Are Burmese People Rich???

learnerJuly 1, 20111min010

ကျွန်တော် အခုအသစ်ပြောင်းတဲ့ အိမ်မှာ အင်တာနက်မရှိလို. အင်တာနက်တပ်မလို. ဟိုနေ့က Starhub branch ကိုသွားခဲ့တယ် ။ အဲဒီမှာ ရောက်ရောက်ချင်းပဲ ဝန်ထမ်းတစ်ယောက်ကို အင်တာနက်လိုင်းတွေဘယ်လိုယူရလဲ ဘယ်လိုမျိုးတွေရှိလဲ မေးကြည့်တာပေါ့ ။ ကျွန်တော် သတိထားမိတာကတော့ သူတို.ဝန်ထမ်းတွေက တော်တော် service ကောင်းပါတယ် ။အားလုံးကို စိတ်ရှည်လက်ရှည်နဲ့ တစ်မျိုးစီ ရှင်းပြပေးတယ် ။သူတို.ဆီမှာ ပုံမှန် broadband နဲ့ optic fibre broadband ဆိုပြီး နှစ်မျိုးရှိလေရဲ့ ။ Optic fibre ကတော့ ပိုမြန်ပြီး တစ်လကို S$100 နီးပါးလောက်ကျတယ်လေ ။ ပြီးတော့ အဲဒါဝယ်တဲ့အတွက် လက်ဆောင်အနေနဲ့ X-box game console လည်းပေးသေးတယ် ။ကျွန်တော်ကတော့ ကျောင်းသားဆိုတော့ တစ်လ တစ်ရာနီးပါး မတတ်နိုင်တာနဲ့ တစ်လ S$58 တန် ပုံမှန် broadband ပဲယူလိုက်ပါတယ် ။ Internet Speed က 30Mbps ပါ ။ တခါတည်းကို Modem တွေ ကြိုးတွေ အကုန်အပြီးအစီး ပါပြီးသားဖြစ်ပါတယ် ။ အဲဒါ အိမ်ဖုန်းလိုင်းတစ်ခုလည်း free ပေးပါတယ် ။ တစ်နှစ် bill free ပါ ။ ဘယ်လောက်ကောင်းလိုက်လဲနော် ။ မြန်မာပြည်မှာဆို အိမ်ဖုန်းလိုင်းလျှောက်ဖို. ဟိုလူလိုက်ရ ဒီလူလိုက်ရ ၊ ပြီးရင် ကုန်လိုက်တဲ့ ပိုက်ဆံကလည်း သောက်သောက်လဲ ။ အင်း .. ကိုယ့်နိုင်ငံမှာလည်း ဒီလို ဘယ်တော့ ဖြစ်မလဲ ဆိုပြီးတော့ စဉ်းစားလိုက်ပါသေးတယ် ။

အဲဒါနဲ့ အင်တာနက် တပ်ခက မြန်မာပြည်မှာလို ၁၆ သိန်းတွေ ဘာတွေ တပြားမှ ပေးစရာမလိုပဲ ရခဲ့ပါတယ် ။ လကုန်မှ S$58  စသွင်းရမယ်ပေါ့ ။ အဲဒီ အင်တာနက်ကိစ္စလုပ်တာ ဘယ်လောက်မှ မကြာပါဘူး ၁ဝ မိနစ်လောက်ပါပဲ ။ ပြီးတာနဲ့ အိမ်ပြန်ပြီး ချက်ချင်းတပ်ကြည့်တာ အဆင်ကိုပြေလို. ။ ဪ .. ခေါင်းထဲကို အတွေးတစ်ချက် ဝင်လာပါတယ် … မြန်မာလူမျိုးတွေကို ချမ်းသာတယ်များ ထင်နေလားမသိဘူး သူများနိုင်ငံတွေမှာ အင်တာနက်ကို တစ်လ မြန်မာငွေ ၃၅၀၀ဝ – ၄၀၀၀ဝ နဲ့အဆင်ပြေနေချိန်မှာ စတပ်ဆင်ကြေး ၁၆ သိန်း (အခုတော့ Discount 50% ရှိလို. ၈သိန်းဆိုလား) ကြီးကို မနည်းမနောပေးပြီး သုံးနေကြရတာ ။ ပြီးတော့ လိုင်းကလည်း သုံးပျော်သလားဆိုတော့ မြန်မာပြည်တွင်းမှာ အင်တာနက်အသုံးပြုနေသူတွေ အသိဆုံးပါဗျာ ။

