သိုက်ပျောက်ငှက်

koyinAugust 27, 20116min015
သိုက်ပျောက်ငှက်

သူတို့တွေ အိပ်တန်းပြန်ကြပြီ…….
..
မနက်ဆို အရုဏ်တက်
အလင်းစက်ကို သောက်
လောကကို တောက်ပစေတဲ့အရာ
နေသာသတဲ့လား…?
ကျွတ်ကျွတ်ညံ အသံပေးလို့
ဝမ်းရေးအတွက် လှုံ့ဆော်
လာကြဟေ့ ဘောဒါတို့
ငါတို့တွေ အစာရှာထွက်မယ်…
 ညောင်သီးကိုစားရင်း လေးသံကိုစွင့်
ခဲမှန်တာကို ကျင့်သားရလို့
ထုသားပေသားကျသူ
နွေနေပြင်းက ပူလိုက်တာ…
ဟိုမှာ လေနီကြမ်း ဟိုမှာ လက်သရမ်းသူ
ဟိုမှာ ဇာတ်တူရာစား ဟိုမှာ မုဆိုးများ
အားနည်းသူအတွက် လုံခြုံရာ
ဘယ်ဌာနမှာ ရှာမတွေ့ဘူး…
ဘာအတွက်လဲ ဘာ့ကြောင့်လဲ
ဘယ်သူတွေစီရင်ပြီး ဘယ်သူတွေပြစ်ဒဏ်ခတ်ခဲ့တာလဲ
အသိုက်ထဲက ထွက်ခဲ့တဲ့ ကျနော်
ခိုနားရာကို မျှော်တတ်လာပြီ…
မျက်စိလည် အတောင်ညောင်း
တောင်စောင်းမှာ နေကွယ်
အိပ်တန်းကို ပြန်မယ်ကြံကာမှ
ငါ့အသိုက်ကို ဘယ်သူက နေရာရွေ့ထားသလဲ…
နီးရက်နဲ့ဝေး ခရီးဆက်မယ့်အရေးမှာ
ရွှေပြည်တော်လည်း မျှော်တိုင်းဝေး
တောမြိုင်ထဲမှာ ကျားရဲဘေးကြောင့်
ထွက်ပေါက်ကို ဘယ်လိုရှာရမလဲ…

 

ပစ္စုပ္ပန်ဆိုတာမသိ အနာဂါတ်ဆိုတာမရှိ
မှီခိုရာကင်းသည့် ဘဝမှာ
ဦးတည်ရာမဲ့ ပျံသန်းရင်း
ပန်းတိုင်မရှိတဲ့ ခရီးက ကြမ်းတယ်…
အမေရယ်…ဘယ်မှာလဲ
အဖေရယ်…ဘယ်မှာလဲ
ပြည်တော်ပြန် ကံနည်းတဲ့ကျုပ်
ညနေဆို မိုးချုပ်မှာ ကြောက်တတ်လာခဲ့…
ဒီအချိန်ဆို မိသားစုနဲ့
သူတို့တွေ ပျော်နေလောက်ပြီ
ခိုနားရာ ရှားတဲ့ဘဝ
ပူတယ်အေးတယ် ရွေးမရလို့
သက်စောင့်အနွေးဓါတ်နဲ့ အန်တု
ဒုက္ခကို အဖော်ပြုရင်း
ခဏလောက် မှေးစက်ဖို့ ခွင့်ပြုကြပါ…
သူတို့တွေ အိပ်တန်းပြန်ကုန်ကြပြီ…
ကျနော်လည်း အိပ်ငိုက်လာပြီ အမေ…။ ။
………
.
မိဝေးဖဝေး ချစ်သူဝေးမှာ အသိုက်ပျောက်နေကြရှာသော ငှက်ငယ်လေးများအားလုံး၏ကိုယ်စား…
တောက ကိုရင်

 


15 comments

  • ရွှေအိမ်စည်

    August 27, 2011 at 9:44 pm

    ငါ့ကဖိတ်ပြီး.ကောက်နေရင်…..ကလေးဆန်နေတယ်ပြောနေအုံးမယ်…
    …………..
    နင်ကဗျာတွေ ငါ့ကကောင်းလို ့ရေးဖို ့ခေါ်တာပါ..
    ပြီးတော့ကဗျာကို..
    ရေးချင်နေတဲ ့လက်ရည်စမ်းနေတဲ ့မျိုးဆက်လေးတွေ တွေ ့ရင်လည်း
    ဝင်ကူညီပြင်ပေးပေါ့……

    နင်ကလောင်အမည်တစ်ခုနြ ့လည်းဘလော ့ရေးဖူးပါတယ်….
    နင့်စာငါဖတ်ဖူးတယ်လေ

    ဧဒင်မှာ..ကိုကကြီးတောင်သင်ပေးနေတယ်လေ…
    နင်လည်းသင်ပေးပေါ့…

    တတ်နေလို ့သိပ်တော်နေလို ့သင်ပေးတာမဟုတ်ရပါဘူး..
    ငါ့တို ့ကလည်း..ဆရာကြီးတွေ မဟုတ်ပါဘူး
    ငါထင်ပါတယ်..ငါတွေးတာလွဲ ခဲတယ်ဟဟ
    ကလေးတွေ တော်တော်များများဝင်လာလိုက်မယ်…
    နည်းသိနေတယ်လေ..ငါက..

