ရခိုင်ပြည်နယ် ကျန်းမာရေးဝန်ကြီး သိစေရန်

ေတေလJuly 21, 20111min018
  1. သံတွဲမြို့ ခရိုင်ဆေးရုံကြီး ၏ ဝန်ထမ်းများနှင့် ဆရာဝန်ဆရာဝန်မ များ တာဝန်ချိန်မှာ နံနက် ၈ နာရီမှ
    နေ့လည် ၁၂ နာရီ သတ်မှတ်ထားပါသည်၊ သို့သော်လည်း ရုံးဝန်ထမ်းများအပါအဝင် ဆရာဝန်များသည်
    နံနက် ၁ဝ နာရီ ခန့်မှသာလျှင် ဆေးရုံသို့ရောက်ရှိပါသောကြောင့် လူနာများမှာ များစွာအခက်အခဲတွေ့
    ရှိနေခြင်းတို့ကို သိရှိပါသလားခင်ဗျာ ။
    ( ဆရာဝန်များသည် အပြိုင်အဆိုင် ကိုယ်ပိုင်ဆေးခန်းများကိုယ်စီဖွင့်ထားပါသဖြင့် နံနက်စောစောပိုင်း
    အချိန်များတွင် စီးပါွးရှာနေကြခြင်းကြောင့် ဆေးရုံသို့အချိန်မီမရောက်ရှိနိုင်ခြင်း ဟုထင်ပါသည်)
  2. ဆရာဝန်များသည် မိမိ၏ ဆေးခန်း တွင်လာရောက်ပြသသောလူနာများကိုသာလျှင် ဆေးရုံတွင်း
    ၌ ဂရုစိုက်လေ့ရှိပြီး ပြင်ပမှ ဆေးခန်းမသွားနိုင်သော ဆင်းရဲသားလူနာများကို ဂရုမစိုက် ပဲ
    နေခြင်း၊
    သေချာစွာကုသပေးမှုမရှိခြင်း တို့ကြောင့် လူနာများစွာတို့မှာ ဒုက္ခရောက်လျက်ရှိနေခြင်းကိုလည်း
    သိပါသလားခင်ဗျာ ။
  3. စရိ်တ်မျှပေး ကျန်းမာရေးဆိုင်ရာဆိုင်းဘုတ်ကြီးများ၊ မရှိဆင်းရဲသားများကို အခမဲ့ကုသပေးသည် ဟု
    ဆိုင်းဘုတ်ကြီးများ ချိတ်ဆွဲထားပြီး ဆေးရုံမှဝန်ထမ်းများနှင့်ဆရာဝန်တို့သည်လူနာများကိုစိတ်နှလုံး
    ညှိးနွမ်းအောင်လုပ်ဆောင်လျှက်ရှိသည် ကိုလည်း သိပါသလားခင်ဗျာ ။
    (ဆေးဝါးမျိုးစုံ တို့ကိုဆေးရုံဆေးဆိုင်တွင်ထားရှိစေလျက် ပြင်ပဆေးဆိုင်များထက် ဈေးနှုန်းများစွာ
    ကြီးမြင့်စေလျက် မဝယ်မနေရ စည်းကမ်းချက်များဖြင့် ငါ့ဖို့ဟု လောဘဖက်လျက် လူနာများ၏ မရှိမဲ့
    ရှိမဲ့ ချွေးနည်းစာ ငွေ များကို အမြတ်အစွန်းများစွာဖြင့် သိမ်းယူနေခြင်း၊ လူနာရှင်များမှာ ငွေကုန်ကျေး