10 comments

  • phyo1980

    July 2, 2011 at 3:07 am

    တို့နိုင်ငံသားတွေကတော့ ချမ်းသာတယ်ဟ၊ကားဆိုလည်းဈေးအကြီးဆုံး ၊ဖုန်းဆိုလည်းဈေးအကြီးဆုံး၊အင်တာနက်လည်း ဈေးတော့ကြီးတယ် လိုင်းကဘယ်တော့မှမကောင်းဘူး၊
    မြေကွက်ဆိုလည်း သိန်းကိုသောင်းနဲ့ ချီပြီး USA ကမြေဈေးထက်တောင်ဈေးကြီးတယ်ပြောနေကျသေးတယ်။

    Reply

    • pan pan

      July 4, 2011 at 3:18 am

      စားသောက်စရိတ်လည်း ကြီးတယ်လေ
      ကိုယ်နိုင်ငံက ထွက်လို့သာပဲ

      Reply

  • windtalker

    July 2, 2011 at 4:55 am

    ဂုဏ်ယူလိုက်စမ်းဘာ

    Reply

  • ဆူး

    July 2, 2011 at 12:22 pm

    အဲလို ပြောပြမှ သိတာ.. ဒီမှာ တော့ ဒီက ဈေးပဲ သိတယ် ကျေးဇူးတင်ပါတယ် ဗဟုသုတ တခု တိုးသွားလို့။

    Reply

  • pooch

    July 2, 2011 at 2:19 pm

    ရွှေပြည်တော် မျှော်တိုင်းဝေး ့

    Reply

  • kai

    July 2, 2011 at 11:28 pm

    Infrastructure ကိုဆောက်ဖို့. အစိုးရက ဘက်ဂျက်မရှိတာမို ့.. လူတွေကတိုက်ရိုက်မျှပေးနေရတာပါ..။
    ဈေးအကြီးဆုံးဖြစ်နေတာ မဆန်းပါဘူး..။

    ဥပမာ…။
    လူအရောက်အပေါက်နည်းတဲ့.. ဝေးလံဒေသကရွာတရွာက.. လျှပ်စစ်မီးလိုချင်တယ်ဆိုပါစို့..။
    လျှက်စစ်ဂရစ်ကြီးတွေရှိတဲ့နေရာကနေ..အဲဒီရွာအထိ.. ကြိုးတွေ..တာဝါတိုင်တွေနဲ့သွယ်တန်းလုပ်ရပါတယ်..။
    အဲဒါတွေအတွက် လုပ်အားနဲ့ပစ္စည်းဖိုးကုန်ကျစရိပ်က.. ဒေါ်လာသိန်းသန်းချီတက်လာတာပေါ့..။
    ရွာကလူကတော့ ..ဘယ်သိနိုင်ခံစားနိုင်မလည်း..။
    လျှပ်စစ် မီတာဖိုး မြို့ကလူတွေထက်စာရင်..သူတို့မှာမတရားကြီးများနေတာပဲသိမှာပေါ့…။

    ယူအက်စ်မှာလည်း.. ကေဘယ်သွယ်ချင်တယ်ဆို… ချာတာ..တိုင်မ်းဝန်နာ စသဖြင့် ပရိုဗိုက်တာတွေရှိတယ်..။
    တိုင်းမ်ဝန်နာဇုံ နေရာကို ..ချာတာကေဘယ်မှ သွယ်ချင်ပါတယ်ဆို.. ဒေါ်လာ၁သိန်းပေးလည်း မရဘူး..။
    သူတို့မိန်းစတေရှင်ကနေ.. အဲဒီအိမ်အရောက် သွယ်ပေးရမယ့် ကြိုးဖိုးချည်းပဲ..၁သိန်းမကဖြစ်နေမှာကိုး….။

    အဲဒီလို…။ 🙂

    ဆိုတော့…
    အစိုးရက.. ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမရှိတဲ့..ဘတ်ဂျက်စံနစ်ကြောင့်.. အခုလိုတွေဖြစ်ကုန်တယ်မှတ်ပါတယ်..။
    အစိုးရဆိုတဲ့..အုပ်ချုပ်သူတွေအပြစ်ပဲ..။
    ဘတ်ဂျက်ခွဲဝေရာမှာ ပွင့်လင်းမြင်သာရှိရမယ်..။

