ဒီနေ့ မန္တလေးမှာ ဗုံးပေါက်တယ်လို့ ပြောပါတယ် (သိသူများ …)

KingJune 24, 20111min03

လမ်မပြောတတ်တဲ့ ညီမလေးတစ်ယောက် က Gtalk ကနေ သတင်းပို့လာပါတယ် သူပို့လာတဲ့ သတင်းများကတော့  ……(၂၄.၆.၂၀၁၁)နေ့လည် ၁၂နာရီကျော်အချိန်တွင် ၈၄လမ်းနဲ့ ၂၈လမ်းထောင့်အနီးမှာ ဂျစ်ကားတစ်စီးဗုံးကွဲကြောင်းသိရပါသည်။

မန်းလေးမြို့ ဈေးချို မန်းမြန်မာပလာဇာတွင်ဗုံးပေါက်ကွဲသည် (၁၁ နာရီ ၅ဝ မိနစ်ခန့်တွင် ဟု သတင်းရပါသည်)

ဆက်လက်ပြီး မန္တလေးသားများ သတင်းမျှဝေပေးပါအုန်း ….

3 comments

  • king

    June 24, 2011 at 7:10 am

    သူဂျီးရေ
    ကွန်နက်ရှင်မကောင်းလို့ ကျွန်တော့်ပို့စ် က နောက်ကျမှ တတ်သွားပါတယ်
    အရင်တက်သွားတဲ့သူ ရှိလို့ ကျွန်တော့်ပို့စ်နဲ့ ပွိုင့်တိုးသွားတယ်ဆိုရင်လည်း ပြန်ဖျက်လိုက်ပါအုန်းဗျ ..
    လေးစားလျှက်
    King

    Reply

  • king

    June 24, 2011 at 7:31 am

    မန္တလေးဈေးချိုတော်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ဂျစ်ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂ရ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ဂျစ်ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ ဂျစ်ကားမှာမူ ပျက်စီးသွားပြီး ထပ်မံ၍ အသေအပျောက်နှင့် ဒဏ်ရာရရှိမှု အခြေအနေကိုမူ စုံစမ်းနေကြောင်း သိရှိရသည်။

    “၂၆ လမ်းကနေ ၂၈ လမ်းထိကို ယာယီ ကန့်သတ်လိုက်တယ် အခု သက်ဆိုင်ရာ တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာ နေရာမှာ လာရောက် စစ်ဆေးလျက်ရှိတယ်ဆိုတာကို တွေ့ရပါတယ်”ဟု အခင်းဖြစ်ပွားရာနေရာအနီးသို့ သွားရောက် ကြည့်ရူနေသည့် မန္တလေးမြို့ခံ တစ်ဦးက မွန်းလွဲ ၁ နာရီခန့် တွင် ပြောကြားခဲ့သည်။
    ပုံတွေကိုတော့ ..

    https://www.facebook.com/media/set/?set=a.1409158045843.39363.1739248331

    Reply

  • PaukPhaw

    June 24, 2011 at 8:14 am

    နေပြည်တော်နဲ ့ မေမြို ့မှာလဲ ဗုံးကွဲခဲ့သေးတယ်တဲ့ဗျ

    Reply

Leave a Reply

Your email address will not be published.