ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဖီဂျီသမ္မတနိုင်ငံတို့အကြားသံတမန်အဆက်အသွယ်ပြုလုပ်

klnMay 14, 20101min01

ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်ဖီဂျီသမ္မတ နိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီးများ ၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သံတမန်ဆက်သွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ ကောင်စစ်ဆိုင်ရာ ဗီယင်နာကွန်ဗင်း ရှင်းတို့နှင့် အညီ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်လိုသည့် ဆန္ဒရှိသည့် အားလျော်စွာ ၂၀၁၁ခုနှစ် မေ၁ဝရက်မှ စတင်၍ နှစ်နိုင်ငံ အကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ပြုလုပ်သည်။ ယင်းကဲ့သို့ နှစ်နိုင်ငံသံမန်အဆက်အသွယ် ပြုလုပ်ရန် သဘောတူညီချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ကုလသမဂ္ဂဆိုင်ရာ ဖီဂျီအမြဲတမ်းကိုယ်စားလှယ်တို့သည် ၂၀၁ဝခုနှစ်မေ ၁ဝရက်တွင် နယူးယောက်မြို့၌ လက်မှတ်ရေးထိုးကြသည်။ မြန်မာနိုင်ငံသည် ကမာ္ဘ့နိုင်ငံများနှင့် သံတမန်ဆက်ဆံမှု တိုးချဲ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဖိဂျီသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၀၁) နိုင်ငံမြောက် သံတမန်အဆက်အသွယ်ထူထောင်သည့် နိုင်ငံဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၄ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 16, 2010 at 4:40 am

    သံတမန်ရှိတယ်ဆိုတော့
    ခရီးသွားတွေ အတွက်ကော
    နိုင်ငံ တိုးတက်ဖို့ အတွက်ပါ ကောင်းပါတယ ်

    Reply

Leave a Reply

Your email address will not be published.