ဧရာဝတီနှင့်ပတ်သက်သော

ကြောင်လေးSeptember 22, 20111min02

အခုတလောဧရာဝတီအကြောင်းတွေအပြောများနေပါတယ်။

ဧရာဝတီဘလော့ရဲ့စာတစ်ပုဒ်မှာ    အမိဧရာဝတီ  လို့ခေါင်းစဉ်တပ်ထားတာတွေ့တယ်။

ဟုတ်ပါတယ် ၊အမိမြန်မာပြည်၊အမိဧရာတီပါ။

ဧရာဝတီဟာ မြစ်ကြီးနားက  ကချင်တိုင်းရင်းသားတွေရဲ့အမေပါ။

အလယ်ပိုင်းကမန်းလေးသားတွေရဲ့အမေပါ။

အထက်အညာသားတွေရဲ့အမေပါ။

အောက်အကျေအရပ်က ကျွန်တော်တို့မြစ်ဝကျွန်းပေါ် သားတွေရဲ့အမေပါ။

ကုန်ကုန်ပြောရရင်  …

လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ၊အုပ်ချုပ်ခံလူတန်းစား တိုင်းသူပြည်သားများနဲ့

အုပ်ချုပ်သူ အစိုးရအဖွဲ့   အားလုံးတို့ရဲ့အမေပါ။

8 ယာ (အိပ်ယာ) ကသူ့ရဲ့ဘလော့မှာ ခံစားရေးဖွဲ့ထားတဲ့ကဗျာလေးကိုဖတ်ကြည့်ပါ။

ဆို့နင့်တဲ့ ရင်နဲ့ဝေဒနာ
သေရာပါ နာကျင်လှတယ်
မြစ်ဧရာကို ပေးမတဲ့လား…..

သူကျွေးခဲ့ သားစဉ်မြေးဆက်
သမိုင်းတွင်မဲ့ နေ့ရက်တွေနဲ့
မြစ်ဧရာကို ပေးမတဲ့လား…..

မျက်ရည်နဲ့ တောင်သူမျက်နှာ
ကြေကွဲစွာ အနာဂတ်မဲ့တယ်
မြစ်ဧရာကို ပေးမတဲ့လား…..

နိုးတစ်ဝက်နဲ့ ရေလုပ်သားအိမ်မက်
ဆိုးရိုင်းစွာ မြင်မက်ရတယ်
မြစ်ဧရာကို ပေးမတဲ့လား…..

ပြောပြစမ်းပါ…. ပြောစမ်းပါ….
မြစ်ဧရာကို ပေးမတဲ့လား…..
မြစ်ဧရာကို ပေးမတဲ့လား…..

ခင်ဗျားတို့ရဲ့အမေ…..ကျွန်တော်တို့ရဲ့အမေ….သူတို့(အစိုးရအဖွဲ့)ရဲ့အမေ….အားလုံးရဲ့အမေ…..

ဒီအမေကို ပေးလိုက်ကြတော့မှာ….

ဒီလိုဆိုရင်ဒီအစိုးရအဖွဲ့ကိုဘယ်လိုခေါ်ရပါ့?

 

2 comments

  • ုhtoosan

    September 22, 2011 at 8:55 am

    လော လော ဆယ် Rumor တော့ Rumor ဘဲ ၊ အတည်မပြု နိုင်တဲ့ သတင်းပေါ့၊ ဒီနေ့လဘက်ရည်ဆိုင်မှာ ဘေး က လူတွေ (လည်ကတုံးနှင့် သူဌေးရုပ်နှင့်) ပြောတာကြားတာ တော့ မြစ်ဆုံစီမံကိန်း ရပ်သွားပြီ။ တရုတ် အစိုးရ က လည်းသဘောတူပြီး လုပ်မဲ့ တရုတ်ကုမ်မဏီကို ငွေထုတ်မချေးတော့ ဘူးလို.ပြောသံကြားမိပါတယ်။
    ပါးစပ်သရမ်းတဲ့ လျှပ်စစ်ဝန်ကြီးလည်း အတော်အထုခံ လိုက်ရတယ် ကြားပါတယ်။
    အများပြည်သူစိတ်ချမ်းသာမဲ့ သတင်းမို့လို့ ဆုတောင်းယုံနဲ့မရဘူးဆိုပေမဲ့ ” မှန်ပါစေ” လို့ ဆုတောင်းလိုက်ပါတယ်။

    Reply

  • chartatelay

    September 22, 2011 at 12:09 pm

    မြန်မာနိုင်ငံရဲ့အသက်ကဧရာဝတီပါပဲ

    Reply

Leave a Reply

Your email address will not be published.