တိမ်တွေ ရွာတတ်တဲ့ မိုး

laypyayMay 7, 20101min01

ညတွေက
အာရုံဦးကို တွန်သံပေးပြီး ကြိုဆိုကြတယ်..
ငါကတော့…. ခြူသံ တစ်ချက်နဲ့
လောကဓံကို စုံမှိတ်ပြစ်လို်က်တာ
အနောက်နေတောင် ဆောက်တည်ရာမရ
ပြုတ်ကြခဲ့ရပြီ…။

ခက်တယ်…
ငါကလည်း…
ကြယ်တွေ ထွန်ယက်တဲ့ ကောင်းကင်မှာမှ
ခြေရာတွေ အထပ်ထပ်မှားခဲ့မိတာ
ခုတော့ လဲ…..
တောင် နဲ့ မြောက်ကို ကပြောင်းကပြန် တွေးလို့
လေ နှင်ရာ လွင့်ပါခဲ့ရပြီပေါ့………၊

ရှိစေတော့…………..
ရှိစေတော့……………..
အသွေးနဲ့ ကိုယ် ……….
အသားနဲ့ ကိုယ် ………..
အချိုတော့ တည်းအုံးမှာပေါ့…၊

ကောင်မလေး….ရေ…..
ရေ နှစ်ခါ ချိုးလို့ မရတဲ့ မြစ်မှာ
ဘာလို့များ… ငါမျှားချင်ရတာလဲ…
သူ ဟာ သူ လွတ်လွတ်လပ်လပ်
ပျံသန်းကြပါစေလား ကွာ..၊

အနာဂါတ်ဆိုတာ ….
ခြေရာ ချန်တတ်တဲ့ သတ္တဝါမှ မဟုတ်တာ
ကောက်ကြောင်းတွေနောက် လိုက်နေမှတော့
ညနေစာ ငပ်ကြရုံ ရှိတောမှာ……………. ပေါ့…။

One comment

  • kopauk mandalay

    May 8, 2010 at 12:16 am

    ကဗျာထက် တင်ထားတဲ.ပုံလေးကို ပိုကြိုက်တယ်။
    ဘာနဲ.ဘဲလုပ်ထားထား သည်ပုံလေးကို ဆွဲထားတဲ.သူကို တကယ်.ကို ချီးကျူးပါတယ်။

    Reply

Leave a Reply

Your email address will not be published.