“၀” မရှိပဲ “ဝိ” မလုပ်ချင်ပါနဲ.

ေရႊဘိုသားAugust 31, 20111min026

ရွာထဲဝင် မရေးဖြစ်တာလည်း ကြာပြီ အခုတော. ကိုယ်တွေ.လေးကိ ုရေးချင်တာနဲ. လာပြီးရေးလိုက်ပြီဗျာ

အားပါး မရောက်တာြ ကာတော. ရွာလေးက ရွာသူရွာသားအသစ်တွေနဲ. တယ်စည်ကားနေပါလားဗျ

အခုတော. ကျနော်ကတော.

အကြွားမပိုစေချင်လို. အထားအသိုမတတ်ဘဲ သိသလို တတ်သလိုပဲ ကျနော်ရေးလိုက်ပြီဗျာ

သည်းခံပြီးတော.သာ ဖတ်ကြတော. သိပ်လည်းမရေးတတ်ဘူး ပြောချင်လို.သာ ရေးလိုက်တာ

ကျနော်တို. လူငယ် တစ်ချို. “၀” မရှိပဲ “ဝိ“ လုပ်ချင်ကြတာတွေ တော်တော်များတယ်နော်

ကျနော်.ကိုယ်တွေ့ ဒီတစ်ပတ်ထဲ ကျနော်.သူငယ်ချင်း ကျနော်.ဆီ ရောက်လာတယ်

ငါနဲ.မြို.ထဲလိုက်ခဲ.ပါလားကွာတဲ. ဘာလုပ်ဖို.လည်းဆိုတော. ငါ.လက်တော. ဆားဗစ်ဆိုင် အပ်ထားလို. သွားယူမလို.တဲ.

ဒါနဲ.ငါလည်းအားပါတယ်ကွာ ဒီနေ.ခွင်.ယူထားတာပဲဆိုပြီး လိုက်သွားတယ် ဆားဗစ်ဆိုင်ရောက်တော. လက်တော.က

ဘာဖြစ်တာလည်းဆိုပြီးမေးတော. Graphic ကဒ်နဲ.Memoryကဒ်ကမနိုင်တဲ. ဂိမ်းတွေတင်ထားလို. စက်က

တော်တော်ကြီးကိုလေးနေတာပါတဲ. အဲဒါနဲ. လေးတဲ.ဂိမ်းကြီးတွေနဲ.မလိုအပ်တဲ. ဆော.ဝဲတွေကို ပြန်ဖြုတ်ပေးလိုက်ပြီး

တောင်းလိုက်တာ 5000 တဲ. မှတ်ကရော ကိုယ်.စက်ဘာဖြစ်လို. ဖြစ်မှန်းမသိ ဒီဂိမ်းလေးတွေ ပြန်ဖြုတ်တာနဲ. 5000

ပေးရတာများကွာ ငါ.ကိုစောစောပြောပါတော. ငါ 4000 လောက်ပဲယူမှာပါလို.တောင် စနောက် မိပါသေးရဲ.

ဒါနဲ. လမ်းရောက်တော. မင်းဘာဖြစ်မှန်းမသိဘူးလားဆိုတော. ငါမှဘာမှနားမလည်တာတဲ. ဒါဆိုမင်းဘာ.လို. ဝယ်ထားတာလည်းဆိုတော. လူအထင်ကြီးအောင်လို.တဲ. ကောင်းရော သွာလေရာ လက်တော. ကြီးအမြဲသယ်

လူအထင်ကြီးအောင်တဲ. အင်တာနက်ဆိုင်သွားလည်း ဒီလက်တော.ကြီးနဲ. ဖွင်.ခိုင်းပြီးသုံး အလကားနေရင်

အင်တာနက်ဆိုင်ကဝန်ထမ်းတွေသွား ဒုက္ခပေးနေတာ ဒီလက်တော.ထဲက ကိုယ်.စာရင်းတွေဇယားတွေ စစ်စရာရှိလို.

