ခေါက်ဆွဲအွန်…. (ရှမ်းအစားအစာ)

Yin Nyine NwayAugust 15, 20111min04

ခေါက်ဆွဲအွန်လုပ်စားဖို့
အရင်ဆုံး… ဆန်ပြားခေါက်ဆွဲဖတ် သူက မလှီးရသေးတဲ့ ဆန်ပြားပါ
သံဈေးမှာ ရနိုင်ပါတယ်
ပြီးရင် ကြက်သားကို တောက်တောက်စင်းထား
အရင်ဆုံး… ဆီအရင်တည်…ဆီပူလာရင် အရောင်တင်မှုန့်ထည့်… ပြီးရင် ကြက်သွန်နီ ပါးပါးလှီးထားတာကိုဆီသတ် နီလာရင် ခရမ်းချဉ်သီ တောက်တောက်စင်းထားတာကိုထည့် … ခရမ်းချဉ်အနှစ် ကျက်လောက်ရင် ပါးကောလို့ ခေါ်တဲ့ တရုတ် မာဆာထည့် .ပြီးရင် ခစနေက ကြက်သားထည့်ပြီး ရောပြီးဆီသတ်ပါ ….
ဆား အချိုမှုန့် လိုအပ်သလို ထည့်ပြီးရင် ခဏနေက ဆန်ပြားခေါက်ဆွဲ အပြားထဲ ထည့်ပြီးလိပ်ပါ …. ပြီးရင် အောက်ကနေ ဆလပ်ရွက်ခံပြီး ိပ်ထားတဲ့ အလိပ်လေးကို ထမင်းလိပ် ကိုလှီးသလို အပိုင်းပိုင်းတွေလုပ်ပြီး စားသုံးနိုင်ပါတယ်
ဆီအများကြီးမထည့်ပဲ အနေတော် အခြောက်လုပ်မှ စားကောင်းမှာပါ
ဖြစ်နိုင်ရင် ကြက်သားကို ရောကြော်လိုက် သလို ဖြစ်အောင် လုပ်ပါ
ဒါမှ ပိုပြီး အရသာရှိလှတဲ့ ခေါက်ဆွဲအွန်ကို ရရှိမှာပါ
ပြီးရင်တော့ ဆန်ချိုအေးအေးလေးနဲ့ ရောစားရင်တော့ တော်တော် အရသာရှိလှတဲ့
ရှမ်းအစားအစာ တခွက်ကို ရရှိမှာပါ

4 comments

  • MaMa

    August 15, 2011 at 8:15 pm

    ဆလပ်ရွက် ကို ဆန်ပြားပေါ်ခင်းပြီး အဲဒီအပေါ်ကိုမှ ချက်ထားတဲ့အဆာကိုထည့်ပြီး လိပ်တာလား။ ဆလပ်ရွက်ထည့်ပုံကို ပြောထားတာ သိပ်မရှင်းလို့။
    ဆန်ချိုအေးအေးလေးနဲ့ စားရမယ်ဆိုတော့ ဆန်ချိုဆိုတာဘာလဲ။ ဘယ်လိုလုပ်ရလဲ ထပ်တင်ဖို့ တာဝန်ရှိတယ်နော်။
    😉

    Reply

  • zaw min

    August 15, 2011 at 9:23 pm

    ဒီမှာရှိတဲ့ တရုတ်အသံထွက်( ရှောက်ရှိဖန်) နဲ့တူတယ်…ဆန်ပြားရော…အစာသွပ်ပုံပါ၊ပုဇွန်နဲ့လည်းရတယ်…ချီလီဆောစ့်တစ်မျိုးစမ်းပီးစားပါတယ်..ဆန်ပြားကိုကိုယ်တိုင်လုပ်ပါတယ်…ကျနော့်တော့ကြိုက်တယ်…မြန်မာပြည်ကကော်ပြန့်စိမ်းနဲ့တူလို့…

    Reply

  • ကျနော်သိတဲ့ဆန်ချိုအေးကတော့
    ကောက်ညှင်းနဲ့လုပ်တဲ့ဖျော်ရည်အအေးဘဲ။
    သောက်လို့ကောင်းတယ်နော်
    ဘယ်လိုလုပ်ရသလဲတော့ ကျနော်မသိဘူး
    ကျနော်က စားရုံသက်သက် ……………….

    Reply

  • chitlay

    August 16, 2011 at 10:15 am

    ဆန်ချိုအေးက လှော်စာပုံစံမျိုးပါပဲ … ဒါပေမယ့်သူက လှော်စာလို ချဉ်စုတ်စုတ်အရသာမျိုးမဟုတ်ပါဘူး .. ချိုချိုအေးအေးလေးနဲ့ သောက်လို့ကောင်းပါတယ် … သံပုရာသီးလေး တစ်စိတ်လောက် ညှစ်ထည့်ပြီးသောက်ရင် ပိုပြီးကောင်းပါတယ် … လုပ်နည်းကတော့ မသိပါဘူး။

    Reply

Leave a Reply

Your email address will not be published.