    ကျသက်သာရန်အလို့ငှါ ပြင်ပမှ ဝယ်ယူလိုသော်လည်း ဆေးရုံမှ ဝယ်ခွင့်မပေးခြင်း စသည်တို့ကြောင့်
    ဟုထင်ပါသည်)
  4. ခရိုင်ဆရာဝန်ကြီး မှာလည်း ငွေ ရဖို့ဆိုလျှင် nurse  သူနာပြုဆရာမ ရရှိသောလုပ်အားခ
    ကိုပါ မရှောင်ဝေစု အတင်းယူခြင်း၊ အစ္စလာမ် ဘာသာဝင်တို့ ခရီးသွားလျှင် ဆေးကုသခွင့်
    လက်မှတ်ရေးထိုးပေးပြီး တစ်ဦးလျှင် ၂၀၀၀ဝ (နှစ်သောင်း) ရယူလာဘ်စားခြင်း၊ စာရေး
    ကြီးကိုတင်အောင်မှလည်း ၂၀၀၀၀(နှစ်သောင်း ) ရယူနေခြင်း၊ ဓါတ်ခွဲခန်းမှုး ဦးသန်းဝင်း
    မှလည်း သွေးလာလှုသူတို့ထံမှ ဆေးစစ်ခ ၁၀၀ဝ (တစ်ထောင်) HIV ကဒ်လေးအတွက်
    ၄၀၀၀( လေးထောင်) စုစုပေါင်း ၅၀၀၀(ငါးထောင်) အရယူ၍စီးပွါးရှာယူနေခြင်းတို့ကို
    လည်း သိပါသလားခင်ဗျာ။
  5. နောက်ထပ် တိုးချဲ့ဆောက်လုပ်ထားသည့် ဆေးရုံ အဆောက်ဦး တွင်လည်းလူနာများ
    မထားပဲ ဆရာဝန် ဆရာဝန် မ များ၏ နေအိမ် တိုက်ခန်းများအဖြစ်ပြောင်းလဲထားရှိမှု
    ကိုလည်း သိပါသလားခင်ဗျာ။
    (သူတို့ကတော့ ဟန်ကိုကျလို့တစ်ခစ်ခစ် တစ်ဟားဟား ဖြင့် ဇိမ်ကျလျှက်ရှိပြီး လူနာများ
    မှာ ယ္ခင် နေရာဟောင်းတွင်သာပြွတ်ကျပ်ညပ် နံစော်လျက် နေရခြင်းမှာ မည်သို့မျှ မသင့်
    တော် ဟုထင်ပါသည်)
  6. နောက်ဆုံး အလွန်ဆိုးဝါးလွန်းသည့်ကိစ္စတစ်ခုမှာ ဆွေမျိုးမဲ့ လိပ်စာမဲ့ သေဆုံးကြရရှာ
    သော လူနာများအား သင်းချိုင်းသို့မြုပ်နှံပေးခြင်းမရှိပဲ ခြုံပုတ်များ၊ ရေမြောင်းများအတွင်း
    သို့ အလွယ်တစ်ကူ စွန့်ပစ်ခြင်းပင်ဖြစ်ပါသည်၊ ၎င်းကိစ္စကို သက်ဆိုင်ရာ ခရိုင်ဆရာဝန်
    ကြီးနဲ့ဆေးရုံမှ တာဝန်ရှိသည့် ဆရာကြီးများကို အသိပေးအကြောင်းကြားပါသော်လည်း
    မည်သို့မျှ အရေးယူခြင်း၊ စီမံပေးခြင်းမရှိပါသဖြင့် သင်းချိုင်းတွင် လူပုပ်နံ့များနံစော်လျက်
    ရှိနေခြင်း များစွာတို့ကို သိပါရဲ့လားခင်ဗျာ ။