ဒီလက်တော.ထဲကဖိုင်တွေ အီးမေး ပို.စရာရှိလို.ဆိုလည်း ထားပါတော. အခုတော. ချက်တင်ထိုင်ရုံနဲ.လည်း

ဒီလက်တော.ကြီးနဲ.မှချက်ချင်တာ ဝန်ထမ်းတွေကစိတ်ရှည်လို.ပေါ. အလကားသွား ဒုက္ခပေးနေတာ

တော်တော်များများတွေ.ဖူးပါတယ် လက်တော.လက်တော.နဲ. တစ်ခါတည်းပြီးရင် တစ်ချို.ဆိုလက်တော.က မောက်စ် တောင်ကောင်းကောင်းကိုင်တတ်တာလည်းမဟုတ်ဘူးး အလားကားနေရင် ပိုက်ဆံဖြုန်းနေလို.ပြောတာပါ စီးပွားရေးသမားမို.စာရင်းတွေဘာတွေ ကိုယ်ကြိုက်တဲ.အချိန်လုပ်ချင်လို.ဆိုရင်တော.ကောင်းပါတယ်

အခုတော. ကျနော်တို. လူငယ်တွေ တော်တော်များများ စိတ်ဝင်စားနေကြတယ် ကိုယ်ပိုင်ကွန်ပျူတာနဲ.

လေ.လာချင်လို.ဝယ်တဲ.သူတော. မတွေ.ဖူးသေးဘူး ကြွားချင်လို.ဝယ်တဲ.သူကများနေတယ်

ဘာလုပ်မှာလည်း ပိုက်ဆံ 4 သိန်းလောက် 5 သိန်းလောက်ကို အလကား နေရင်းငုပ်နေမဲ.ဟာ

တစ်ခါကလည်း စာအုပ်တစ်အုပ်ထဲက စာရေးဆရာမ ပြောထားတာ သတိရမိသေးတယ်

ဆရာမက သူ.သူငယ်ချင်းဆီက စာအုပ်ငှားဖတ်မလို. နင်ရောဖတ်ပြီးပြီလားလို.မေးတော. ယူသွားငါက မဖတ်ပါဘူး

ဖတ်လည်းမဖတ်ချင်ဘူး စင်တာပေါ်မှာတွေ.လို. ငါဝတ်ထားတာနဲ.အရောင်လေးကလိုက်ဖက်လို. ဝယ်ပြီး လက်ကကိုင်လာတာတဲ. ကောင်းရော  တကယ်ကို တော်တော် ကြွာချင်တဲ. လူ.စိတ် ခက်တော.ခက်သားဗျ

ဖုန်းမဝယ်ပေးရင် ကျောင်းမတက်ဘူးဆိုပြီး မိဘအကျပ်ကိုင်တဲ.သူတွေကလည်းရှိသေးသဗျ

အဲလိုလူတွေကိုမေးချင်တယ် ကျောင်းကိစ္စနဲ.ပတ်သတ်တာ စာပေးကိစ္စနဲ.ပတ်သတ်တာကို

ဘယ်နှစ်ခါပြောမှာလည်း တစ်ခါမှ ပြောမှာမဟုတ်ဘူး ပြောရင်တော အနည်းကျင်းပဲဖြစ်မယ် ကောင်မလေးတွေ

အထင်ကြီးအောင် ကောင်လေးတွေအထင်ကြီးအောင် ဆိုတဲ.စိတ်နဲ.ပဲကိုင်တဲ.လူငယ်တွေက များနေတာ

အဲလိုတွေ ပြောတော.လည်း ကိုယ်မကိုင်နိုင်တဲ. ပြောတယ်လို. ထင်ချင်ကြအုံးမှာ ထင်လည်းမတတ်နို်င်ဘူးဗျာ

