ဇာတ်သိမ်း (ကဗျာ)

black chawAugust 27, 20111min01

လေဟုန်စီးနေတဲ့

သိမ်းငှက်တစ်ကောင်ရဲ့

ရဲရင့်မှုမျိုးနဲ့

ငါမင်းကိုချစ်ခဲ့ ……………………….။

ကလေးငယ်တစ်ယောက်ရဲ့

လေးခွပစ်ချက်မှာ

စာငှက်တစ်ကောင်ရဲ့

သေပွဲဝင်မှုမျိုးနဲ့

ငါဟာအသည်းကွဲခဲ့ …………………..။

One comment

  • ဟိုက် …..
    တိုတိုနဲ့ ထိထိမဲပဲဗျ … ကြိုက်တယ်ဗျို့ …..
    ကိုချောကဗျာကို ဘာလို့များ Comment မပေးကြတာပါလိမ့် … နည်းနည်းတော့ ထူးဆန်းပါပေ့ …
    ……………………………………………….
    အာဏာရှင်တစ်ယောက်ထက်
    ငါ့အပေါ်မှာ အုပ်ချုပ်နိုင်စွမ်းတဲ့
    ဘုရင်မ
    နိုင်ငံရေးသမားတွေထက်
    ငါ့အပေါ်မှာ မာယာတွေအပြည့်နဲ့
    နတ်သမီး
    အွန်လိုင်းမင်းသမီးတွေထက်
    ငါ့အပေါ်မှာ ညို့ငင်နိုင်လွန်းတဲ့
    မင်းသမီး
    အခုတော့
    အသည်းစားဘီလူးမထက်
    ပိုလွန်းတဲ့ ကစ်ချက်နဲ့
    ရင်ဘတ်တစ်ခုလုံး ကြေမွ
    အသည်းနှလုံး စုတ်ပြတ်
    ချစ်ခြင်းမေတ္တာတွေ မြေခ
    သံယောဇဉ်တွေ မြေမြုပ် သဂြိုလ်ခဲ့မှတော့
    ငါ့ ဘဝလည်း
    ဟီရိုရှီးမားမြို့က အနုမြူဗုံးမျိုးနဲ့
    ဇာတ်သိမ်းရရင် တော်ပါသေးရဲ့ ……

    ချစ်ခင်စွာဖြင့်
    မင်းကောင်

    Reply

Leave a Reply

Your email address will not be published.