ကျွန်ုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရများ (၂)

asiamastersAugust 21, 20111min08

၁၉၉ရ ခုနှစ်မှာ နောက် ဒုတိယဝန်ကြီးချုပ်တစ်ဦးရဲ့ ထပ်မံတာဝန်ပေးချက်အရ ရန်ကုန်မြို့မှာရှိတဲ့ စစ်ထောက်ချုပ်ရုံးမှာ တာဝန် ထမ်းဆောင်ခဲ့ရ ပါတယ်။ အခုတော့ရုံးတွေကပြောင်းလဲကုန်ပါပြီ။ ယခင်စစ်ထောက်ချုပ်ရုံးဆိုတာက ယခု အထက-၁ ဒဂုံရှိတဲ့ အလံပြဘုရားလမ်း အတိုင်း ဆူးလေဘက်ကို မဆင်းပဲ အပေါ်တက်သွားလိုက်ရင် စစ်ရုံးတံခါးကြီးကိုတွေ့ရပါလိမ့်မယ်။ ဒီတံခါးကြီးကို အတွင်းကိုဆက်ဝင်သွားမယ်ဆိုရင် ဘယ်ဘက်လေးမှာရှိတဲ့ဒုတိယမြောက် အုတ်နီ အဆောက်အဦ တစ်ခုဖြစ်ပါ တယ်။ အဆောက်အဦဟာ (၃) ထပ်ရှိပြီး P  ပုံသဏ္ဍာန်ရှိပါတယ်။ P ရဲ့အတွင်းနေရာလေးမှာတင်းနစ်ကွင်းလေးရှိပါတယ်။ P ရဲ့ ခြေရင်းလေးမှာ ဘော်လုံးကွင်းအရွယ် မျက်ခင်းရှိပါတယ်။ ကိုလိုနီအဆောက်အဦတစ်ခုဖြစ်ပြီး အုတ်နီနဲ့ တည်ဆောက်ထား တဲ့အတွက် ကြည့်ရတာရိုးရိုးလေးနဲ့ အလွန်လှပါတယ်။ ကုက္ကိုလ်ပင်ကြီးတွေ အုပ်ဆိုင်းနေတော့ နေပူထဲကလာရင်တောင်အေးမြ သွားစေပါတယ်။ စစ်ထောက်ချုပ်ရုံးက ပထမထပ်မှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရုံးခန်းဟာလည်း အဆောက်အဦရဲ့မြောက်ဘက် ပထမထပ်မှာဖြစ်ပါတယ်။ ရောက်ရောက်ချင်းတော့ အထိုင်မကျသေးတာနဲ့ ဘာမှမလေ့လာနိုင်ပါ။ ခိုင်းထားတဲ့ကိစ္စတွေကို ကျေပွန်အောင်၊ နားလည်နိုင်အောင် နေ့မအိပ် ညမအိပ် ကြိုးစားနေခဲ့ရပါတယ်။

ဒီလိုပဲအမှုမဲ့အမှတ်မဲ့နဲ့နေခဲ့ပေမဲ့ တစ်ရက်မှာ အင်္ဂလိပ်စာဆရာကြီးဦးစောထွန်းက စာအုပ်တစ်အုပ်ယူလာပါတယ်။ စာအုပ်က အတော်နွမ်းနေပါပြီ။ စာအုပ်အမည်ကိုဖတ်လိုက်တော့ ဂျပန်ခောတ်ဆေးရုံကြီးဖြစ်ပါတယ်။ ကျွန်တော်ဟာ မြန်မာစာ ကို ဖတ်လေ့ ဖတ်ထ သိပ်မရှိသူဖြစ်တဲ့အတွက် အစက စိတ်မဝင်စားပါ။ ဒါပေမဲ့ ဆရာကြီးဦစောထွန်းက ဒီစာအုပ်က အခု ကျွန်တော် အလုပ်လုပ်နေတဲ့ ရုံးအကြောင်းပါတယ်လို့ပြောတော့ နဲနဲစိတ်ဝင်စားလာပါတယ်။ စဖတ်လိုက်တာနဲ့ လက်က မချ ချင်တော့ပါဘူး။