ကိုယ်ထင်တာ မှန်တယ်ထင်လို.ပြောလိုက်ပြီ

ကျနော်. သူငယ်ချင်းလို လက်တော.ကို ဘာမှ နားမလည်ပဲ ဝယ်ထားတဲ. လူငယ်တွေလည်း အများကြီးရှိမှာပါ

ဖုန်းကိုအထင်ကြီးအောင် ကိုင်တဲ.သူတွေကလည်း ဒုနဲ.ဒေး ပါပဲ တစ်ချို.ကျတော.လည်း

ဆက်သွယ်ရေးလွယ်ကူအောင် သုံးတာပါ အဲဒါကမှတော်ပါသေးတယ် လူအထင်ကြီးစေချင်လို.ဆိုရင်တော.

အလကားနေမဲ.တူတူ လိုအပ်တဲ.သူတွေဆီ လှူလိုက်ပါလို. ပြောချင်တယ်ဗျာ

 

 

 

 

26 comments

  • မှော်ဆရာ

    August 31, 2011 at 8:18 pm

    ဘာမှ နားမလည်ပဲ ကွန်ပျူတာကို စတိုင်တစ်ခုအနေနဲ့ ကိုင်တဲ့သူတွေကို ရှံ့ချတာ မကြိုက်ပါဘူး…
    ငဝိုင်းရှိလို့ ကွန်ပျူတာ ကိုင်တာပဲဗျာ…
    ကိုင်ပစေပေါ့…ဒါကိုရှံ့ချရင်တော့ ကန့်ကွက်ရမှာပဲ
    ဘာလို့လဲဆိုတော့ ကျွန်တော်က ကွန်ပျူတာ ရောင်းတယ်ခင်ဗျ..ဟဲ ဟဲ
    ယူကြဦးမလား မှော်ဆရာရဲ့ ကွန်ပျူတာ japan used လေးတွေနော်
    နှစ်လုံးယူရင် အပျိုကြီးဆိုရင် အိမ်ကိုပါ လိုက်ခဲ့ပေးတယ်…
    (ကွန်ပျူတာ ဆားဗစ်လိုက်ပေးတာပါခင်ဗျာ…..)

    Reply

  • nature

    August 31, 2011 at 8:52 pm

    လှုချင်တဲ့သူများရှိရင်ဆက်သွယ်နိုင်ပါတယ်။

    Reply

  • unclegyi1974

    August 31, 2011 at 10:21 pm

    ကိုယ့်ဖာသာကိုယ်ကြွားတာဘာဖြစ်လဲဘာဖြစ်လဲ

    Reply

  • mgmglusoe

    August 31, 2011 at 10:42 pm

    မဟုုတ်သေးဘူးထင်ပါတယ်…. လက်တော့ ကိုများမျက်မုန်းကျိုးနေပါသလား…..
    ဒီတစ်ခါ ရေးလိုက်တဲ့ ရွှေဘိုသားရဲ့ပို့စ်က သိပ်မဟန်ဘူးဗျ…လက်တော့မကိုင်ရဘူးဆိုရင် ဘာတော့ကိုင်
    ရမတုန်း…. ဘာကြီးကိုကိုင်ပြီး posts တွေ comment တွေ ရေးရမတုန်း….

    Reply

  • မီးမီး သော်

    August 31, 2011 at 11:17 pm

    “”ဖုန်းမဝယ်ပေးရင် ကျောင်းမတက်ဘူးဆိုပြီး မိဘအကျပ်ကိုင်တဲ.သူတွေကလည်းရှိသေးသဗျ
    အဲလိုလူတွေကိုမေးချင်တယ် ကျောင်းကိစ္စနဲ.ပတ်သတ်တာ စာပေးကိစ္စနဲ.ပတ်သတ်တာကို
    ဘယ်နှစ်ခါပြောမှာလည်း တစ်ခါမှ ပြောမှာမဟုတ်ဘူး ပြောရင်တော အနည်းကျင်းပဲဖြစ်မယ် ကောင်မလေးတွေ
    အထင်ကြီးအောင် ကောင်လေးတွေအထင်ကြီးအောင် ဆိုတဲ.စိတ်နဲ.ပဲကိုင်တဲ.လူငယ်တွေက များနေတာ””
    ဖြစ်ပျက်နေတာလေးတွေမြင်သာအောင်ပြောပြနိုင်ပါပေတယ် ရွှေဘိုသားရေ။အားလုံးကွက်တိဘဲ။

