နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းတည်ထောင်ရေး FAME ဆေးဝါးထုတ်လုပ်ရေးမှစီစဉ်နေ

klnMay 7, 20101min01

FAME ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းတည်ထောင်ရန်စီစဉ်လျက်ရှိကြောင်း FAME ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်ကပြောကြားသည်။ အဆိုပါ ဓာတ်ခွဲခန်းကို ရန်ကုန်မြို့တွင်တည်ထောင်မည်ဖြစ်ပြီး ဓာတ်ခွဲခန်းအတွက် ဓာတ်ခွဲခန်းပညာရှင်နှစ်ဦးအား အစ္စရေးနိုင်ငံသို့ ပညာတော်သင်စေလွှတ်ထားသည်။ ဓာတ်ခွဲခန်း ပညာရှင်များကို အစ္စရေးနိုင်ငံသာမက အင်္ဂလန်၊ ဂျာမနီ၊ ဂျပန်နိုင်ငံများသို့ ဆက်လက်စေလွှတ်မည်ဖြစ်ပြီး ယင်းနိုင်ငံများမှ နည်းပညာများရရှိပါက ဓာတ်ခွဲခန်းတည်ထောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ကမာ္ဘ့အသိအမှတ်ပြုဓာတ်ခွဲခန်းမှ တစ်ဆင့် ကမာ္ဘ့အသိအမှတ်ပြုထောက်ခံချက်များထုတ်ပေးနိုင်မည်ဖြစ်ကာ အများအတွက် အသုံးပြုနိုင်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။ ဓာတ်ခွဲခန်းတည်ထောင်ပြီးပါက ယခင်ဆေးဝါးများကိုလည်း နိုင်ငံတကာနည်းအတိုင်း စနစ်တကျစမ်းသပ်နိုင်မည်ဖြစ်ပြီး၊ သုတေသနလုပ်ငန်းများ၊ ဆေးဝါးအသစ်ထုတ်လုပ်ရေးများအတွက် စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်ရှိအနေအထားဖြင့် ဓာတ်ခွဲခန်းကို အဆင့်တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းကို နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ FAME ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကို ၂၀၀၂ခုနှစ်မှစတင်၍ သဘာဝဆေးဝါးများကို ထုတ်လုပ်လျက်ရှိပြီး ဆေးအမျိုးပေါင်း ၇ဝကျော်ထုတ်လုပ်လျက်ရှိကာ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့တင်ပို့လျက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၉ရက်နေ့ထုတ်24/7 News ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 12, 2010 at 9:06 am

    သိပ်ကောင်းတဲ့လုပ်ရပ်ပဲ
    ရည်ရွယ်ချက်ကောင်းလို့ ရလာဒ်ကောင်းမှာပါ
    တိုးတက်လာတာကို ဝမ်းသာတယ်

    Reply

Leave a Reply

Your email address will not be published.