တျွန်တော်ဖတ်မိသော အတွေး စများ (၂)

SonnyAugust 29, 20111min00

ရဝေနွယ်(အင်းမ) ရေး တဲ့ ဖြစ်ပြီးတဲ့အကုသိုလ် တွေ ဘယ် လိုပယ်မလဲ စာအုပ်ထဲကပါ၊(နှာ ၆၄ )

အမေကိုသတ်မယ် ၊အဖေကိုသတ်မယ် ၊ရဟန ္တာကိုသတ်မယ်၊ မြတ်စွာဘုရားရှင်ကိုသွေးစိမ်းတည်အောင်လုပ်မယ်၊ သံဃာကိုဂိုဏ်းခွဲမယ်၊ အဲဒီလိုအကုသိုလ်မျိုးတွေကျူးလွန်ရင် တော့ ဒီအကုသိုလ်ကံတွေ ပယ်ဖျောက်ဖိုု့ အတွက်ဒါန သီလ သမထ ဘာဝနာ ဝိပဿနာေတွေ ဘယ်လောက်ပဲပြုပြု ဘယ်လောက်ပဲပွားပွား ဒီဘဝ ဈာန်မဂ်ဖိုလ် မရနိုင် တော့ပါဘူးတဲ့။  “မထူးတော့ပါဘူးလေ” ဆိုပြီး အကုသိုလ်တွေဆက်ပြုနေမယ်ဆိုရင်တော့ သစ်ပင်ဟာခုတ်ပါများရင်  လဲ သွားရသလို ဘဝဟာမကောင်းတဲ့ ဂတိကို လဲကျသွား နိုင်ပါတယ်။

ဖတ်ပြီးကျွန်တော်ဆက်တွေးခြင်း

ကျွန်တော်ဖတ်ပြီးကောင်းလွန်းလွန်းလို့ပါ၊ တစ်ပိုင်းတစ်စ  မျှတာပါ။ ကျွန်တော် အစ က ဖြစ်ပြီးတဲ့မကောင်းမှု့ တွေကို၊ အကုသိုလ်တွေကို ၊ပယ်လို့ဘယ်တော့မှမရတော့ဘူး မှတ်နေတာ။   ကုသို်လ်များများလုပ်ရင် အကုသိုလ်တွေတိုးမဝင်နို်င်ဘူးတဲ့။     ဒါပေမဲ့ အကုသိုလ် မလုပ်ရင် ကုသိုလ်ဖြစ်နေတာပဲ ဆိုပြီး မကောင်းမှု့လျော့အောင်လုပ် ဖို့ကြိုးစားမိသွားတယ်။   တစ်ပိုင်တစ်နိုင်လေး ကုသိုလ်လေးတွေလုပ်မိလာတယ်။ သိန်းသန်းချီ  မလှူနိုင်တောင် စည်ပင် က  တံမျက်စည်းလှည်းတဲ့  ၊ အမှိုက်သိမ်းတဲ့ လုပ်သားတွေ ကို တတ်အားသ၍ ငွေစလေး နည်းနည်း ပေးတတ်လာတယ်။ အော် ကြယ်ငါးstar fish တစ်ကောင် အသက်ကယ်လည်း တစ်ကောင်ပဲလေ  ဆိုတဲ့ chicken soup for the soul စာအုပ်ထဲကလို ကျင့်တတ်လာတယ်။ ဆက်ကြိုးစားမှ ဖြစ်မယ်။  အကုသိုလ်တွေ  အများကြီးလုပ်ထား တဲ့ လူသားကျွန်တော်၊   အကုသိုလ် မဖြစ်အောင် နေ ရင် ပယ်စရာ မလိုတော့ဘူးပေါ့လေ။

ဆရာတော် ရဝေနွယ် (အင်းမ) အား ဦးခိုက်လျှက်။

Leave a Reply

Your email address will not be published.