်ကပုတ်သင်ညို ကုမ္ပဏီထောင်မယ်
    စက်မှုဇုံထဲ မြေကွက်သွားကြည့်လိုက်အုံးမယ်ဗျာ ……………
    စိတ်ပျက်ဒယ် 🙄

    Reply

  • burmerak

    September 30, 2011 at 4:20 pm

    မိဘတွေကိုအရင် ထိန်းသိမ်းပြုပြင်ရေးသင်တန်းပေးရင်ကောင်းမလား
    သူတို ့ပြောသလိုပဲလုပ်တာကောင်းမလားပဲ
    သိတော့ပါဘူး

    Reply

Leave a Reply

Your email address will not be published.