နှင်းသည်းနွေ

koyinAugust 28, 20116min010
နှင်းသည်းနွေ

လူမသိ သူမသိနဲ့ 
အပူမိသည့် ရင်
သံယောဇဉ်ကို ပိုက်
ငါ့ညတွေ နှစ်ခြိုက်မတဲ့လား
လစ်လပ်နေတဲ့ ကွက်လပ်က
သစ်ပင်ကို အမြစ်က ဖြတ်ထားသလို
ရွက်သစ်တွေလည်း ထွက်မလာ
ရွက်ဝါတွေသာ ကြွေကြွေကျ
အိပ်မက်တွေ မြေခပျက်သုဉ်း
နှလုံးသားက လုံးပါးပါးလာလိုက်တာ
အာရုံတွေ ထိုင်းမှိုင်း
ဦးနှောက်က နှေးကွေး
အသိဉာဏ်က ဝေးသထက်ဝေးလို့
ခံစားမှုက ပုပ်အက်ဆွေးမြေ့
ကြာတော့ 
စက်ရုပ်တစ်ရုပ်ရဲ့ သေနေ့ကိုရှာ
ငါ့ကိုယ်ငါတောင် ဘာသာမပြန်တတ်တော့ဘူး
မငို မမဲ့ မပြုံးတတ်တဲ့
သက်မဲ့ မျက်နှာ
ငါ့ခန္ဓာက ဘာသားနဲ့ ထုထားသလဲ
အို… အိုအေစစ်
ကန္တာအလယ်မှာ နွေသင့်တဲ့သူ
ရင်အပူကို လာဝင်ကူလို့
ညတွေဆို
အိပ်မက်ချိုတွေနဲ့ နှစ်ခြိုက်ေစခဲ့တာ
မနက်ဖန်တွေလည်း သာယာလို့
ငါ့အရုဏ်တွေ ရောင်နီပျို့ခဲ့ပြီ
နှင်းကို မေ့နေခဲ့သလို
နှင်းကိုလည်း မတွေ့ရတဲ့
နှင်းမရှိတဲ့ ကမ္ဘာ
ဆောင်းမလာတဲ့ အရပ်
အခုဆို နှင်းကိုယ်ငွေ့နဲ့
ချမ်းတတ်လာခဲ့…
နှင်းဦးဝေလို့
နှင်းခဲတွေ ကြွေကျ
နှင်းစက်တွေနဲ့ နွေဘဝ
လှပလာလိုက်တာ
နှင်းပွင့်ကို ပန်
နှင်းသက်တဲ့ ဆံနွယ်တွေနဲ့
နှင်းကိုယ်တိုင် လူယောင်ဖန်ဆင်း
နှင်းပျိုးတဲ့ ပန်းတစ်ခင်း
ရင်တွင်းမှာ ဝေ
နှင်းမှုန်တွေ ကြဲဖြန့်
ငါ့မနက်တွေ အရုဏ်တက်ပါတော့….။ ။

(အခုမှ ငါ့နှလုံးသားက ပြန်ပြီးအသက်ဝင်လာခဲ့တာ
မင်းက ဆက်လက်ရှင်သန်ခွင့် ပေးမှာလား နှင်းရယ်
ငါ့အတွက် အနွေးထည် မလိ်ုအပ်ပါဘူး…)

တောက ကိုရင်

10 comments

  • Nan Shin

    August 28, 2011 at 2:13 pm

    တောကကိုရင်ရဲ့ကဗျာတွေခံစားရတာ မတူညီတဲ့ရသမျိုးတွေနဲ့ အတွေးဆလေးတွေကို စွဲထုတ်ပေး
    နိုင်တယ်လို့ယူဆပါတယ်။

    Reply

    • koyin

      August 28, 2011 at 3:00 pm

      ဟုတ်..ကိုရင်လည်း လက်တည့်စမ်းကြည့်တာပါ
      နန်းရှင် ပျော်ရွှင်ပါစေ…

      Reply

  • မီးမီး သော်

    August 28, 2011 at 6:00 pm

    တောက ကိုရင်ရေ စာသားတွေက လန်းပါတယ်။ဘာပုံလေးဖော်ထားတာလဲဟင်။အပင်များလားးးးး

    Reply

    • koyin

      August 28, 2011 at 9:31 pm

      စာသားတွေလည်း လန်းပါတယ်
      လူလည်း လွမ်းပါတယ်
      ပုံဖော်ထားတာလား
      သိဝူးဗျ အဟီး
      ဒီတိုင်းပဲ တင်လိုက်တာပဲ
      ဖော်လည်း ဖော်တတ်ဘူး
      မီးမီး ပျော်ရွှင်ပါစေ…

      Reply

  • ရွှေအိမ်စည်

    August 28, 2011 at 6:43 pm

    သိပ်လည်းမြောက်မနေနဲ ့အုံး….
    သိတယ်မလားငါ့ကတော့…..ချီးမွမ်းတာနည်းတယ်..ဟဟ

    Reply

  • koyin

    August 28, 2011 at 9:32 pm

    ရော ခက်ချေပြီ တမုံ့
    မြှောက်ပါစေ..
    ကိုရင်က အမြှောက်ကြိုက်တယ် သေနတ်ထက်
    ထိပ်ထားလေး ပျော်ရွှင်ပါစေ…

    Reply

    • koyin

      August 29, 2011 at 5:12 pm

      အင်…

      Reply

  • ရွှေအိမ်စည်

    August 29, 2011 at 12:39 am

    သူကြီးကလည်းငါ့ဆို..နှုတ်မယ်ဆိုတာကြီးဘဲ…..
    နင်နော်…)))))))

    Reply

    • koyin

      August 29, 2011 at 5:13 pm

      အင်းးးးးးးးးးးး

      သဂျီးရယ် ခွင့်လွှတ်လိုက်ပါကွယ်
      ထိပ်ထားလေး ငိုရှာရော့မယ်
      မလိမ္မာတခါမိုက်မို့
      တုတ်ကြီးကြီးနဲ့ နာနာရိုက်ပါဟယ်…

      Reply

Leave a Reply

Your email address will not be published.