ကိုယ့်နဲ့မတူရန်သူပဲဆိုရင်

Ordinary ManSeptember 26, 20111min07

လူသားသန်းပေါင်း ၇၀၀ဝ နီးနေပြီတဲ့။ နိုင်ငံ အချင်းချင်းယူဆတွေးခေါ်မှု တူညီလိုု့ မရနိုူင်ဘူး။ ဘာဖြစ်လို့လဲ။ ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်ချင်းကမတူ။ စနစ်ချင်းကကွဲပြား။

ဒါဆိုရင် နိုင်ငံထဲမှာရှိကြတဲ့ မြို့တွေရော မတူနိုင်ဘူး။ ဒါဆိုရင် မြို့တွေထဲမှာရှိတဲ့ အိမ်ထောင်စုတွေရော အယူအဆ မတူညီနိုင်ကြဘူး။ အိမ်ထောင်စုတွေမှာရှိတဲ့ အိမ်ထောင်စုဝင်တွေရော မတူညီနိုင်ကြဘူး။ ဒါကသဘာဝဘဲ။ သိပ်ချစ်လှပါတယ်ဆိုတဲ့ ချစ်သူတွေ လင်မယားတွေ ဘယ်သူဆိုဘယ်သူမှ မတူညီနိုင်ဘူး။ ကုန်ကုန်ပြောကြစို့။ ကိုယ့်အယူအဆတောင် တစ်ချိန်နဲ့ တစ်ချိန်နဲ့ မတူနိုင်သေးတာ ဆိုရင် လောကမှာ ကိုယ်နဲ့မတူသူတွေက အားလုံးလို့ဘဲဆိုကြပါစို့။ ဒါဆိုအားလုံး ရန်သူတွေ ဖြစ်ရတော့မှာလား။

လူတွေကလည်းအဲဒီလိုပဲသဘောထားကြတာပဲ။ ဒါပေမယ့် မပေါင်းလို့လဲ မရတာဆိုတော့ ဒီထဲကပဲ ကိုယ်နဲ့နည်းနည်းတူတယ် ထင်ရတဲ့သူနဲ့ပေါင်း လုံးဝပေါင်းမရတော့ ခွာပြဲ နောက်တစ်ယောက် ပေါင်းလို့ရတန်ကောင်းရဲ့ဆိုပြီး စိုးရိမ်စိတ်နဲ့ပေါင်း လုံးဝပေါင်းမရပြန်တော့ကွဲပြန်။ ဒီလိုနဲ့ပဲလူတွေက လူတွေနဲ့ပေါင်းရမှာက ကြောက်ကြောက်လာကြပြီး အချို့ဆို လောကကြီကနေ ထွက်ပြေးရတဲ့အဆင့်ထိဖြစ်နေတာတွေကို ဝမ်းနည်းဖွယ်တွေနေရတယ်။

ဒီအဖြစ်ဆိုးကြီကလွတ်အောင် မတူသူတွေကို ရန်သူလို့လည်း လုပ်နေကြပါနဲ့။ တူအောင်လည်း ညှိမနေကြပါနဲ့။ ဘာလုပ်ကြမလဲ။

လက်တွဲကြပါ။ တူညီတဲ့အပိုင်းတွေနဲ့လက်တွဲရမှာပေါ့ ။

အဲဒီတော့ ကိုယ်ယူတဲ့အယူအဆကိုပဲအမှန်လို့ မလုပ်ကြပါတော့စို့နဲ့။ သူ့ဘက်ကနေလည်း မြင်ပေးကြပေါ့။ ဘာကြောင့်ဒီလိုယူဆရတာလဲ။ ဒီအယူလေးဆိုရင်ကော ဘယ်လိုမြင်သလဲ။ ဘာဖြစ်လို့လည်းဆိုရင်တော့ ကျနော်တို့နေထိုင်တဲ့လောကကြီးမှာ ရန်သူတွေများပြီး မငြိမ်းချမ်းတဲံ့လောကကြီး ဖြစ်သွားမ၊ှာစိုးလို့ပါ။

 