ဒီအဆောက်အဦဟာ အင်္ဂလိပ်ခောတ်မှာဆောက်လုပ်ထားခဲ့တဲ့ ဒိုင်အိုဆီဇန် (Diocese) လို့ခေါ်တဲ့ ခရစ်ယာန် မိန်းကလေး ကျာင်းတစ်ကျောင်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးက ၁၉၃၉ ခုနှစ်လောက်မှာစဖြစ်တာပါ။ အဲဒီနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဂျပန်တွေနဲ့ မြန်မာ့မျိုးချစ်တပ်တွေဝင်လာတဲ့အချိန်ကိုတော့ ဂျပန်ခောတ် လို့ဆိုပါတယ်။ အချိန်ကတော့ ၁၉၄ဝ ခန့်ကနေ ၁၉၄၅ လောက်ထိကိုဆိုလိုတယ်။ အဲဒီဂျပန်ခောတ်မှာ ဒီအဆောက်အဦကို ဆေးရုံ အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာမြင့်ဆွေရေးတဲ့ ဂျပန်ခောတ်ဆေးရုံကြီးဆိုတာက ကျွန်တော် အလုပ်လုပ်နေတဲ့ နေရာဖြစ်နေမှန်းသိလာရပါတယ်။ ဒီနေ့ကနေစပြီး ကျွန်တော်ဟာ တစ်ခန်းဝင်တစ်ခန်းထွက် အကုန်လိုက်ရှာတော့တာပါပဲ။ တစ်ခါတရံ လူကြီးအခန်းတွေထဲမှားဝင်သွားလို့လဲ အဟောက်ခံခဲ့ရတာလည်းရှိပါတယ်။

ဒီအဆောက်အဦဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုံးဝပတ်သက်နေတဲ့ လွမ်မောစရာနေရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဂျပန်ခောတ်မှာ ဗိုလ်ချုပ်အောင်ဆန်းနေခဲ့အိမ်ဟာ ယခု အထက – ၁ (ဒဂုံ) ရှေ့မှာရှိတဲ့ အင်္ဂလိပ်သံအမတ်ကြီး နေအိမ် ဖြစ်ပါတယ်။ အထက -၁ (ဒဂုံ)ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့စစ်ရုံးဖြစ်ပါတယ်။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းအိမ်နဲ့ ဆေးရုံဟာ မနီးမဝေလေးမှာတည်ရှိတာဖြစ်ပါတယ်။ ဂျပန်ခေတ်ဆေးရုံရဲ့ ဆေးရုံအုပ်ကြီးဟာ ဒေါက်တာဘသန်းဖြစ်ပါတယ်။ ဒေါက်တာဘသန်းဟာ မြန်မာနိုင်ငံမှ ပထမဆုံး အင်္ဂလန်နိုင်ငံမှ FRCS အောင်မြင်ခဲ့သူဖြစ်ပါတယ်။ ဆေးရုံနဲ့နီးသောလည်း ဗိုလ်ချုပ်အောင်ဆန်းဟာ အလုပ်အလွန်များတဲ့အတွက် တစ်ခါမှာ မလာဖူးပါဘူး။ သို့သော်တစ်နေ့မှာ ဗိုလ်ချုပ် အပြင်းဖျားလေပြီ။ ဖျားရတဲ့အကြောင်းရင်းကတော့ အလုပ်အရမ်းများတာရယ်၊ ဆေးလိပ်အရမ်းသောက်တာရယ်ပါပါတယ်။ ဒီတော့ဘာတွေဆက်ဖြစ်ကြမလဲ။ နောက်တစ်ပိုင်းမှာဖတ်ပါ။

8 comments

  • Rpay2

    August 21, 2011 at 12:46 pm

    :-B

    *-:)

    X_X

    :>

    Reply

  • koyinmaung

    August 21, 2011 at 1:17 pm

    စိတ်ဝင်းစားစရာပိုကောင်းလာပြီ ဆက်ရေးပါအုံး စောင့်ဖတ်နေပါတယ်..