    သင်ပေးတာ..ဒီမှာမဟုတ်ဘူးနော်forumမှာ….
    သိပ်လည်းပေါမနေနဲ ့..ငါသူငယ်ချင်းကငပေါလို ့ပြောနေမယ်။
    နင်ပျော်ပါစေ…

    Reply

  • ရွှေအိမ်စည်

    August 27, 2011 at 9:45 pm

    ငါ့ကဖိတ်ပြီး.ကောက်နေရင်…..ကလေးဆန်နေတယ်ပြောနေအုံးမယ်…
    …………..
    နင်ကဗျာတွေ ငါ့ကကောင်းလို ့ရေးဖို ့ခေါ်တာပါ..
    ပြီးတော့ကဗျာကို..
    ရေးချင်နေတဲ ့လက်ရည်စမ်းနေတဲ ့မျိုးဆက်လေးတွေ တွေ ့ရင်လည်း
    ဝင်ကူညီပြင်ပေးပေါ့……

    နင်ကလောင်အမည်တစ်ခုနြ ့လည်းဘလော ့ရေးဖူးပါတယ်….
    နင့်စာငါဖတ်ဖူးတယ်လေ

    ဧဒင်မှာ..ကိုကကြီးတောင်သင်ပေးနေတယ်လေ…
    နင်လည်းသင်ပေးပေါ့…

    တတ်နေလို ့သိပ်တော်နေလို ့သင်ပေးတာမဟုတ်ရပါဘူး..
    ငါ့တို ့ကလည်း..ဆရာကြီးတွေ မဟုတ်ပါဘူး
    ငါထင်ပါတယ်..ငါတွေးတာလွဲ ခဲတယ်ဟဟ
    ကလေးတွေ တော်တော်များများဝင်လာလိုက်မယ်…
    နည်းသိနေတယ်လေ..ငါက..

    သင်ပေးတာ..ဒီမှာမဟုတ်ဘူးနော်forumမှာ….
    သိပ်လည်းပေါမနေနဲ ့..ငါသူငယ်ချင်းကငပေါလို ့ပြောနေမယ်။
    နင်ပျော်ပါစေ…

    အော်..နင်လည်းအသိုက်မပျောက်စေနဲ ့

    Reply

    • koyin

      August 28, 2011 at 3:14 pm

      ကိုရင်လည်း သင်ပေးချင်ပါတယ်
      သိတာ တတ်တာလေး
      ဆရာကြီးလုပ်ရတာ ငါလည်း ဝါသနာ ပါတယ်လေ
      ခက်တာက ဘာမှ မသိ မတတ်တာ ဟီး
      မေးရင်တော့ ဖြေပေးမယ်လေ
      ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်
      ပြောမရရင် တုတ်နဲ့ ရိုက်မယ်

      Reply

  • yetazar

    August 28, 2011 at 2:02 pm

    ကဗျာလေးအရမ်းကြိုက်ပါတယ်။ကဗျာနောက်ကွယ်မှာရှိတဲ့ မြှုပ်ကွက်လေးကိုပိုကြိုက်တယ် ။ ငှက်ကလေးတွေနဲ့ ကျွန်တော်တို့ဘဝတွေဟာတူတူပါပဲ ။ ကျွန်တော့တို့အသိုက်တွေကရော ဘယ်နေရာကိုရွှေ့ထားခံခဲ့ရပြီလဲ …………. ။

    Reply

    • koyin

      August 28, 2011 at 3:15 pm

      ဟုတ်..
      ဒီကဗျာလေးက သူငယ်ချင်းတစ်ယောက်ရေးခိုင်းလို့ ရေးဖြစ်သွားတာ
      ကဗျာပေါ်က စာတွေကိုပဲ ဖတ်ကြတာ များပါတယ်
      နောက်ကွယ်က မြှုပ်ကွက်လေးကို တွေ့တယ်ဆိုလို့
      အတိုင်းမသိ ကျေနပ်မိတယ်
      ပျော်ရွှင်ပါစေ…

      Reply

  • Nan Shin

    August 28, 2011 at 2:48 pm

    လွှတ်မိုက်တယ် တယ်ကကိုရင်ရေ။လန်းတယ်။

    ပစ္စုပ္ပန်ဆိုတာမသိ အနာဂါတ်ဆိုတာမရှိ
    မှီခိုရာကင်းသည့် ဘဝမှာ
    ဦးတည်ရာမဲ့ ပျံသန်းရင်း
    ပန်းတိုင်မရှိတဲ့ ခရီးက ကြမ်းတယ်…