    Reply

  • bigcat

    July 3, 2011 at 2:04 am

    လွယ်တာကိုခက်၊ ရှင်းတာကို ရှုပ်အောင်လုပ်မှ သားစဉ်မြေးဆက် စားလို့ရတော့ မပေါ့ကွယ်။ အဘတို့က တိုင်းပြည်ကြီးချောက်ထဲမကျအောင် ကယ်တင်ထားရတော့ ဒါလေးတော့ စားခွင့်ပြုပါလို့……

    Reply

  • xman

    July 3, 2011 at 5:47 am

    သူကြီးပြောတာ အမှန်ပါပဲ။
    ဒါပေမယ့် အဲဒါက အပြင်ကခြုံပြီးနားလည်ပေးတာပါ။
    အစိုးရအတွက်ဆိုရင်တော့ အဲဒါကမှန်မယ့် ပြည်သူပေါ်မှာ မမျှတ ပါဘူး။
    အစိုးရရဲ့အရေးကြီးတဲ့အလုပ်တခုက ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဘို့ပဲလေ။ တွက်ခြေကိုက်အောင်ချည်း လုပ်ဘို့မဟုတ်ပါဘူး။
    ဥပမာ သူတို့လုပ်တာထက် ပိုစွမ်းတဲ့ ပုဂ္ဂလိကကို အင်တာနက် Infrastructure ကို ဆောက်ပြီး လိုင်းငါးသန်းရောင်းခွင့်ပြုမယ်ဆိုပြီး တင်ဒါခေါ်ရင် ပြည်သူအတွက်တော့ ဒါထက်အများကြီး ဈေးသက်သာ လွယ်ကူ သွားတာပေါ့။ ရတဲ့ service လဲ တန်တန်ရာရာရနိုင်တာပေါ့။

    Reply

  • zaw min

    July 3, 2011 at 8:22 am

    မလေးရှားမှာဆင်းရဲတဲ့သူတွေများတာပေါ့ထင်မိသွားတယ်၊ဘာကြောင့်လဲဆိုတော့ အင်တာနက်သုံးချင်ရင်ဘယ်မှာမှ လျှောက်လွှာတင်စရာမလိုဘူး၊နီးစပ်ရာ ဖုန်းရောင်တဲ့ဆိုင်တွေမှာ ကိုယ်လိုချင်တဲ့ Broadband ဝယ်လို့ရပါတယ်၊ဥပမာ..DiGi လိုင်းဆိုရင် Rm.169.00ပါ၊Free Internet ကို(၅)ရက် အသုံးပြုနိုင်ပါတယ်။တစ်နေ့ကို(၂၄)နာရီလုံးအသုံးပြုနိုင်ပါတယ်၊TopUp ကို Rm.10 ဖိုးထည့်ရင်(၅)ရက်အသုံးပြုနိုင်ပါတယ်၊တစ်နေ့ကို Rm.2ပဲကျတော့တယ်။တစ်လလုံးသုံးရင် Rm.60,ဆိုတော့ မြန်မာငွေနဲ့ တစ်လကို ၁၆၀၀ဝကျပ် လောက်ပဲကျတယ်။ယနေ့ပေါက်ဈေးနဲ့နော်…ကားဝယ်စီးမယ်ဆိုရင်လည်း Rm.3000 ရှိရင်စီးလို့ရပီ။လိုင်စင်နဲ့နော်…ဒါဟာ နိုင်ငံသားအတွက်မဟုတ်သေးဘူး၊တရားဝင်နေထိုင်တဲ့ နိုင်ငံခြားသားတိုင်းအတွက်ပဲရှိသေးတယ်၊နိုင်ငံသားဆိုရင် အင်စတော့မန့် နဲ့အကုန်ဝယ်လို့ရနိုင်ပါတယ်။ဆိုတော့ကာ..ဆိုတော့ကာ
    ကျွန်ုပ်တို့သည် ချမ်းသာကြွယ်ဝသောတိုင်းပြည်မှမွေးဖွါးလာခဲ့ကြသော လူဆင်းရဲများဖြစ်ကြပါကုန်၏။

    Reply

  • weRone

    July 4, 2011 at 8:47 am

    အခုလည်း ပင်စင် လစာတွေ တိုးသွားပါပြီ။ ပင်စင်တိုးတော့ ကုန်ဈေးနှုန်းတွေလည်း တိုးပါမယ်။. ဒီနိုင်ငံသားတွေ ချမ်းသာတာ အခုမှ သိကြလား။ 😀

    Reply

Leave a Reply

Your email address will not be published.