ရွာမယ်ဆိုရင် မြေသင်းနံ့လေးယူခဲ့ပါ

ပြိုတော့မယ် မိုးကောင်းကင်
တိမ်ညိုတွေမည်း၊ မိုးသည်းတွေရွာ
တချို့လူတွေ ပြောကြသလို
ကံဆိုးသူမှာမှ မိုးက လိုက်လို့ရွာသပေါ့ဗျာ……..
မနေ့ညက အိပ်မက်မကောင်းတာနဲ့ မနက်မှာ ဖိနပ်ပျောက်တာ ဆိုင်သလိုပေါ့၊
ဒါမှ မဟုတ် မဆိုင်သလို၊ နီးဖို့ဆိုပြီး ဝေးမယ့်အကြောင်းတွေပဲ ချမေးတဲ့ စာမေးပွဲ
ကဲကဲ မရတဲ့သူ ခုံပေါ်တက်တဲ့………… ဆရာက ရိုက်လိမ့်မယ်။
ကျွန်တော် စာပြန်ကျက်တယ်။
ဆရာ့ကို ကြောက်လို့မဟုတ်ပါဘူးကွယ်………..
ကြိမ်လုံးနဲ့ ရိုက်မှ ရမယ် ထင်တဲ့ ဉာဉ်ကို ကြောက်တာပါ…
အရိုးစွဲရင် ပြင်ရခက်သတဲ့…. သွား..သွား စိတ်တွေသွားဆေးလိုက်ကြ၊
အခုခေတ်စာသိပ်မဖတ်ဘူးလို့ တံဆိပ်ပါတဲ့ လူငယ်ကပြောတယ်…..
ဘယ်လောက်ကောင်းတဲ့ စာရွက်တွေလဲဗျာ ဖတ်ရတာ အားနာစရာကြီး၊
ငါသံတွေမွန်းအောင်မွှန်ထ ……………. မေမေ…. သားကြောက်လာပြီ///////////////////////
သူနဲ့တူမှ သူလိုလူဖြစ်မယ့်ခေတ်မှာ
လူသားက ဘုရားသခင်ကို ပြန်ဖန်ဆင်းပြချင်တဲ့အခါ…………….၊
ဗီဇ၊ မျိုးရိုးတွေမပါဘဲ ……………..
စာပတီးသိုက်တွေမဆောက်ဘဲ………..
ခင်ဗျားလက်ခံမလား…….. လူငယ်ဆိုတာ ဖန်ဆင်းရှင်ထက် မြတ်တယ်ဆိုတာ၊
လူငယ်ဆိုတာ ကိုယ်ပိုင်လင်းပွင့်နိုင်ရမယ်၊
မြတ်ဗုဒ္ဓရဲ့ ကာလာမသုတ်တရားကို သင်ကြား
မူးယစ်ယစ်မျောစရာတွေမပါဘဲ တဝင့်ဝင့်ရမ်းပြပါ့မယ်
ကလောင်ကိုချ ကီးဘုတ်ကို ဓားလိုဆွဲ ပြတာက
ခေတ်ဆိုတဲ့ သင်္ကေတပေါ့…………..
ပဲ့ပြင်ပေးပါ၊ ထိန်းပြပေးပါ၊
ရှေ့ကပိတ်မရပ်နဲ့………. ဘေးက ဆွဲမချနဲ့………
တချိန်က ကျခဲ့တဲ့ မျက်ရည်နံ့ကို ပြန်ခံစား
လူငယ်၊ အခု လူငယ်၊ အရင်က လူငယ်
နည်းနည်းတော့ ကလန်တန်တန်နိုင်လိမ့်မယ်။
ခင်ဗျားလောက်တတ်ရင်၊ ခင်ဗျားလို ပဲဖြစ်မှာပေါ့။
ဆရာကလို့ တပ်ပြီး သင်ပြရင် သင်ရိုးနံ့ထွက်လို့ပါ…… ဆရာ
ကျေးဇူးပြုပြီး ကျွန်တော့ကို ကဗျာရေးသူလို့ခေါ်ပါ…
ပြီးရင် ဟောဒီတလင်းလေးမှာ
မိုးတွေရွာကြမယ်……….
ချိုးသူချိုး၊ ခပ်သူခပ်၊ ညစ်သူ စင်ကြယ်၊ ဖြူသူ သန့်မွှေး
မြေသင်းနံ့လေး ပြန်ရှာပေးကြပါလားဗျာ………
ဘုန်းသန့်ခန့်
P040021JUN11

