လစာမရတဲ့ အဖြစ်မျိုးနဲ့ မြန်မာသင်္ဘောသားအများစုကြုံ

klnMay 7, 20101min01

ကမာ္ဘ့စီးပွားရေးအကျပ်အတည်းနောက်ပိုင်း ၂၀၀၉ခုနှစ်ထဲမှာ မြန်မာသင်္ဘောသားတချို့လစာမရတာ၊ ကုမ္ပဏီမှာလစာကျန်တာ စတဲ့ အဖြစ်မျိုးတွေနဲ့ အများဆုံး ကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း (MOSA)ကသိရပါတယ်။ “သင်္ဘောသားတစ်ယောက်ကို ရှစ်လခန့်မယ်ဆိုပြီး ခေါ်တယ်၊ စီးပွားပျက်လို့ သင်္ဘောရောင်းတဲ့အချိန်မျိုးမှာ လေးလလောက်နဲ့ပြန်လွှတ်တယ်ဆိုတော့ လေးလစာ လစာမရဘဲ ဆုံးရှုံးရတာမျိုးတွေဖြစ်ခဲ့တယ်”လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်းကပြောပါတယ်။ သင်္ဘောသားတချို့ သင်္ဘောပေါ်ကနေ ကန်ထရိုက်မပြည့်သေးဘဲ (လမစေ့သေးဘဲ) ပြန်လွှတ်ခံရတဲ့အခါမျိုးမှာ ကုမ္ပဏီပိုင်ရှင်က သင်္ဘောသားရဲ့ အသွားအပြန်လေယာဉ်စရိတ်ဆိုပြီး နှစ်လစာသုံးလစာ မပေးဘဲချန်ထားတယ်။ သင်္ဘောသားဘက်က သက်ဆိုင်ရာကို တိုင်မှ ကန်ထရို်က်စာချုပ်အရ ပေးသင့်၊ မပေးသင့် ကြည့်ပြီးထုတ်ပေးတယ်။ သည်လိုနဲ့ပဲ သင်္ဘောသားတချို့လစာကျန်ခဲ့ရတာဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • aung

    August 1, 2010 at 7:19 am

    ဟုတ်ပါတယ်။ကိုယ်တိုင်လည်းကြုံဘူးပါတယ်။တရားဝင်သင်္ဘောလိုင်းကြီးတွေမှာဖြစ်ခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးပြေလည်အောင်ဖြေရှင်းပေးတယ်လို့ကြားတာပဲ။

    Reply

Leave a Reply

Your email address will not be published.