မိုးကြိုကာလအတွင်း ရန်ကုန်မြို့တွင် ပထမဆုံး ကွက်ကျားမိုးရွာ လေပြင်း၊ မိုးကြိုးနှင့် စိုက်ဆင်းတို့ ဖြစ်ပေါ်နိုင်

klnMay 14, 20101min01

မိုးကြိုကာလအတွင်း ပထမဆုံးအဖြစ် မေလ( ၈)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွက်ကျားမိုးရွာသွန်းခဲ့ကြောင်း သိရသည်။ “ ရန်ကုန်မှာ ဒီနှစ်ရဲ့ ပထမဆုံးမိုးလို့ ပြောလို့ရတယ်။ အဲဒီလိုရွာသွန်းတာဟာ မုတ်သုံလေကြောင့်မဟုတ်ဘူး။ မိုးတိမ်တောင်တွေကြောင့် ရွာသွန်းခြင်းဖြစ်တယ်။ မိုးတိမ်တောင်ကြောင့် ရွာသွန်းတယ်ဆိုရင် နောက်ဆက်တွဲဖြစ်တဲ့ လေပြင်း၊ မိုးကြိုး၊ စိုက်ဆင်းတွေ ဖြစ်လာတတ်ပါတယ်။ မုတ်သုံကလည်း မေလ(၂၀)ဝန်းကျင်မှာ ဝင်လာမယ်လို့ မှန်းထားပါတယ် ” ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်သည်။ မိုးကြိုးကာလကို ပုံမှန် ဧပြီ(၁၅)ရက်မှ လေ(၁၅)ရက်နေ့အထိ သတ်မှတ်ထားပြီး မိုးလွန်ကာလကို ပုံမှန် စက်တင်ဘာ(၁၈)ရက်မှ အောက်တိုဘာလကုန်အထိ သတ်မှတ်ထားသော်လည်း မိုးကြိုကာလမှာ (၁၀)ရက်ခန့် တိုးမြှင့်လာပြီး မိုးလွန်ကာလမှာလည်း ရက်(၅၀)ကျော် သတ်မှတ်ထားရာမှ (၇၅)ရက်ထိ တိုးမြှင့်လာကြောင်း၊ ရာသီဥတု ပြောင်းလဲမှု လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံ၏ ရာသီဥတုသည် ပူပြင်းခြောက်သွေ့မှုဘက်သို့ ဦးတည်လာကြောင်း ၂၀၁ဝ ခုနှစ် မေလ ၁၃ရက်နေ့ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 16, 2010 at 5:00 am

    ပိုက်ဆံရှိရင်တော့ မေမြို့ပဲသွားနေတယ်
    ရန်ကုန်မှာ ပူလွန်းလို့
    မီးကလဲမလာတော့ ရေမောင်းတဲ့ မီးစက်သံတွေကလဲ
    ဆူမှဆူ

    Reply

Leave a Reply

Your email address will not be published.