သမီးလေးရဲ့အလှတရား (၂)

Pearl MayJuly 29, 20111min013

ဒီလိုနဲ့အချိန်တန်လို့ကျမ အိမ်အပြီးပြန်လာတော့သမီးလေးလည်း အဘိုးအဘွား တွေနဲ့အတူ ကျမကိုလာကြိုတယ်။ အဲဒီအချိန်တုန်းက အခုလေဆိပ်အဆောက်အဦအသစ်မဟုတ်သေးဘူး။ အဟောင်း ပဲရှိသေးတာ။ အဲဒီတုန်းကနိုင်ငံခြားကအပြီး ပြန်လာရင် အခွန်စစ်တယ် passport သိမ်းတယ်နဲ့သတင်းတွေ ထွက်နေတော့ ကောင်တာမှာတန်းစီနေရင်း ကြောက်နေတာပေါ့။ အဲဒီအချိန်မှာ ရဲတစ်ယောက် သမီးလက် ကိုဆွဲပြီး Immigration ကောင်တာနောက်မှာ ရပ်နေတာတွေ့တယ်။ ကျမအရမ်းအံ့ဩသွားတာပေါ့ ဘာဖြစ်တာ လဲဆိုပြီးတော့။ ကျမထွက်လာတော့ ကလေးက အဲဒါသမီး အဒေါ်လို့ပြောလိုက်တော့ အဲဒီရဲက ဟုတ်လား ဒါဆို ဦးဦးသွားတော့မယ် ဆိုပြီးထွက်သွားတယ်။  custom ကိုဖြတ်တော့လည်း ကလေးလက်ဆွဲပြီး ထွက်လာလို့လားတော့မသိဘူး ၊ ရစ်တာတွေ ဘာတွေ လုံးဝမခံခဲ့ရဘူး။ နောက်မှ အိမ်ကပြန်ပြောပြတာ၊ လေဆိပ်မှာ စောင့်နေတုန်း uniform ဝတ်ထား တဲ့လူတွေ့တိုင်း သမီးအဒေါ် လေယာဉ် ရောက် တော့မှာလားချည်းပဲမေးနေလို့ အဲဒီရဲက လာ အထဲမှာ လိုက်ကြိုဆိုပြီး ခေါ်သွားတာတဲ့။ ဒီလို ချစ်စရာကောင်းတဲ့ကလေးပါ။ ကလေးငယ်တုန်းကတော့ ချစ်စရာကောင်းလိုက်တာ စကားတတ် လိုက်တာလို့ပဲကောက်ချက်ချရုံအပြင် သူ့စိတ်ဓါတ်ကို မခန့်မှန်းနိုင်သေးဘူး ။ ကလေးဆိုတော့ စကားပဲပြောတာ ထင်မြင်ချက် ယူဆချက်တွေ ဝေဖန်ချက်တွေမပေးနိုင်သေးဘူးလေ။  အခု တဖြည်းဖြည်း အရွယ်ရောက်လာတော့ သူ့စကားထဲကနေ သူ့စိတ်ဓါတ်ကလေး ကို တဖြည်းဖြည်း သိလာရတယ်။ သူ့ဆီကနေပြန်သင်ယူနေရသလိုပဲ။ တစ်ခါက သူတို့အတန်းထဲက ကျောင်းသူ တစ်ယောက်မွေးနေ့မှာ ရေခဲမုန့်လာကျွေးတယ်တဲ့။ တစ်ယောက်ကိုတစ်ခွက်နှုန်းနဲ့။ အဲဒီမှာ တော်တော်လေး ဆင်းရဲ တဲ့ကျောင်းသူတစ်ယောက်က မစားပဲနဲ့ သူ့ထမင်းဘူးကိုဆေးပြီးရေခဲမုန့်ကို သိမ်းလိုက်တယ်တဲ့။ သမီးက အဲဒါ အိမ်က သူ့မောင်လေး ညီမလေးတွေကို ကျွေးဖို့ဆိုတာသိတော့ သူလည်းမစားတော့ပဲနဲ့ ထမင်းဘူးဆေးပြီး သိမ်းထားလိုက်တယ်တဲ့။ ကျောင်းဆင်းတော့မှ အဲဒီ သူငယ်ချင်းကို ဘူးပေးပြီး ငါ့ဘွားဘွားအတွက်ရေခဲမုန့်ချန်ထားတာ ခုမှသတိရတယ် ၊ ငါ့ဘွားဘွား ချောင်းဆိုးနေလို့ကျွေးလို့မရဘူး နင်ယူသွားလိုက်ပါလား အရည်တော့ပျော်နေပြီ အရသာတော့ကောင်းမှာပါ လို့ဆိုပြီးပေးတော့ သူငယ်ချင်းက ဝမ်းသာအားရယူသွားတယ်တဲ့။ သူရေခဲမုန့်ကိုဘာလို့မစားတော့တာလဲ ၊ လူတွေ ရှေ့မှာ မပေးပဲဘာလို့နောက်မှပေးတာလဲ ၊ ငါ့ဘွားဘွားအတွက်ချန်ထားတာလို့ဘာလို့ပြောတာလဲဆိုတာ သမီးလေးအသေးစိတ်မပြောပြတတ်ပေမယ့် ကျမကောင်းကောင်းကြီးသိပါတယ်။ အဲဒီနေ့ ညနေစာစားပြီး သမီးလေးကို ဆိုင်မှာရေခဲမုန့် အဝ ကျွေးလိုက်တယ်။ သမီးလေးက ရေခဲမုန့်ဆိုရင် အချိန်မရွေး နေရာမရွေး အရမ်းကြိုက်တာလေ။ တကယ်လို့အလားတူဖြစ်ရပ်မျိုး ကျမတို့ အလုပ်လုပ် နေတဲ့အသိုင်းအဝိုင်းမှာ ရှိခဲ့မယ်ဆိုရင် စာနာမယ့်သူရှိသလို ရေခဲမုန့်လေးတစ်ခုနဲ့ သိက္ခာ ကျလိုက်တာဟယ်လို့ ပြောမယ့်သူလည်းရှိကောင်း ရှိနိုင်တယ်လေနော်။

