မူံလဲ့ ပြာရီ မပီ ဝိုးတဝါး

အရင်က နေမြင့်မှထခဲ့သူ။
အခုတော့ စောစောမအိပ်ပေမယ့်စောစောထ။
အဲတော့ အရင်ကမတွေ့ဘူးတဲ့အရုဏ်ဦးအလှကရူ့မဝ။
ဒီတော့ မိတ်ဆွေတွေကို ဝေမျှပေးချင်စိတ်က ရုံးကြွ။
သူလိုငါလို ခလုပ်နှိပ်တာထက်တော့ ပိုမတတ်ပါဘူး။
သူများမနိုးသေးတဲ့အချိန်မှာတွေ့ရတာလေးတွေကို ပြန်ပြပေးတဲ့သဘောပါ။

ဒါကတော့ အာရုဏ်တက်စ မလင်းတလင်း။

ကမ္ဘာမြေပေါ်ကို နေမင်းစတင်လို့ မရောက်ခင်အချိန်လေးပါ။

သိပ်မကွာပါဘူး ငါးမိနစ်လောက်စောင့်လိုက်တာနဲ့ အလင်းစတွေ မြင်ရ ပြာလွင်တဲ့ကောင်းကင်ကလဲ…………
အလင်းလဲရောက်ရော ကောင်းကင်ကလဲပိုပြာလွင်လို့လာပါတယ်။

ဒါကတော့ပုစွန်ဆီရောင်ကောင်းကင်………..
နေနည်းနည်းမြင့်တော့ အလင်းစလေးတွေရောက် ကောင်းကင်လဲ ပုစွနဆီရောင်ပေါက်နေပါတယ်

နေမင်းက ရှမ်းကုန်းမြေမြင့်နောက်ကနေထွက်လာတော့ ရေပြင်မှာ အရိပ်တွေစွန်းထင်းလို့နေပါတယ်။နေထွက်စ အလင်းက်တွေကိ ရေပြင်မှာပက်ထားတာကလှပ
အလင်းက ပက်ဖျန်းစ လေနုအေးကလဲ တမြမြ လှိုင်းကလေးတွေကြက်ခွပ်ထ
အလင်းရောင်သန်းစ ရေပြင်မှာအရိပ်ထင်စ လှိုင်းကြက်ခွပ်လေးတွေက မြူးကြွ

သိပ်အနေအထားမကွာပေမဲ့နောက်ခံရှမ်းရိုးကတော့ သဘာဝအလျောက်ဆက်တင်တွေချိန်းပေးထားပါတယ်။.
ကောင်းကင်မိူင်းမိူင်း တိမ်ရိုင်းရိုင်း လှိူင်းကကြက်ခွပ်ထ

ပုံလေးတွေလှလို့တင်ပေးလိုက်ပါတယ်။

4 comments

  • mgmglusoe

    September 20, 2011 at 1:29 am

    ကိုပေါက် က အပင်ပန်းခံပီး ရိုက်ယူထားတာပဲနော်…
    ကန်ရေပြင်လေး ကိုကြည့်နေရင်း လေပြေအေး တိုက်ခတ်သလို ခံစားရမိပါတယ်….
    ပီးတော့လဲ တစ်ခုခုကိုလွမ်းသလိုမျိုးလဲ ဖြစ်မိပါတယ်…။

    Reply

  • etone

    September 20, 2011 at 10:53 am

    လေးပေါက်ရေ ကြည့်ရတာ ကောင်းလိုက်တာ … ။ နေမင်းကြီးနဲ့အတူ နေ့တနေ့တာအတွက် အားအင်တွေ ရလိုက်သလိုပါပဲနော် …။ 🙂

    Reply

  • မီးမီး သော်

    September 20, 2011 at 12:39 pm

    ကိုပေါက်တို ့လို အနုပညာမျက်စိရှိသူတွေ အသက်ရှည်ပါစေ။

    Reply

  • ကိုယ့်လက်ရာ ကိုယ်ပြန်ကြည့်မိတော့လဲ လွမ်းသလိုလို
    ရိုက်ချင်တိုင်းလွှတ်ရိုက်ထားတာ ပုံတွေသိမ်းရတာကို အတော်ခက်နေပြီ

    Reply

Leave a Reply

Your email address will not be published.