    Reply

  • ရဲအောင်

    August 31, 2011 at 11:53 pm

    ဝ ရှိလို့ ဝိ လုပ်ကြတာကို မကြည့်နိုင်ဖြစ်နေကြတယ်၊ သူတို့ဝယ်နိုင်လို့ကိုင်ကြတာ ကိုင်ပါစေ ၊
    ဘာဖြစ်လို့များ လိုက်လိုက်ပြောနေကြရတာလဲ မသိနော် ၊
    ကောင်မလေးတွေဝတ်တဲ့ ခေတ်ပေါ်အဝတ်အစားတွေကို လိုက်လိုက်ပြောနေတဲ့ လူတွေလိုဖြစ်နေပြီ၊ 🙄

    Reply

  • parlayar46

    September 1, 2011 at 1:01 am

    ဒီမှာရေးထားတာကတော့ လူတိုင်းအတွက် ဟုတ်ပုံမရပါဘူး။

    “လူအထင်ကြီးအောင်” သက်သက်ရည်ရွယ်ပြီး ကိုင်သူများကို ဆိုချင်တာလို့ နားလည်မိပါတယ်။

    ကျုပ်အမြင်တော့ “လူအထင်ကြီးအောင်” သက်သက်ရည်ရွယ်တဲ့ထဲမှာ နှစ်မျိုး ခွဲနိုင်သေးတယ်။

    တမျိုးက တတ်နိုင်တဲ့သူမျိုး။ အဲဒီလိုလူမျိုးအတွက်တော့ လက်တော့ တလုံးမကလို့ တထမ်းပဲဝယ်ဝယ် ဝယ်ပါစေ ။ အားပေးချင်ပါတယ်။ မဟုတ်လဲ ဒါ့ထက်အသုံးမကျတာတွေ ဝယ်မှာပဲလေ။ ဥပမာ မင်းသမီးရဲ့ ဓါတ်ပုံစာအုပ်မျိုးတို့ ဘာတို့။

    နောက်တမျိုးက မတတ်နိုင်ပဲ လူအထင်ကြီးအောင် ခြစ်ချုပ်ပြီး ဝယ်တဲ့သူမျိုး။ မတတ်နိုင်တဲ့မိဘကို အတင်းအပူကပ်ပြီး ဝယ်ခိုင်းတဲ့ သူမျိုး။ အဲဒီလိုမျိုးကို လူငယ်တွေထဲမှာ တွေ့ရပါတယ်။ ပြီးတော့ ကောင်းကောင်းလဲမသုံးဖြစ်ဘူး။ ကွန်ပျူတာသုံးချင်တယ်ပဲထား – မတတ်နိုင်သူအဖို့မှာ desk top က ဈေးလဲ တဝက်နီးပါးသက်သာ၊ အကြမ်းလဲပိုခံပြီး၊ Upgrade လုပ်ရတာလဲ လွယ်ကူဈေးပေါပါတယ်။ ဒါပေမယ့် ဒီလိုလူငယ်မျိုးကတော့ အဲဒါမစဉ်းစားပါဘူး။ လူကြားမှာ လူတန်းစေ့ လက်တော့ ကိုင်ဘို့ပဲစိတ်သန်ပါတယ်။

    ရွှေဘိုသားပြောချင်တာ ဒီလိုလူမျိုးထင်ပါရဲ့ …။
    ဘာရယ်မဟုတ်ဘူး ကျုပ်ကလဲ ဆင်းရဲသားတွေထဲ တိုးဝှေ့နေတော့ ဒီလိုမျိုးလဲ တွေ့ဘူးလို့ပါ….။