    သံတွဲမြို့၌ ဆိုးဝါးစွာ ဖြစ်ပျက်နေသောအထက်ပါကိစ္စများ တို့ကို  ရခိုင်ပြည်နယ်ကျန်းမာ
    ရေးဝန်ကြီး အနေဖြင့် သိအောင် တာဝန်သိပြည်သူတစ်ဦးအနေဖြင့် ရိုသေစွာတင်ပြ
    အပ်ပါသည် ခင်ဗျား ။

18 comments

  • nozomi

    July 21, 2011 at 5:13 pm

    ရခိုင်မှ မဟုတ် ပြည်နယ် တိုင်း အားလုံးမှာ ကျန်းမာရေးဝန်ကြီးတွေ မရှိတော့တာ သိပါသလားခင်ဗျာ

    Reply

  • cobra

    July 21, 2011 at 5:48 pm

    နံပါတ်၆အချက်ကြီးကတော့ဆိုးရွားလွန်းပါတယ်။

    Reply

  • TTCG

    July 21, 2011 at 7:16 pm

    It seems to me that No. 6 is not related to the Hospital.

    Reply

  • Gipsy

    July 21, 2011 at 7:41 pm

    အား …ဟုတ်ကဲ့ဗျ…
    ဟိုးတစ်လောလောက်က ကြားမိလိုက်ပါတယ်..ကုသိုလ်ယူတဲ့လူတစ်စု….သင်းချိုင်း မှာရှိတဲ့မြင်မကောင်း
    ဖြစ်နေတဲ့ ခြုံနွယ်တွေကို ရှင်းလင်းကြတဲ့အခါ .. ဖျာလ်ိပ်ပတ်ပီး ပစ်ထားတဲ့ အလောင်းတွေ တွေ့လို့
    စေတနာရှင် များနဲ့တိုင်ပင်ပီး မြေမြှုပ်ရှင်းလင်းပေးခဲ့ရတယ်လို့..ကြားမိပါရဲ့… မြှုပ်ပြန်တော့လဲ..
    မြှုပ်ထားတဲ့ အလောင်းတွေကို ဖြစ်ကတတ်ဆန်းလုပ်ထားကြလို့ ခြေ တွေလက်တွေ ပေါ်နေ
    တယ်ဆိုပဲ…တွင်းကို နက်နက်မတူးပဲ ဖြစ်သလိုလုပ်ထားကြတော့တာပါပဲဗျာ… လူတွေ အချင်းချင်းဗျာ..
    ရက်စက်လိုက်ကြတာ…နောက်စုံစမ်းကြည့်တော့ ဆေးရုံကဝန်ထမ်းတွေ တဲ့ဗျာ…

    Reply

  • windtalker

    July 21, 2011 at 7:41 pm

    ကျန်းမာရေး ဝန်ကြီး ဆိုတာ ရှိပါတယ် ဗျ ။ မရှိဘူး ဆိုတာ မဟုတ်လောက်ပါဘူး ။ အပေါ ်က ရေးထားတဲ့ အကြောင်းအရာ ၆ ခု မှာ အချို ့အချက်တွေ က မှန်တယ်လို ့ယူဆ မိသော်လည်း ။ တစ်ချို ့အချက်များ မှာ မူ ဟုတ်ကော ဟုတ်ပ မလားလို ့။

    Reply

    • nozomi

      July 22, 2011 at 10:02 am

      “ရခိုင်မှ မဟုတ် ပြည်နယ် တိုင်း အားလုံးမှာ ကျန်းမာရေးဝန်ကြီးတွေ မရှိတော့တာ သိပါသလားခင်ဗျာ လို့”ရေးထားတာပါ
      အစိုးရတက်ကာစက ရှိပါတယ် ရန်ကုန်မှာဆို ဦးညဏ်ထွန်းဦးပါ
      ဟိုတစ်လောက ဝန်ကြီးတွေအားလုံးပြန်လဲတဲ့ ထဲမှာ ပြည်နယ်တိုင်းအားလုံး ကျန်းမာရေး ပညာရေးဝန်ကြီးတွေ မရှိတော့ပါ ဗဟိုအစိုးရမှာ တစ်ယောက်ပဲရှိပါတော့တယ် ဒေါက်တာဖေသက်ခင်ပါ
      မောင်ပေ အလုပ်တွေများပြီး သတင်းစာမဖတ်မိဘူးထင်တယ်