8 comments

  • Shwe Ei

    August 4, 2011 at 8:18 pm

    ကြိုက်တယ်။

    Reply

  • MaMa

    August 4, 2011 at 9:01 pm

    ခေတ်စမ်းစာပေလို့ ပြောရမယ်ထင်တယ်။ အိုင်ဒီယာလေး ကောင်းတယ်။ အားပေးပါတယ်။

    Reply

  • windtalker

    August 4, 2011 at 10:03 pm

    ဖတ်ပြီး တစ်ခုခု ကို ခံစားရသွားလို ့
    အခု ကွန်မင့် တလင်းမှာ
    ခင်ဗျား အတွက် ၃ ကျပ်
    ကျုပ် အတွက် ရ ကျပ်
    ကွန်မင့်စင်စစ် အနံ ့လေး သင်းပေးခဲ့ကြောင်း

    Reply

  • ရာဇဝင်လူဆိုး

    August 4, 2011 at 10:34 pm

    ကြိုက်တယ် အကိုရေ.. ရသတစ်ခုခုကို ကျနော်ခံစားမိတယ်။ တကယ်ကိုပဲ သူနဲ့တူမှ သူလိုလူဖြစ်မယ့်ခေတ်ဗျ…

    Reply

  • yaungchikha

    August 5, 2011 at 10:51 am

    ကဗျာလေးကို ကြိုက်တယ်၊ အခုလို ကဗျာလေးတွေ ရေးပေးပါနော်၊ အားပေးနေပါတယ်….

    Reply

  • pan pan

    August 5, 2011 at 11:07 am

    ကဗျာက ဖတ်လို့ကောင်းတယ်
    “ခင်ဗျားလောက်တတ်ရင်၊ ခင်ဗျားလို ပဲဖြစ်မှာပေါ့။”
    အဲဒါကြောင့် ခင်ဗျားထက်တတ်အောင်လုပ်ရမယ်ဗျို့ 😀
    ကဗျာကို ကြိုက်တယ်

    Reply

  • နွယ်ပင်

    August 5, 2011 at 1:50 pm

    ဖတ်ရတာ သဘောကျမိပါတယ်
    ခေါင်းစဉ်လေးပေးထားတာ ပိုကြိုက်တယ် …

    Reply

  • Mee2

    August 5, 2011 at 1:55 pm

    ““ခင်ဗျားလက်ခံမလား…….. လူငယ်ဆိုတာ ဖန်ဆင်းရှင်ထက် မြတ်တယ်ဆိုတာ၊
    လူငယ်ဆိုတာ ကိုယ်ပိုင်လင်းပွင့်နိုင်ရမယ်၊
    မြတ်ဗုဒ္ဓရဲ့ ကာလာမသုတ်တရားကို သင်ကြား
    မူးယစ်ယစ်မျောစရာတွေမပါဘဲ တဝင့်ဝင့်ရမ်းပြပါ့မယ်
    ကလောင်ကိုချ ကီးဘုတ်ကို ဓားလိုဆွဲ ပြတာက
    ခေတ်ဆိုတဲ့ သင်္ကေတပေါ့…………..
    ပဲ့ပြင်ပေးပါ၊ ထိန်းပြပေးပါ၊
    ရှေ့ကပိတ်မရပ်နဲ့………. ဘေးက ဆွဲမချနဲ့………”” ဒီနေရာလေးကိုကြိုက်ပါတယ်။ယနေ ့မိမိ ခံစားချက်တွေ၊ကျွန်မတို ့ရဲ ့ရင်ထဲက မွန်းကျပ်နေတာတွေ ကီးဘုတ်လေးကတဆင့် တကမ္ဘာလုံးကြားစေချင်တာ။အရေးတယူ ပြ ုပြင်ပေးစေချင်တာ မွန်းကြပ်သူတို ့ရဲ ့ရင်ထဲက ဆန္ဒကြီးပါ

    Reply

Leave a Reply

Your email address will not be published.