    Reply

  • kai

    September 1, 2011 at 1:33 am

    ကြွားကြပါစေဗျာ..
    သူတို့ ပိုက်ဆံနဲ့သူတို့ကြွားတာပဲ..။

    ဆိုတော့..
    များများဝယ်..ငွေတွေများများလည်ပတ်ပြီး ..အလုပ်အကိုင်တွေပိုထွက်လာမှာပေါ့..။
    အလုပ်အကိုင်တွေများလာတော့.. ကိုယ်ပိုင်ဝင်ငွေရှိသူတွေများပြီး.. လူနေမှုမြင့်လာမှာပေါ့..
    ကျုပ်ကတော့..လူတွေ.. ငွေသုံးတာကို.. အားပေးတယ်..။
    မြန်မာပြည်လိုတိုင်းပြည်..လူတွေငွေသုံးကြဖို့.. ပိုတောင်လိုအပ်သေး..။ 🙂

    Reply

  • ကြောင်ကြီး

    September 1, 2011 at 6:25 am

    ကျုပ်မှာလည်း ဆင်တကောင်ရောင်းဖို့ ရှိတယ်။ ဈေးလည်းသင့် ဆီလည်းမစား ကြံသာစားတဲ့ ပတ်ဝန်းကျင် မထိခိုက်စေတဲ့ သဘာဝစီးတော်ယာဉ်ဗျို့…။ လိုချင်ရင် ဆက်သွယ်။ (ကန်ထရိုက်တိုက် အပေါ်ထပ်နေသူများမပါ)

    Reply

    • pan pan

      September 1, 2011 at 9:03 am

      အကြွေးရရင်တော့ ဝယ်မယ်
      ရန်ကုန်မှာတော့ လက်တော့တွေအရမ်းလိုချင်တဲ့ကျောင်းသူကျောင်းသားတွေကို အရစ်ကျနဲ့ရောင်းတယ်လို့ ကြော်ငြာဖတ်ရတယ်
      ဦးကြောင်ကြီးလည်း ဆင်ကို အကြွေးရောင်းပါ
      အိမ်ထဲမှာမဆံ့ပေမယ့် လမ်းပေါ်မှာထားပါမယ်
      ဆင်ဆိုတော့ လူပိုမြင်တာပေ့ါ

      Reply

  • PEACEMAKER

    September 1, 2011 at 6:52 am

    မရှိတာထက် မသိတာခက်ဆိုတာလိုမျိုး မဖြစ်ရင်ပြီးတာပဲ။ မိဘဆိုတာကတော့ သားသမီးကို ဝယ်ပေးချင်ကြတာချည်းပဲ။ ကိုယ်ကြွားရဖို့အတွက်လေးနဲ့ သူတစ်ပါးကိုတော့ ဝန်ထုပ်ဝန်ပိုးမဖြစ်စေနဲ့ပေါ့။ တစ်ကယ့်ကို မရှိမဖြစ်အသုံးလိုတာမဟုတ်ပဲ ကြွားချင်ယုံသက်သက်နဲ့တော့ ဘာပစ်စည်းကိုမှ မဝယ်သင့်ဘူးလို့ထင်တာပဲ။ ဉာဏ်နည်းရာကျလို့လေ။

    ကိုယ့်အဆင့်နဲ့ညီအောင် တင့်တောင်းတင့်တယ်နေတာကောင်းပေမဲ့ ကြွားလွန်းတာကတော့ အန်တရယ်ကို လက်ယပ်ခေါ်နေတယ်လို့ သတ်မှတ်တယ်။ ကာလဒေသံကို ကြည့်တတ်တဲ့ဉာဏ်ရှိသင့်တယ်။ ကျွန်မဆို အာဖရိကကို သွားရဖို့ရှိတယ်။ အဲဒီမှာ ရှိတာတွေထုတ်ကြွားပြီး ဖော်ရှိုးလုပ်ဖို့မပြောနဲ့။ ကားထဲမှာနေပြီး ပိုက်ဆံအိတ်ကိုယ့်ပေါင်ပေါ်ထားတာတောင် မလုံခြုံဘူးဆိုပဲ။

