ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံအထွက်ဆုတ်ယုတ်ခဲ့သည့် အတွက်ပဲဈေးနှုန်းများဆက်တိုက်မြင့်တက်နေ

klnMay 10, 20101min00

ကမာ္ဘ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် သီးနှံအထွက် ဆုတ်ယုတ်ခဲ့ကြောင်းနှင့် အထူးသဖြင့် အယ်လ်နီညိုကြောင့် ပဲတီစိမ်းစိုက်ခင်းများ ပျက်စီးခဲ့သကဲ့သို့ အခြားသီးနှံများလည်း ထုတ်လုပ်မှုဆုတ်ယုတ်ခဲ့သည့် အတွက် ပဲဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသော သတင်းများအရသိရှိရသည်။ ယခုနှစ်တွင် ပဲရာသီမတိုင်မီကပင်ပြည်တွင်းပဲဈေးနှုန်းများမြင့်တက်ခဲ့ပြီး ပဲပေါ်ချိန်၌ အနည်းငယ်ပြန်ကျရိပ်ရှိခဲ့သော်လည်း နောက်ပိုင်းဆက်တိုက်မြင့်တက်လာကာ ယခင်မျှော်မှန်းထားသည့် ဈေးနှုန်းထက်ပင်ပို၍ မြင့်တက်နေကြောင်း သိရှိရသည်။ “ ဒီနှစ်ပဲဈေးတက်တာ ပြည်တွင်းမှာ ပစ္စည်းပြတ်သွားတာတော့ မဟုတ်ဘူး။ ဥပမာ ပဲတီစိမ်းဆိုလို့ ရှိရင် အယ်လ်နီညိုကြောင့် ပဲတီစိမ်းစိုက်ခင်းတော်တော်များများပျက်စီးခဲ့တယ်။ အဓိက တရုတ်နိုင်ငံဆိုရင်သူ့နိုင်ငံက ပဲတီစိမ်းပျက်စီးသွားတဲ့အတွက် မြန်မာနိုင်ငံကပဲ တောက်လျှောက်တင်နေရတယ်။ ကမာ္ဘပေါ်မှာပဲတီစိမ်းအဓိကစိုက်တာ မြန်မာ၊ တရုတ်၊ ဩစတြေးလျ လောက်ပဲရှိတာ။ တရုတ်ကရာသီဥတုကြောင့် ပျက်သွားတယ်။ အခုပဲညီလာခံမှာ တရုတ်က ဩစတြေးလျပဲတီစိမ်းကို တစ်တန် အမေရိကန်ဒေါ်လာ ၁၅၀ဝအထိ ပေးဝယ်တယ်ဆိုတော့ ဘယ်လောက်တက်သွားလဲသိနိုင်ပါတယ်။ ဒါကတစ်ခါမှမဖြစ်ဖူးတဲ့ဈေးမျိုးပါ” ဟုစီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသတင်းအချက်အလက်ထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ အလားတူပင် မတ်ပဲဈေးမြင့်တက်လာသကဲ့သို့ ပဲတီစိမ်းဈေးလည်း သိသိသာသာ မြင့်တက်နေကြောင်း အိန္ဒိယမွမ်ဘိုင်းပေါက်ဈေးမှာ မတ်ပဲတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၃၉နှင့် ၁၄၄၄ဒေါ်လာကြား၊ ပဲတီစိမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅၀ဝ ဝန်းကျင်နှင့် ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၁၁၀ဝ ဝန်းကျင်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၁၂ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published.