ထမင်းဆိုင်

နွေဦးပေါက်ပြီ ထင်ရဲ့ ဥဩသံတွေကြားနေရတယ်… မေမေ

နှင်းတွေလည်း ကျဲပါးပျောက်ရောပေါ့လေ…

နွေဦးပေါက်တိုင်း….

ကျောင်းတော်ရှေ့က ကျိုးကျဲဝါးတွေနဲ့ ခိုင်ထားတဲ့

ထမင်းဆိုင်အိုအိုလေးကို လွမ်းမိရဲ့…

မေမေပေးတဲ့ ကျောင်းလခရယ်၊ အဲဒီ ထမင်းဆိုင်အိုလေးရယ်

သားကျောင်းသားဘဝ စာမျက်နှာတွေမှာ ခြေရာချင်းထပ်

အဲလိုပဲ မြင့်မြတ်ပစ်လိုက်တဲ့ ရက်တွေပေါ့….

ဆိုင်ရှင်အဖွားအိုက သားကို အရိုးအရင်းတွေ မကျွေးပါဘူး…မေမေ

ဒါပေမဲ့ တချို့တွေအတွက်တော့ အရိုးအရင်းသိပ်ဆန်နေလိမ့်မယ်။

တစ်နေ့နဲ့ တစ်နေ့…. ကျွန်တော်စာအုပ်လေးထဲမှာ

ဆိုင်အိုလေးရဲ့ အလှကို တစ်မျက်နှာမက ရေးချထားတယ်…မေမေ….

နွေဦးပေါက်တော့မယ်…… နှင်းတွေလည်း ပျေက်တော့မယ်…

ဆိုင်အိုလေးဆီ ပြန်ရောက်အောင် သွားချင်သေးရဲ့

မနက်ဖြန်မှာပေါ့လေ………. မနက်ဖြန်မှာပေါ့…. မေမေရယ်……….

ဘုန်းသန့်ခန့်

2 comments

  • zawmyothu

    July 21, 2011 at 2:11 pm

    ဒီစာလေး ဖတ်ရင်း ကျောင်းသားဘဝကို ပြန်လွမ်းမိတယ်။

    Reply

Leave a Reply

Your email address will not be published.