    Reply

  • ကျုပ်ကတော့..လူတွေ.. ငွေသုံးတာကို.. အားပေးတယ်..။
    မြန်မာပြည်လိုတိုင်းပြည်..လူတွေငွေသုံးကြဖို့.. ပိုတောင်လိုအပ်သေး..။ 🙂

    သူကြီးရေ ငွေကတော့ လူတိုင်းသုံးချင်တာဘဲ။
    သုံးလဲသုံးတတ်ပါ့။
    ဒါပေမယ့် ငွေရှာရတာကခက်သဗျာ၊
    အသေအချာသိချင်ရင် သူကြီး မြန်မာပြည်ကို ပြန်လာပြီးနေကြည့်လိုက်ပါ့လား။

    Reply

    • kai

      September 1, 2011 at 1:23 pm

      ငွေရှာရတာတော့ခက်မှာပေါ့..။
      ပြောရရင်..မြန်မာပြည်ကမှ ငွေရှာရလွယ်တယ်ထင်မိတာပဲ..။

      ထားပါတော့..
      ပြောချင်တာက..
      မြန်မာတွေ ငွေမသုံးတတ်သေးပါဘူး..။ အစိုးရကလည်း အသုံးမကျတာတပိုင်းပေါ့..။
      တကယ်က..အစိုးရကကို.. ငွေတွေအတင်းထုတ်ပေးပြီး.. သုံးခိုင်းရမှာ..။
      အဲဒါမှ..လူတိုင်းအကြွေးတင်..။
      အကြွေးတင်တေ့ာ အလုပ်တွေလုပ်ပြီး ပြန်ဆပ်..
      အဲဒီလိုနဲ့..လည်ပတ်သွားတာပဲ..။

      ယူအက်စ်အစိုးရမှာ.. အကြွေး.၁၄ထရီလီယန်.. ရှိတယ်..။
      အဲဒါက..အမေရိကန်တိုင်းဆပ်ရမဲ့ငွေပဲ..
      ဒါကို နားလည်ထားမှဖြစ်မယ်ထင်မိတယ်..။
      တနေ့တော့..နားလည်လွယ်အောင်ရေးပေးဦးမယ်..။

      Reply

  • pyinlepyaw

    September 1, 2011 at 8:32 am

    ကြည့်ရတာ ရွှေဘိုသားတစ်ယောက် ငွေလိုသွား တာပဲဖြစ်ရမယ်
    သူ့ရဲ့ သားသား လေး မီးမီးလေး တစ်ယောက်ယောက် က ဖုံးတောင်းရင်တောင်း ဒါမှမဟုတ်
    လက်တော့တောင်းရင်တောင်း တွေ့ကြုံနေရပီထင်ပါတယ်၊
    ဒါ့ကြောင့် ဒီလောက်ပေါက်ကွဲထွက်နေတာဖြစ်ပါလိမ့်မယ်။ :mrgreen:

    Reply

  • fatty

    September 1, 2011 at 9:05 am

    ရွှေဘိုသားခင်ဗျား လက်တော့ ဝယ်မပေးချင်နေပါ ဆရာပူဇော်ပွဲအတွက်အလှုငွေတော့ထည့်အုံးနော်
    အထက(၁) ထွက်ဆိုရင်ပြောတာပါ။