7 comments

  • “ဘီလူးကြီး”ogre

    September 26, 2011 at 7:39 pm

    အသက်ဂုဏ်ဝါဖြင့် ကြီးခဲ့ပါက တောင်းပန်အပ်ပါတယ် အနည်းငယ်ပြောပရစေ……..
    မတူတိုင်းရန်သူလို့ မယူဆနိုင်ပါဘူး
    ကိုယ့်ကိုခန္တာမှာရှိတဲ့ လက်ဖမိုးနဲ့ လက်ဖဝါးတောင် နီးနီးလေးကပ်နေပါရက်နဲ့
    တစ်ဖက်က လက်သည်းခွံပါပြီး တစ်ဖက်က လက်သည်းခွံမပါပဲ ကွဲပြားနေသော်လည်း
    အဲဒီဆန့်ကျင်ဖက်နှစ်ခုပြဿနာမရှိဘဲ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အားပြု နေနိုင်ကြပါသေးတယ်
    အယူအဆခြင်းကွဲပြားနိုင်ပါတယ် /ခံယူချက်ခြင်းကွဲပြားနိုင်ပါတယ်/ရည်မှန်းချက်ခြင်းကွဲပြားနိုင်ပါတယ်
    တစ်နိုင်ငံခြင်းစီက ထုတ်ပြန်ထားတဲ့ ဥပဒေတွေကွဲပြားနိုင်ပါတယ်
    ဒါပေမယ် ဒီနိုင်ငံရောက်ရင်တော့ဒီဥပဒေကိုလိုက်နာရမှာပဲ ..ဟိုနိုင်ငံရောက်ရင်လဲ ဟိုကဥပဒေကိုလိုက်နာရမှာပါ
    ငါကဒီနိုင်ငံသားမို့ ဟိုနိုင်ငံမှာနေတုန် ကိုယ့်နိုင်ငံက အပြစ်မဟုတ်တဲ့ဥပဒေကို ဒီနိုင်ငံက အပြစ်လို့ သတ်မှတ်တယ်လို့ အငြင်းပွားလို့မရနိုင်ပါ…. အများအားဖြင့် လူတွေဟာ ကိုယ်ယုံကြည်ရာဝါဒ လမ်းစဉ်
    ခံယူချက်တွေကို တရားသေစွဲကိုင်ပြီး …အမှန်တရားတွေကို ကိုယ်စိတ်ကြိုက် ပြုပြင်ပြောင်းလဲရာကနေ
    ငါဝါဒနဲ့မတူရန်သူဖြစ်ကုန်ကြတာပါပဲ…
    ကျွန်တော့အိမ်ပေါက်ဝမှာရေးထားတဲ့ “ဖိနပ်ချွတ်ဝင်ပါ” ဆိုတဲ့ စာတမ်းကို မသိကျိုးကျွန်နဲ့ သင်ဖိနပ်စီးပြီး
    အိမ်ပေါ်တက်ခဲ့မယ်ဆိုရင်ဖြင့် သင်ဟာကျွန်တော့ရဲဘယ်လိုလူနေရာရောက်သွားမလဲ…ဆိုတဲ့ဥပမာလေး
    နဲသာစဉ်းစားသင်လှပါကြောင်း…။။။။။။။

    Reply

    • Ordinary Man

      September 26, 2011 at 7:44 pm

      ကျွန်ုပ်၏ယူဆချက်သည်လည်းဤသို့သာ ရည်ရွယ်ပါကြောင်း
      သို့သော်…………………

      Reply

  • moemakha

    September 26, 2011 at 8:42 pm

    အားလုံးတူရင်တော့ ကောင်းတာပေါ့။
    မတူတော့လဲ ဘာလွမ်းစရာရှိ..
    သူလဲ သူယုံကြည်ရာ သူ
    ကိုယ်လဲ ကိုယ်ယုံကြည်ရာ ကိုယ်
    လွတ်လပ်စွာ ကွဲလွဲရင်း အတူတူနေကြပေါ့

    Reply

  • a

    September 26, 2011 at 8:53 pm

    လွတ်လပ်စွာကွဲလွဲရင်းနဲ့ စည်းလုံးညီညွတ်ကြရင်ပိုကောင်းမယ်
    ဒါပေမယ့်ဖြစ်လာမယ်မထင်ပါဘူးဗျာ……

    Reply

  • ရဲအောင်

    September 26, 2011 at 9:09 pm

    သူ နဲနဲလျော့ ကိုယ်ကလဲ နဲနဲလျော့ စောင်းကြိုးညှင်းလေး လုပ်နိုင်ကြမယ်ဆိုရင် အဆင်ပြေနိုင်မယ် လားလို့……..

    Reply

  • eveningstar

    September 27, 2011 at 10:39 am

    နေရာတိုင်းမှာကိုယ်ချင်းစာစိတ်နဲ့ပေါ့ဗျာ ကိုယ်နာတက်သလို သူလဲနာတက်တယ်ဆိုတာကိုပေါ့ တစ်ကိုယ်ကောင်းစိတ်နဲရင်တော့်အားလုံးနဲအဆင်ပြေမယ်လို့ထင်ပါတယ်။

    Reply

  • ကြောင်ကြီး

    September 27, 2011 at 11:21 am

    ကိုယ့်အမှားကိုယ်သိပြီး ကျုပ်တို့ ထေရဝါဒထံ ဒူးထောက်အညံ့ခံလာမှတော့ ရန်သူလို ဘယ်သဘောထားနိုင်ပါ့မလဲဗျာ။ ကဲ..ထထ၊ ခင်ဗျားတို့ သုံးဆဲ့တဘုံ သတ္တဝါတွေကို အတိတ်သံသရာကနေ ပစ္စုပ္ပန်ကာလအထိ ကံသုံးပါးနဲ့ ကျူးလွန်စော်ကားထားခဲ့သမျှကို တောင်းပန်ရအောင် လိုက်ဆို.. သံသရ ဝဋ ဒုက္ခတော….. 😉

    Reply

Leave a Reply

Your email address will not be published.