    ဘဝသရုပ်ပေါ်တယ်ဗျ။

    Reply

  • koyin

    August 28, 2011 at 3:44 pm

    အဲ…
    မိုက်ရမယ်လေ တောက ကိုရင်ပဲဟာ…
    ပျော်ရွှင်ပါစေ…

    Reply

  • မီးမီး သော်

    August 28, 2011 at 6:11 pm

    “”နီးရက်နဲ့ဝေး ခရီးဆက်မယ့်အရေးမှာ
    ရွှေပြည်တော်လည်း မျှော်တိုင်းဝေး
    တောမြိုင်ထဲမှာ ကျားရဲဘေးကြောင့်
    ထွက်ပေါက်ကို ဘယ်လိုရှာရမလဲ…””
    တနေ ့ပြန်လာမှာပေါ့။အားလုံးသူ အမေ့ရင်ခွင်ကို မလွမ်းဘဲနေကြပေါ့မလား??????????????????

    Reply

    • koyin

      August 28, 2011 at 10:29 pm

      အဲ…
      အဲလိုမဟုတ်ဘူးလေ… ကဗျာရဲ့ ဆိုလိုရင်းက
      အဝေးရောက်နေတဲ့ ငှက်ငယ်လေးတွေ အိမ်ကို လွမ်းတာ အပြင်
      နောက် အဓိကအချက်ရှိသေးတယ်
      အသိုက်နဲ့ ဝေးနေတဲ့ ငှက်လေးတွေကို ပြောတာ မဟုတ်ဘူး
      အသိုက်ပျောက်သွားတဲ့ ငှက်လေးတွေအကြောင်းပါ…
      မီးမီး ပျော်ရွှင်ပါစေ…

      Reply

  • nature

    August 28, 2011 at 10:09 pm

    ကိုရင် ကဗျာလေးတွေကရေးထားတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်ကို ပါရမီရှင်တယောက်ပါပဲ။

    Reply

    • koyin

      August 28, 2011 at 10:33 pm

      ဗျာ
      ဟုတ် ကျေးဇူးတင်ပါတယ်
      သဘာဝတရားကြီးက ပေးထားတဲ့ ခွန်အားတွေပါ
      ကိုရင် လက်တည့်စမ်းပြီး ရေးထားတာလေးတွေပါ…
      ထပ်ကြိုးစားပါ့မယ်
      ပျော်ရွှင်ပါစေ…

      Reply

  • yetazar

    August 30, 2011 at 9:30 am

    နားခိုရာမဲ့ခဲ့တဲ့ငှက်ကလေးတွေ ၊ မုန်တိုင်းသင့်ပြည်သူတွေ ၊ အသိုက်ပျောက်ခဲ့တဲ့ငှက်ကလေးတွေ ၊ ဘဝတက္ကသိုလ်ထဲက သူရဲကောင်းတွေ အသိုက်တွေဘယ်ကိုရွှေ့ခံခဲ့ရပြီလဲ ။ အသိုက်တွေပြန်ရှာတွေ့နိုင်ပါ့မလား ။ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံဆိုပေမယ့် ငါတို့ဘဝတွေကတော့ မြေစာမြက် ဖြစ်ခဲ့ပြီလား ။ သစ်ငုတ်ကိုဘယ်တော့မှကျော်လွှားနိုင်တော့မှာလဲ ။ စဉ်းစားရင်းနဲ့ ရူးတော့မယ် ကိုရင်ရေ့ ….. ။

    Reply

  • nozomi

    August 30, 2011 at 11:23 am

    ဒါရိုးရိုး ကိုရင်တော့ မဟုတ်ဘူး ကိုရင်ယောင် ဆောင်ထားတဲ့ စာချဘုန်းကြီး ဖြစ်ရမယ်

    သိုက်ပျောက်ငှက် အကြောင်းပြောပြနိုင်တဲ့သူဖြစ်သလို အသိုက်ပြန်ရှာပေးနိုင်တဲ့သူလဲ ဖြစ်ပါစေဗျာ

    Reply

  • char too lan

    August 30, 2011 at 1:03 pm

    ကဗျာဖတ်ပီး နင့်နေအောင်ခံစားနေရတုန်း
    ထိပ်ဆုံးက မန်းထားတာတွေ ့တော့
    ရူးချင်သွားတယ် နေရာမှားပီး၂လုံးထီအတိတ်ပေးတာလားလို့ 🙁

    Reply

  • မီးမီး သော်

    August 30, 2011 at 1:26 pm

    ချာတူးလန်က ရွှေအိမ်စည်ကိုပြောတာလား။ခဏနေစိတ်ဆိုးနေဦးမယ်။

    Reply

Leave a Reply

Your email address will not be published.