စိတ်ထားနူးညံ့တာကို သဘောကျပေမယ့် စိတ်သိပ်ပျော့လွန်းသလို ဖြစ်နေတာတော့သိပ်မကြိုက်လှဘူး။ နွေရာသီကျောင်းပိတ်ရက်တုန်းက အိမ်နားမှာတရားပွဲလုပ်တယ်။ သမီးနဲ့သူ့သူငယ်ချင်းတွေလည်း ယောဂီဝတ်စုံလေးတွေဝတ်ပြီး ဓမ္မလူငယ်အဖြစ် အလှူခံလိုက် ဖျာခင်း ရေသန့်ဘူးကမ်း စ သဖြင့် ပေါ့ပေါ့ပါးပါးအလုပ်ကလေးတွေလုပ်ပြီး လုပ်အားပေးကြတယ်။ တရားပွဲလုပ်နေတုန်းအိမ်နားက ကြောင်တစ်ကောင် ကားတိုက်ခံရပြီးသေသွားတော့ သနားလို့ဆိုပြီး ငိုလိုက်တာ။ ငိုလို့အားရတော့ ကျမကိုမေးတယ်။ မေမေ ကြောင်လေးက တရားသံကြားရင်း သေသွားတာဆိုတော့ နောက်ဘဝမှာ လူဖြစ်မှာမဟုတ်လားဟင် ၊ တိုက်သွားတဲ့ ကားဆရာကလည်း ကြောင်ကလေးသေပြီး လူဖြစ်အောင် လုပ်ပေးတော့ ငရဲအရမ်းကြီးမှာမဟုတ်ပါဘူးနော်လို့ပြောမေး မေးတယ်။ သူကကြောင်အတွက်ရော လူအတွက်ရော ပူနေတာကိုး။ ဗဟုသုတနဲ့ပြည့်စုံတဲ့ကျမ ဘယ်လိုပြောရမှန်းမသိလို့ ဘိုးဘိုးကြီးကိုမေးနော် အခုမငိုနဲ့တော့လို့ပဲပြောလိုက်ရတယ်။ (ရှက်ဖွယ်)

ဆက်ရန်…

13 comments

  • weiwei

    July 29, 2011 at 12:02 pm

    ဖတ်လို့ကောင်းပါတယ် .. ဆက်ရေးပါအုန်း ..
    စောင့်ဖတ်နေမယ် …

    Reply

  • nozomi

    July 29, 2011 at 12:16 pm

    စောင့်ဖတ်နေပါတယ်

    Reply

  • nozomi

    July 29, 2011 at 12:28 pm

    ပြောဘို့တစ်ခု ကျန်သွားလို့ပါ
    အဲဒီ သမီးလေး သူချစ်တဲ့ အဒေါ် တတ်တဲ့ ပညာထက် ပိုပြီး တတ်ပါစေ အဒေါ်အရေးအသားကောင်းတာထက် ပိုပြီးအရေးအသားကောင်းတဲ့
    စာရေးဆရာမကြီးဖြစ်ပါစေ ဖြစ်အောင်လဲ မိဘ အသိုင်းအဝိုင်းက ပြုစုပျိုးထောင် နိုင်ပါစေ
    (ပိစိကွေးကိုမတတ်ဘူးပြောတာ မဟုတ်ဘူးနော် နောက် မျိုးဆက်သစ်တွေ ကိုယ့်ထက်တော်နေ တတ်နေမှ တိုင်းပြည်တိုးတက်မှာ..)