    Reply

  • kai

    August 21, 2011 at 3:00 pm

    ဦးနေဝင်းရဲ့.. ဒုတိယအိမ်ထောင်.ဒေါ်ခင်မေသန်းအဖေက.. ဦးဘသန်းလို့ထင်တာပဲ..။
    ဂျပန်ခေတ်ဆေးရုံရဲ့ ဆေးရုံအုပ်ကြီးဒေါက်တာဘသန်းဟာ..အဲဒီဦးဘသန်းများလားလို့..သိချင်လို့ပါ..။

    Reply

    • maungmoenyo

      August 22, 2011 at 6:29 am

      မြန်မာသမားတို့ရဲ့ဖခင်ကြီးလို့မည်ခဲ့တဲ့ ဒေါက်တာဦးဘသန်းဟာ ဆေးတက္ကသိုလ်မှာနံမယ်ကျော်ကြားခဲ့တဲ့ “ဇွဲ”အငြိ့မ့်ကိုထောင်ခဲ့ပြီး၊ တက္ကသိုလ်လောကရဲ့ မဟုတ်မဟတ်မတရားမှုကိစ္စတွေကို ဖေါ်ထုတ်ခွင့်ပြုခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုကြည်ညိုသူပြီပြီ ဗိုလ်ချုပ်နဲ့ တကွ သူ့ရဲဘော်တွေကိုစဉ်ဆက်မပြတ်ကူညီခဲ့ပါတယ်။ သူ့သမီးဖြစ်သူ ကစ်တီခင်မေသန်းရဲ့ ဒုတိယခင်ပွန်းကတော့ သွားလေသူ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်ပါတယ်။ ဆိုခဲ့တဲ့ ဇွဲ အငြိမ့်ဟာ ဒေါက်တာဘသန်းကွယ်လွန်ပြီးနောက်ပိုင်းအထိ ခေတ်စားခဲ့တဲ့ ရန်ကုန်ဆေးတက္ကသိုလ်(၁) ရဲ့ ပင်တိုင်အငြိမ့်ဖြစ်ခဲ့သလို၊ အငြိမ့်မှာပါဝင်ခဲ့ကြသူတချို့ဟာ နိုင်ငံရဲ့အရေးပါတဲ့ ကျန်းမာရေးဌာနရဲ့အကြီးအကဲတာဝန်များတာဝန်ယူခဲ့ကြပါတယ်။

      Reply

    • aye.kk

      August 17, 2015 at 8:24 pm

      မှန်ပါ့သူကြီး

      Reply

  • pooch

    August 21, 2011 at 3:37 pm

    အင်း…. စိတ်ဝင်စားစရာပဲ … ဆက်ရေးပါ အုန်း..

    Reply

  • asiamasters

    August 21, 2011 at 4:18 pm

    ဟုတ်ပါတယ် kai, ဗိုလ်ချုပ်ရဲ့ မင်္ဂလာပွဲမှာ စန္ဒယားတီးသီဆိုခဲ့သူလေးကတော့ ဒေါ် ကစ်တီဘသန်းဖြစ်ပါတယ်။ ဒေါက်တာ ဘသန်းရဲ့ သမီးဖြစ်ပါတယ်။ နောက်မှာ တော့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့အကြောင်းပါပါတယ်။

    Reply

  • Ma Ma

    August 17, 2015 at 7:48 am

    ရာဇဝင်တွေ သမိုင်းတွေ ဆက်စပ်သိမိလိုက်ရတယ်။ 🙂

    Reply

Leave a Reply

Your email address will not be published.