ဒုက္ခတံတား

ထာ၀ရJune 28, 20111min06

ရန်ကုန်မြို.လယ်ခေါင် လို.ပြောရမယ်.  ဆူးလေလမ်းမကိုရောက်တိုင်း

ကျွန်တော်စိတ်တိုမိ ၊ စိတ်ပျက်မိတာ အမြဲတန်းပါဘဲ

ဆူးလေလမ်းမပေါ်မှာ ရန်ကုန်မြို.ကိုစီမံခန်.ခွဲရတဲ. မြိုတော်ဝန်ရုံးထိုင်တဲ.

မြိုတော်ခန်းမကြီးလဲ ရှိပါရဲ.ဗျာ..

အဒီအဆောက်အဦးနဲ.မလှမ်းမကမ်းမှာဘဲ တိတိကျကျပြောရရင်

အနော်ရထာလမ်းမနဲ.ဆူးလေလမ်းမ ဆုံတဲ.လမ်းဆုံလမ်းခွ

မီးပွုင်.နေရာမှာ လမ်းပေါ်ကနေလူတွေလမ်းမကူးရဆိုပြီး

စတီးတန်းကြီးတွေကာထားတယ်လေ

ဘာဖြစ်လို.ကာတာလဲဆိုတော.ရန်ကုန်မြို.ကလူတွေကလမ်းမကူးတတ်လို.

ယဉ်တိုက်မှုတွေဖြစ်မှာစိုးလို.တဲ.စေတနာနဲ.ကုန်းကျော်တံတားလုပ်ပေးထားတာ

အဲဒီကနေသွားပါတဲ.ဗျာ၊

တံတားကိုကြည်.လိုက်တော.တခုထဲဗျာ ဆူးလေဘက်ခြမ်းကလူတွေ

မောင်တော်လေးလမ်းဘက်သွားချင်ရင်သမ္မတရုံဘက်အခြမ်းကိုလမ်းကူးပြီးမှ

တံတားပေါ်တက်လို.ရတယ်ဗျာဟိုတဘက်ခြမ်းကလူတွေလဲထိုနည်းလည်းကောင်းဘဲ

ဘယ်လောက်စိတ်ပျက်ဘို.ကောင်းလဲဘယ်လိုစိတ်ကူးနဲ.ဘယ်လိုခေါင်းဆောင်က

ဒီလို တံတားကိုဆောက်ရတာလဲမစဉ်းစားတတ်အောင်ပါဘဲ

ဒီတံတားကိုဘယ်လိုခေါ်လဲတော.မသိဘူးကျွန်တော် ကတော.ဒုက္ခ တံတားလို.ဘဲနာမည်ပေးချင်တော.တယ်

(တခုတော.ကောင်းသွားတယ် တံတားပေါ်မှာဈေးရောင်းဘို.)

6 comments

  • MaMa

    June 29, 2011 at 12:26 am

    ကောင်းတဲ့ဖက်က တွေးကြည့်ရင် အနိစ္စ တံတားတို့၊ အနတ္တ တံတားတို့ နဲ့ မတွေ့တာကို ကျေးဇူးတင်ရမယ်။ ယာဉ်တိုက်မှုတွေဖြစ်လို့ တံတား ပေါ်က လမ်းကူးစေချင်ရင်လည်း အဆင်ပြေအောင် အတက်အဆင်း လှေကားတွေကို လေးဖက်လေးတန်မှာ လုပ်ပေးဖို့ကောင်းတယ်။ အင်းးးးးးးး အင်ဂျင်နီယာတွေ အိုင်ဒီယာ နည်းကြလို့ထင်တယ်။

    Reply

    • pan pan

      June 29, 2011 at 2:41 am

      လေးဖက်လေးတန်လုပ်မပေးနိုင်ရင်တော့ လမ်းမကူးရဆိုတဲ့ ကျန်တဲ့ဘက်ခြမ်းတော့ လုပ်ပေးသင့်တာပေ့ါ
      ပြီးတော့ တံတားတစ်ဖက်နဲ့တစ်ဖက်လည်း လှေကားကမတူပြန်ဘူး
      ကိုယ်တိုင်ကတော့ အင်ဂျင်နီယာမဟုတ်တော့ ဒီနေရာမှာ ဒီလိုဆောက်မှ၊
      ဟိုမှာကျ ဟိုလိုဆောက်မှ ဆိုတာတော့ မသိပါဘူး
      သွားလာနေရတော့ သွားလို့လာလို့ အဆင်မပြေတာပဲသိတယ်
      ဒီကြားထဲ တံတားပေါ်မှာ နေရာအကျယ်တစ်ဝက်ကျော်လောက်က ဈေးသည်တွေဆိုင်ခင်းထားတယ်
      ဟိုဖက်ကလာတဲ့လူနဲ့ ဒီဖက်ကလာတဲ့လူနဲ့ ကပ်သပ်ရှောင်နေရတယ်
      (သွားရင်လာရင်း ဈေးဝယ်တဲ့လူ၊ ငေးတဲ့လူရှိရင် လမ်းပိတ်ရော..တံတားက ကျဉ်းကျဉ်းနဲ့)

      Reply

  • bigcat

    June 29, 2011 at 2:14 am

    ဗေဒင်ယတြာသဘောမှာ အပိုကွန့် အလိုလျော့ လုပ်လို့ရဘူးကွယ့်။

    Reply

  • pan pan

    June 29, 2011 at 2:45 am

    ညနေ၅နာရီကျော်လောက်ဆိုရင်တော့နော် တံတားပေါ်သွားတဲ့လူ မရှိလောက်ပဲ
    မော်တော်ပီကယ်ကလည်းမဖမ်းတော့ဘူး
    လူတွေလည်း ကားလမ်းပေါ်ကနေ ဒီတိုင်းကူးနေကြတာပဲ

    Reply

  • နွယ်ပင်

    June 29, 2011 at 3:56 am

    တစ်ခါတစ်လေ နေ့လည်တောင် တံတားပေါ်ကမကူးတဲ့ အခါရှိတယ် ။ တံတားက စဆောက်ကတည်းက အဆင်မပြေတော့ သွားရတဲ့ သူတွေအတွက် တော်တော် ကသီကလင်နိုင်တာ

    Reply

  • ဆူး

    June 29, 2011 at 1:52 pm

    မီးပွိုင့် ကားရပ်လို့ တံတားအောက်မှာ ရပ်စောင့်ရင် တံတားပေါ် လူတွေ တက်သွားတဲ့ ခြေသံက.. ဒုန်းဒုန်းနဲ့.. တမျိုးကြီးပဲ..

    Reply

Leave a Reply

Your email address will not be published.