    Reply

  • နွယ်ပင်

    July 29, 2011 at 12:52 pm

    ဆက်ရေးပါဦးနော် … စောင့်ဖတ်သူတွေရှိနေပါတယ်..

    Reply

  • pisikway

    July 29, 2011 at 1:25 pm

    ကျေးဇူးတင်ပါတယ်၊ အားပေးကြလို့။ ကလေးတွေက အဒေါ်တွေ ဘယ်လောက်ကောင်းကောင်း နောက်ဆုံးအမေရင်းမှအမေပဲဆိုတာသိလို့အားငယ်နေတာ။ အားပေးတယ်ဆို ဆက်တင်မယ်နော်။

    Reply

    • pan pan

      July 29, 2011 at 2:03 pm

      အမေအရင်းမှ အမေအရင်းဖြစ်ပေမယ့် အဒေါ်ဆိုတာလည်း အမေလိုပဲပေါ့
      ကျွန်မတို့ဆို အမေမရှိတော့ဘူး (ဆုံးသွားပြီ)
      အဲဒီတော့ အမေ့အစ်မ ကျွန်မတို့အဒေါ်က အမေ့အစား ကူညီစောင့်ရှောက်ပေးတယ်
      အဒေါ့်ကို တော်တော်အားကိုးနေရတာ

      Reply

    • Grace

      July 29, 2011 at 4:47 pm

      ကလေးတစ်ယောက်အတွက် အဒေါ်ဆိုတာ ဘယ်လောက်ကောင်းကောင်း ဝမ်းနဲ့လွယ်ပြီး မွေးပေးတဲ့အမေ၊ ချီးသေးကအစ မရွံမရှာ သုတ်သင်ပေးတဲ့အမေ၊ မှက်ခြင်ယင်မသန်းရအောင် ကာကွယ်ပေးတဲ့အမေထက် ပိုမကောင်းနိုင်ပါဘူး။ ကျမလည်း အဒေါ်ပါပဲ။ ဒါပေမယ့် သိတတ်တဲ့ကလေးက ကြီးလာတော့ တစ်ခုခု စားဖို့၊ ဝတ်ဖို့ ဝယ်ရင် အမေတစ်ယောက်ထဲ အတွက်တင် မဟုတ်ပဲ အဒေါ်တွေအတွက်ပါ ညီမျှအောင် ပေးတယ်။ လစာထုတ်လာရင် တစ်ယောက် ဘယ်လောက်ဆိုပြီး တွက်ရချက်ရနဲ့ သူတို့ခမျာ လည်း အဒေါ်တွေအတွက်ပါ ထည့်သွင်းစဉ်းစား ကြရရှာတယ်။

      Reply

  • koyinmaung

    July 29, 2011 at 2:47 pm

    အားပေးနေပါတယ်ဆက်ရေးပါအုံး……

    Reply

  • manawphyulay

    July 29, 2011 at 2:56 pm

    အဲဒါက ပိစိကွေးငယ်ငယ်ကလားဟင်…မဆိုးဘူးပဲ။

    Reply

  • chitpyae

    July 29, 2011 at 3:17 pm

    ပိစိကွေး အရေးအသားလည်း ကောင်းတာပဲ …. အားပေးနေတယ် 🙂

    Reply

  • hmee

    July 29, 2011 at 4:14 pm

    ဖတ်လို့ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ဆက်ရန်တော့ ခဏခဏ မလုပ်နဲ့နော် ဖတ်ရတာ ဆန့်ငင် ဆန့်ငင် ဖြစ်လို့ပါ။

    Reply

  • pisikway

    July 29, 2011 at 4:32 pm

    ဖတ်တဲ့သူတွေကိုအားနာလို့A4 တစ်မျက်နှာစာစီပဲ ခွဲခွဲပြီးတင်နေတာပါ။ ဖတ်လက်စနဲ့စောင့်ဖတ်ပေးပါနော်။

    Reply

  • ဆူး

    July 29, 2011 at 8:23 pm

    ကလေးလေးလည်း ကြီးလာရင် လူကြီးသူမတွေကို သိတတ်နားလည်တဲ့ အမျိုးကောင်းသမီး ဖြစ်ပါစေ။

    Reply

Leave a Reply

Your email address will not be published.