      Reply

      • maungmoenyo

        July 23, 2011 at 12:37 am

        ဒီလိုရှိပါတယ်။ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေ ကျန်းမာရေးဝန်ကြီးဆိုတဲ့ ရာထူးတာဝန်မရှိတော့တာမှန်ပေမဲ့ လူမှုရေးဝန်ကြီး ဆိုတဲ့ ရာထူးတွေ အဖြစ်ပြောင်းသွားပါတယ်။ အဲ့ဒီဒေသတွေမှာရှိတဲ့ ရာထူးနဲ့ အာဏာခွဲဝေမှု၊ ဗဟိုဦးစီးချုပ်ကိုင်မှုကို အသွင်ပြောင်းလိုက်ပုံရပါတယ်။ လက်ရှိ ခန်းအပ်ထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ နဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ ရဲ့ လုပ်ပိုင်ခွင့်တွေ ဟာ ခုမှ မြေစမ်းခရမ်းပျိုးလုပ်နေကြတုံးပါ။ သအာဏာလွန်ဆွဲနေကြတာကတော့ အဓိကပေါ့ဗျာ။ အစိုးရအဖွဲ့ရာထူးတွေ နဲ့ ဘေးတိုက် ဒေသတွေမှာရှိတဲ့ အဆင့်ဆင်ေ့သာ ဝန်ထမ်းအဖွဲ့အစည်း တွေ ကို ဘယ်သူတွေ ရဲ့ ဩဇာသက်ရောက်ရမယ် ဆိုတာ ခုမှလုပ်ကြတုံးပါ။ ဆေးရုံတရုံကို ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးက လာစစ်ပြီးအမိန့် ပေးလိုက်၊ ပြည်နယ်အဆင့် ကျန်းမာရေးဘဲပြောပြော၊ လူမှုရေးဘဲ ပြောပြော ဝန်ကြီးကလာစစ်ပြီး နောက်တမျိုး လိုအပ်သည်များညွှန်ကြားတာမျိုးတွေ ရှိလာပါတယ်။ ဒါ့ကြောင့်ပါ။
        ဒေါက်တာဖေသက်ခင်ကကျန်းမရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးပါ။

        Reply

  • winkyawaung

    July 21, 2011 at 8:20 pm

    ကျမ်းမာရေးနှင့် ပတ်သက်လျှင် နေရာတိုင်းမှာ လိုအပ်နေပါသေးတယ်။ နည်းနည်းနဲ့ များများဆိုးဝါးတာပဲ ကွာခြားပါတယ်ဗျာ..။

    Reply

  • icecube

    July 21, 2011 at 11:22 pm

    အားလုံး ပျက်စီးခြင်း ငါးပါးမကတော့ပါဘူး လူစင်စစ်ကနေဘယ်ဘဝ ရောက်သွားကြတာလဲ ။။။

    Reply

  • pan pan

    July 22, 2011 at 10:34 am

    အမလေး…
    တကယ်သာဒီတိုင်းကြီးဆိုရင်တော့ ကိုယ်ကျိုးတွေတော့ နည်းပါပြီ
    ဆရာဝန် ပညာတွေကိုသင်
    လူထုကို ကိုယ်နဲ့ထပ်တူ
    ချစ်ခင်ရင်ဝယ်သား……..
    ဘယ်လိုတွေဖြစ်ကုန်ပြီတုန်း
    တကယ့်စေတနာ့ဆရာဝန်တွေတော့ မရှိဘူးမဟုတ်ပါဘူး
    ဒါပေမယ့် ရှားကုန်ကြပြီ

    Reply

  • MOEPWINTPHYU

    July 22, 2011 at 12:15 pm

    နေရာတိုင်းပဲ ဒါမျိုးတွေဖြစ်နေပါတယ် အနည်အများကွာတာပဲရှိတယ်

    Reply

  • နွယ်ပင်

    July 22, 2011 at 12:38 pm

    ကြားရတာလဲ မသက်တာလိုက်တာ
    တကယ့် စေတနာဆရာဝန် စေတနာ ဝန်ထမ်းတွေဆိုတာ
    ကြာရင် ယုံတမ်းလို့ဖြစ်နေတော့မှာပဲ …

    Reply

  • good

    July 22, 2011 at 1:45 pm

    ဆေးကုသ တာ ကို ဝါသနာ အရ ကြောင့် လုပ်တာ မဟုတ်ပဲ ဂုဏ် နဲ့ ငွေ အတွက် ရည်ရွယ်ပြီး ဖြစ်လာ တဲ့ ကျမ္မာရေး ဝန်ထမ်း တွေ ကြောင့် ခု လို ကိစ္စ ရပ် တွေ ဖြစ်လာရတာပါပဲ။

