ဖြစ်တည်မှု ….ရသ

naywoon niSeptember 5, 20111min05

ချစ်နေရတာနဲ့ပဲ
ဘဝက တဖျစ်ဖျစ်မြည်နေပြီ
အလှ ဆိုတာကို ဘယ်နားသွားထားရပါ့…..
ဒါနဲ့ပဲ အရသာက ခါးသက်သွားပေါ့…..။
နေ့တိုင်းကော်ဖီတစ်ခွက် တစ်ခွက်နဲ့ တင်းတိမ်နိုင်ပါသလား…။
ဟင့်အင်း……..
အရက်တွေ တစ်ဝက်တစ်ဝက်ရောရော သောက်ပြီး
ဘဝဆိုတာကြီးကို ဖြုန်းတီး ပစ်နေတာ
အိုးးးးး အိပ်ချိန်ရောက်နေတာတောင်မှ
ငါ့စိတ်တွေ လန်းဆန်းနေဆဲ…..။
အတိတ်တုန်းဆီက
ဖြတ်သန်းခဲ့ရတာတွေကို အိပ်မက်နေတာနဲ့ပဲ
အနာဂါတ်အချိန်တွေ ကုန်ကုန်သွားတာနဲ့…
ငါ ပစ္စုပ္ပန်ထဲမှာ ရှိမနေပြန်ဘူး….။
အလန်ကွာတာမိန်း စာအုပ် ဖတ်ရဦးမယ်…။
ဂျွန်စတိုင်းဘက်ခ် စာအုပ်ကိုလည်းဖတ်ချင်သေးတယ်..။
မောင်ချောနွယ် ကဗျာ စာအုပ်က ဘယ်သူယူသွားပါလိမ့်…။
စာပေတိုက်ပွဲ စာအုပ်က ဘယ်နားထားမိပါလိမ့်…။
အင်း…….
အတွေးတွေနဲ့ ဖွဲသီထားတဲ့
ဘဝဆိုတာက ကဗျာမဆန်လေတော့……
ခဏခဏ ခေါက်နေတဲ့ နာရီသံချောင်းသံ တွေက
အိပ်တော့………တဲ့..။။

နေဝန်းနီ

5 comments

  • windtalker

    December 18, 2011 at 9:36 pm

    “ ချစ်နေရတာနဲ ့ပဲ ၊ ဘဝက တစ်ဖျစ်ဖျစ် မြည်နေပြီ ”
    သိပ်မှန်တဲ့ သိပ်ကောင်းတဲ့ ဖန်တီးချက်ဗျာ ။ ကျုပ် တို ့လောကီသား အားလုံးဟာ နေ ့စဉ် အချစ် ဆိုတာ အတွက် နဲ ့လှုပ်ရှား ရုန်းကန်နေကြရတာ ဘဲ ဗျို ့ ။ သူများကို ချစ်တဲ့ အချစ် နဲ ့ကိုယ့်ကိုကိုယ် ချစ်တဲ့ အချစ် ပဲ မလား ။
    “ အလှ ကို ဘယ်နားသွားထားရပါ့ ” ဆိုတာကို တော့ အဖြေတစ်ခု စဉ်းစားမိတယ်ဗျာ ၊ အလှ ကို ကိုယ့် အိမ်မှာ ခေါ်ပြီး ယုယုယယ နဲ ့ချစ်ခင်နေရမှာဗျ ။ လွတ်မြောက်ရာ လမ်းကို မလျှောက်သေးနိုင် သ၍တော့ ခါးသက်နေဦးမယ် ဘိုနီရေ ။
    “အတွေးတွေနဲ့ ဖွဲသီထားတဲ့
    ဘဝဆိုတာက ကဗျာမဆန်လေတော့……”
    ဘဝ ဟာ ကဗျာ မဆန်ပေမယ့် ၊ ကျုပ် တို ့အနုပညာတွေ ကတော ့ကဗျာ ဆန်မှ ဖြစ်မယ် ဗျို ့

    Reply

  • အရက်တွေတစ်ဝက်တစ်ဝက်ရောရင်း
    ရေတွေက ဘဝဖြစ် ဘဝတွေက ရေဖြစ်
    မြစ်ကြီးထဲခုန်ချ သေကံကမပါတော့
    သောင်ထွန်းနေတဲ့မြစ်ဖြစ်နေပါလေရော………………

    Reply

  • TTNU

    December 18, 2011 at 11:20 pm

    (အလန်ကွာတာမိန်း စာအုပ် ဖတ်ရဦးမယ်…။
    ဂျွန်စတိုင်းဘက်ခ် စာအုပ်ကိုလည်းဖတ်ချင်သေးတယ်..။
    မောင်ချောနွယ် ကဗျာ စာအုပ်က ဘယ်သူယူသွားပါလိမ့်…။
    စာပေတိုက်ပွဲ စာအုပ်က ဘယ်နားထားမိပါလိမ့်…။)

    တဖျစ်ဖျစ်မြည်တာက ဘဝ၊ ချစ်နေရတာနဲ့ တင်းတိမ်နေရတဲ့ ကော်ဖီတစ်ခွက်၊
    တကျစ်ကျစ်မြည်နေတာက မောင်ရင့် စာအုပ်ပုံကိုမျက်စောင်းထိုးနေတဲ့ကြွက်။

    (ဆရာနေဝန်း စိတ်မဆိုးဘူးထင်လို့ ကဗျာကို ဝင်ဖျက်ပါသည်။)

    Reply

  • aye.kk

    December 19, 2011 at 7:25 am

    ကဗျာကိုစာသ..
    ဖတ်ရသူမှာရသရ..လေးစားလျှက်ပါဗျ..။

    Reply

  • naywoonni

    December 19, 2011 at 7:13 pm

    ဖြစ်တည် မှု ပဓါန ဝါဒကို သတိရလို့ ဒီခေါင်းစဉ်လေးပေးလိုက်တာပါ…။

    Reply

Leave a Reply

Your email address will not be published.