    Reply

    • Khon Yenaung

      September 1, 2011 at 4:07 pm

      ဝ မရှိ ပါဘူး ဆိုမှ အလှူခံနဲ့ လာတွေ့နေသေးတယ်။ ဝ မရှိယင်လဲ ထဆင်ထူး ကို ကန့် လန့်ထောင် နိုင်တဲ့ သူမျိုးတွေ နေမှာပါ ရွှေဘိုသားရေ။ လုပ်ပါစေ။ တစ်ကယ် crazy ဖြစ်လာယင် ကျောက်ကပ်ထုတ်ရောင်းပြီး i phone ဝယ်ကိုင်တဲ့ လူမျိုးတွေတောင် ရှိတယ် ဆိုတော့. . . ကွန်ပျူတာ ဆိုတာမျိုးကလဲ ကိုယ်ပိုင်ရှိမှ ဟိုကလိ သည်ကလိနဲ့ မုဆိုးစိုင်သင် သလို သင်နိုင်မှ ပိုကျွမ်းကျင်တာပါ။ တတ်နိုင်ယင် ဝယ်သာဝယ်ထား။အားပေးတယ်။

      Reply

  • myanpyithar

    September 1, 2011 at 9:12 am

    တိုက်ဆိုင်တယ်ဗျာ..မနေ့ညကဘဲကျုပ်သမီးနဲ့ပြသနာဖြစ်လာတာ..
    ဖုံးပူဆာတဲ့ပြသနာပေါ့….ခုမှ၈တန်းဘဲရှိသေးတယ်ဗျာ..ကျုပ်အထင်တော့မလိုသေးပါဘူး..
    ဒါပေမဲ့သူကပြောတယ်..သူ့သူငယ်ချင်းတွေအားလုံးဟမ်းဖုံးကိုယ်စီနဲ့တဲ့..ဘဲ့နယ်လုပ်မလဲ.
    ငွေတတ်နိုင်တာမနိုင်တာအသာထား…ခုခေတ်ကလေးတွေကမပြိုင်သင့်တာလိုက်ပြိုင်နေတာခက်တယ်ဗျာ.
    အတန်းထဲမှာပထမရတဲ့သူတွေကိုတော့ သမီးမပြိုင်ဘူးလား..ဆိုတော့
    ဟမ်းဖုံးကိုင်နေတဲ့သူတွေအားလုံး ဝမ်းတူတဲန်းတောင်မဝင်ဘူး အဖေ..တဲ့
    ကိုင်းကျုပ်ဘယ်လိုလုပ်ရှင်းရမလဲ..ကယ်ကြပါအုံးဗျာတို့

    Reply

  • နီလေး

    September 1, 2011 at 9:55 am

    ဝမရှိပဲ ဝိလုပ်တတ်တဲ့ အဲလိုကောင်မျိုးတွေကို အရင်ခေတ်ကဆိုတော့ မဲဇာ ကိုသာပို့လိုက်

    Reply

  • koyinmaung

    September 1, 2011 at 10:00 am

    တယ်လီဖုန်းက အလုပ်လုပ်နေသူတွေအတွက်တော့
    အလွန်အသုံးဝင်သဗျို့
    ငယ်ရွယ်တဲ့ကျောင်းသူကျောင်းသားတွေအတွက်တော့ အနာ္တရယ်တမျိုးဘဲ
    တယောက်နဲ့တယောက်အလွယ်တကူချိန်းတွေ့နိုင်တယ်မဟုတ်လား
    အကောင်းအဆိုးကတော့နေရာတိုင်းမှာရှိနေတာပါဘဲလေ…….

    Reply

  • Shwe Ei

    September 1, 2011 at 10:20 am

    အလကားရတဲ့ပိုက်ဆံမှန်းမသိ မတရားရတဲ့ပိုက်ဆံမှန်း မသိ လျှောက်သုံးနေတဲ့လူတွေကို အားကျမိရင်တော့ ခေတ်မှီရုံတင်မကဘဲ ခေတ်ပါပျက်မှာ မြင်ယောင်သေးတော့။