    Reply

  • zippo

    July 22, 2011 at 2:29 pm

    နော် ငယ်ငယ်က အတန်းထဲမှာ…ခုံ…အဲလေ…မှားလို့…
    ငယ်ငယ်တုန်းက မိဘတွေက ဆရာဝန်ကြီးအင်ဂျင်နီယာကြီးဖြစ်အောင် စာကြိုးစားခိုင်းခဲ့ပါတယ်..
    အင်ဂျင်နီယာဖြစ်ရင် ပိုက်ပိုက်များများရမယ်တဲ့…ဂုဏ်ရှိတယ်တဲ့…
    ဆရာဝန်ကြီးဖြစ်ရင် လဲ မိဘဂုဏ်ရှိတယ် .. ပိုက်ပိုက်လဲချမ်းသာမယ်တဲ့..မပူမပင်နေရမယ့်ဘဝမျိုးရမယ် တဲ့….
    လူသတ္တဝါ အသက် ကယ်ရမယ်ဆိုတာမျိုး..မပါခဲ့လို့ပါဂျ…
    ဒါကြောင့် ခွေးလွှတ်…အဲလေ မှားကျန်ပီ…
    ခွင့်လွှတ်ပေးကြပါခင်ဂျ…
    နော့်ရဲ့ အကျင်းဆိုး အကျင့်ယုတ်တွေကို ပြင်ဆင်ပါတော့မယ်ခင်ဂျ…… ။

    Reply

  • ရွှေဘိုသား

    July 22, 2011 at 8:00 pm

    အင်း စေတနာထားလုပ်ကြပါလို.ပဲ ပြောလိုက်ချင်ပါတယ်

    Reply

  • moethidasoe

    July 23, 2011 at 10:51 am

    ဘာပဲလုပ်လုပ် စေတနာရယ် ဝါသနာ ရယ် ကိုယ်ချင်းစာစိတ်ရယ် ရှိကြမယ် ဆိုရင် လူ့လောကကြီးက သာယာမှာပါ
    ဒါပေမယ့် လောဘ ဒေါသ မောဟ ဆိုတာကြီးရှိနေပြီး မမျှတအောင် အသုံးပြုကြလို့ အနယ်နယ်အရပ်ရပ်မှာ အံလွဲနေကြတာ ဖြစ်တယ် .. ဘယ်သူ ဘယ်သူကိုမှ အပြစ်မတင်ချင်တော့ပါ ..

    Reply

  • i love this

    July 23, 2011 at 11:30 am

    ကုသိုလ်လဲရ ဝမ်းလည်းဝ အကောင်းဆုံးပါ..
    ဒီလိုအမှိုက်မျိုးတွေကို ရှင်းလင်းသင့် ပါပီဗျာ…

    Reply

  • ဖိုက်တာ(ဒွါရာမြေ)

    November 10, 2011 at 11:18 am

    သံတွဲဆေးရုံကတော့ပြောမနေပါနဲ့တော့……ဆရာဝန်ကြီးဆိုတဲ့အကောင်က…..နိုင်ငံပိုင်ဆေးရုံကို
    သူ့အမေလင်..သူ့ပထွေးပိုင်တယ်လို့ထင်နေလားမသိပါဘူး……………………………………..
    အဲဒီအကောင်က…….ဆေးရုံအိမ်သာကိုတောင်ကန်ထရိုက်ပေးပြီး………….ဆေးရုံတက်သမျှ
    မရှိဆင်းရဲသားတွေတောင်မချန်…အိမ်သာတစ်ခါဝင်ရင်(၁၀၀)ဆိုပြီးတောင်းစားတဲ့..အိမ်သာစောင့်
    အဆင့်ပဲရှိတဲ့အကောင်ပေါ့ဗျာ……..ဒွါရာဝတီမဂ္ဂဇင်းမှာလည်း….စာပေဆိုတာဘာမှန်းတစ်ခုမှမသိ
    ဘဲတာဝန်ခံစာတည်းတဲ့ဗျာ……အရူးဘုံမြှောက်လုပ်ပေးတဲ့သူတွေကလည်းလုပ်ပေးတယ်ဗျာ…..
    ဒီလိုအကောင်မျိုးကို…ဆေးရုံအုပ်ကြီးတာဝန်မပေးသင့်ပါဘူး…………………………………….
    မသကာ…………..သချင်္ိုင်းစောင့်လောက်ဆိုတစ်မျိုး………………

    Reply

Leave a Reply

Your email address will not be published.