    Reply

  • ရွှေဘိုသား

    September 1, 2011 at 10:43 am

    mgmglusoe နဲ့ ကိုရဲအောင် ရေ ကျနော်ပြောချင်တာက ဘာမှ မသိနားမလည်ပဲ ကြွားချင်လို. သုံးတဲ.သူ
    တွေကို ရည်ရွယ်ပြီးပြောတာပါဗျာ အစ်ကိုတို.လို ဝက်ဆိုဒ် ဝင်ဖတ်တယ် အလုပ်အတွက်သုံးတယ်
    ဆိုတာက အကျိုးရှိပါတယ် အခုဟာက ဂိမ်းဆော.ရုံ ချက်တင်ထိုင်ရုံနဲ.
    သုံးတဲ. လူငယ်တွေအတွက်ပြောတာပါ ကျနော်ရေးတာ လက်တော.သုံးတဲ.လူတွေအကုန်လုံးပြောတာမဟုတ်ဘူးဆိုတာကို အစ်ကို သတိမထားမိရင်တော. ကျနော်
    အရေးအသား ညံ.လို.ဖြစ်ပါလိမ်.မယ်
    အစ်ကို pyinlepyaw ပြောသလို သားသမီးတွေက ပူဆာလို. ပေါက်ကွဲတာ လုံးဝမဟုတ်ပါဘူးဗျာ
    ခဗျလုပ်မှ ကျနော်လိုက်နေတဲ. ကောင်မလေး ပါးရိုက်တာခံရတော.မယ် ကျနော်က လူပျိုစစ်စစ်ဗျ
    ရေတောင်မရောဘူးနော် ကျနော်လည်း လူငယ်ပါပဲ အလုပ်ကလည်း ကွန်ပျူတာ အပြင်ပိုင်းနဲ.အင်တာနက် ဆိုင်မှာတွဲလုပ်နေတာပါ ဒါ.မို. ဒီလို အကြွားသက်သက် သုံးတဲ. လူတွေ နေ.စဉ်လည်းတွေ.မြင်နေရပါတယ် ဒါ.မို.ပို.စ်တင်ပြီး ရေးလိုက်ရတာပါဗျာ

    Reply

    • mgmglusoe

      September 1, 2011 at 6:58 pm

      ဆောရီးပါ…. လျှောက်ဝင်ရွှီးကြည့်တာပါ…. လူပျိုစစ်တာရယ်၊ လူငယ်ဖြစ်တာရယ်၊ နက်ဆိုင်မှာ
      တွဲလုပ်တာရယ် ပြောပြောက စောမှ ပေါ့….. 😛

      Reply

  • Foreign Resident

    September 1, 2011 at 10:52 am

    Different thinking,
    Sooner, I will buy a new lap top ( i-5 or i-7 ) to play a new computer game.
    Because, latest computer games ask around 2 GB Graphic Card.

    For my job purpose ( Power Point, Word & Excel ),
    I think, Pentium-I is more than enough. 😛

    Reply

  • မှော်ဆရာ

    September 1, 2011 at 11:10 am

    မှော်ဆရာ လက်တော့တွေ ရမယ်နော်
    ဝယ်ယူချင်သူ အပျိုကြီးများ အမြန်ဆက်သွယ်ပါ…..

    Reply

    • စုံ စုံ

      September 1, 2011 at 3:09 pm

      မှော်ဆရာရေ လက်တော့က အပျိုကြီးတွေမှရောင်းမှာလား
      ဒါဆိုရင်တော့ရွာထဲကအိမ်ရှင်မတွေဝယ်လို့မရတော့ဘူးပေါ့ 😛

      Reply

  • မှော်ဆရာ

    September 1, 2011 at 11:12 am

    ရောင်းချမယ့် လက်တော့အလုံးရေ ကန့်သတ်ထားပါသည်။
    “““““ ဝယ်သူ ရှိသလောက်သာ ကန့်သတ် ရောင်းချပေးနေပါသည်။ ”””””
    ဝယ်သူရှိသလောက်ထက် ပိုမရောင်းပါ. အမြန်ဝယ်ထားမှ စိတ်ချရမည်…

    Reply

Leave a Reply

Your email address will not be published.