အကြွေမှာ တိတ်မပါလျှင် အတုလား

etoneJune 22, 20111min016

 

အကြွေ ရှားပါးမှူ ပြသနာဟာ တနေ ့ တခြား ဆိုးရွားလာခြင်းနှင့် အတူ အောက်ခြေလူတန်းစား များရဲ့  စီးပွားရေးလည်း မသိမသာမှ သိသိသာသာ ထိခိုက်လာခဲ့တယ် … ။ အကြွေရှားပါးမှူကြောင့် အစားထိုး ပစ္စည်းတွေကို အသုံးပြုပြီး လဲလှယ်လာတာတွေ့ရတယ် ။ တနေ့လုပ်မှ တနေ့စားရတဲ့ အခြေခံအလုပ်သမား မိသားစုများအတွက်ကတော့ အခက်ခဲဖြစ်ကြရတာပေါ့ … ။ စပယ်ယာက စလို့ စူပါမားကတ်တွေ အထိ အကြွေ ပြသနာ ရှိနေခဲ့တာ အတော်ကြာပါပြီ ။ အခုထိလည်း အကြွေအခက်ခဲ ရှိစဲပါ … နောက်ဘယ်လောက်ကြာကြာထိ ဒီလို ပြသနာရှိနေဦးမလဲ မသိပေမဲ့ အတော်ဆိုးရွားတဲ့ အစားထိုးပစ္စည်း လဲလှယ်မှူပြသနာကလည်း နေ့စဉ်နီးပါး ကြုံတွေ့ နေကြရတာပဲ … ။ စူပါမားကတ်မှာ ဈေးသွားဝယ်ဦးတော့ … နောက်ပိုင်း အကြွေမရှိလျှင် tissue ထုတ်လိုမျိုး ၊ ကော်ဖီမစ်လိုမျိုး ၊ သကြားလုံး ၊ snow တာဝါ လိုမျိုးတွေ နဲ့ ပြန်အမ်းတတ်ပါတယ်… မလိုချင်လို့လည်း မရဘူးလေ… သူတို့ကတော့ လူတိုင်းကို အကြွေမရှိဘူးပြောပြီး ဒီလိုပစ္စည်း တမျိုးမဟုတ်တမျိုး အမ်းနေကြပါပဲ …. ။ ကျွန်မ အဒေါ် တယောက်ဆို ဈေးဝယ်ပြီး ပြန်လာတိုင်း သကြားလုံး ချည်း အမ်းခံနေရလို့ ဗူးလေးတဗူးနဲ့ သိမ်းထားပြီး နောက်များလာမှ တန်ဖိုးတူ ပစ္စည်းတခု သွားလဲလှယ်မယ်လို့ တွေးထားပြီး သကြားလုံးတွေ စုပါတော့တယ်… ။ အိမ်မှာကျန်နေတဲ့သူ့သမီး လေးက အမေ အ လစ်မှာ သကြားလုံးတွေခိုးစားလေရဲ့ …. ဒါနဲ့ ပဲ ချောင်းဆိုးပြီး ဆေးခန်းပြရတဲ့ အဖြစ်ကြုံရရော …. ။ သကြားလုံးဖိုးထက် ဆေးဖိုးပိုကုန်ခဲ့တဲ့ အဒေါ်က ၊ အကြွေရှားပါးတဲ့ ပြသနာကို တင်းနေလေရဲ့ … ။ တချို့ ရှောပင်းစင်တာတွေမှာဆိုလည်း အကြွေအစားသူတို့ သတ်မှတ်ထားတဲ့ စက္ကူလိုဟာမျိုးမှာ 50Ks,100Ks , 200Ks စသဖြင့် ရိုက်နှိပ်ပြီးသားတွေ အမ်းပါတယ်… ။ ကော်ဖီမစ်တို့ ၊ သကြားလုံးတို့ကဖြင့် သုံးလို့ ရသေးတယ်… သူတို့ရဲ့ … ပိုက်ဆံ အဖြစ် လဲလှယ်လိုက်တဲ့ စာရွက်က တခြား ဘယ်ဆိုင်မှာမှ ဝယ်လို့ မရပါဘူး … ။ သူတို့ ဆိုင်ခွဲတွေ မှာပဲ ဝယ်လို့ ရတာမို့ .. ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခြင်းပါပဲ … ။ ရှောပင်းစင်တာ တခုမှာ အကြွေကို ပစ္စည်းပြန်လဲချင်လို့ ဝယ်မယ်ဆို …. အသေးဖွဲဆုံးပစ္စည်းတောင် ငါးဆယ် ၊တစ်ရာတန်မရှိသလောက်ပါပဲ ….. ။ အကြွေကို ပိုက်ဆံအဖြစ်လဲဖို့ အတွက် ကိုယ့်အိတ်ထဲက ငွေ ထပ်စိုက်ရမဲ့ အဖြစ်မျိုးပါပဲ … ။ ဒါတွေက စူပါမားကတ်ကြီးတွေမှာ ဈေးဝယ်တဲ့အခါ လဲလှယ်တဲ့ အခြေနေပါ …။ အဲ့ဒါတွေ နဲ့ စိတ်ပျက်ပြီး….ဈေးထဲသွားဝယ်လည်း ဒီအတိုင်းပါပဲ… လိုချင်တဲ့ အကြွေပမာဏ မအမ်းနိုင်တော့တဲ့အခါ ဟိုအသီးထည့်ပေး၊ဒီအရွက်ထည့်ပေးနဲ ့… လက်ထဲက အတန်တစ်ရွက် မကုန်ကုန်အောင် အတင်းထိုးပေးတော့ တာပါပဲ… ။ ကိုယ့်အိုး နဲ့ ကိုယ့်ဆန် တော်ရုံလေးမှန်းထားပေမဲ့ ..တစ်ခါတစ်လေ … မကုန်နိုင်လောက်အောင် များများဝယ်သွားမိတာမျိုး ဖြစ်တတ်တယ်လေ … ။ ဘတ်စ်စကား စီးဦးမလား … စပယ်ယာကလည်း အကြွေမရှိဘူး အကြောင်းပြချက်နဲ့ ဘယ်တော့မှ ပြန်မအမ်းတတ်ဘူး … ။ သူကတော့ပိုဆိုးတာ အကြွေနဲ့ လဲလှယ်လုပ်မဲ့ တစ်သျှူးတို့ … ကော်ဖီမစ်တို့ … သကြားလုံးတို့ ပြန်မပေးတာပါပဲ…… ။ အကြွေတွေ ဘာကြောင့် ဒီလောက်တောင် ရှားပါးနေရသလဲတွေးမ တတ်အောင်ပါပဲ … ။ ရှိတဲ့ အကြွေတွေထဲက 90%လောက်ကလည်း အားလုံး တိတ်မကပ်တဲ့ ပိုက်ဆံ မရှိသလောက်ပါပဲ… တစ်ခါတစ်လေ မည်းသည်းပေညစ်နေတတ်ပြီး … ဟိုခြစ်ဒီခြစ် ဘောပင် အရာများလည်း ပါတတ်သေးတယ်… ။ မသတီလို့ မကိုင်ချင်လည်း သူက တန်ဖိုး အနည်းငယ် ရှိတာကိုး… ဒီလိုပဲ သည်းခံသုံးစွဲရတာပါပဲ… ။ အကြွေးရှားပါးမှူကြောင့် ဆိုးကျိုးတွေ ချည်းဖြစ်နေတယ်လို့ မထင်ပါနဲ့ ဦး ကျွန်မမှာ အလေ့ကျင့်တခုရခဲ့ပါတယ်…။ ပိုက်ဆံတွေ ကိုင်ပြီးတိုင်း လက်ဆေးတဲ့ အကျင့်ပါ… မှိုနံ့တွေနဲ့ ဘတ်တီးရီးယားတွေ ကျွန်မတို့ လက်ထဲ မကူးစက်စေဖို့ …. လေ့ကျင့်ပြီး လက်ဆေးရပါတယ်… ။ အဲ့ဒီရဲ့ ဆိုးကျိုးအနေနဲ့ …. ဆပ်ပြာ နဲ့ ရေဖိုးပိုကုန်ကျပါတယ်….။ ဒါအပြင် ခဏခဏ လက်ဆေးနေတဲ့ အခါ လက်က အသားရည်တွေ ခြောက်သွေ့လာတာမို့ … hand cream တမျိုးသုံးပေးရပါတယ်… ။ အဲ့ဒါအတွက်လည်း ကုန်ကျစရိတ်ထောင်းပါသေးတယ်…. ။ ဘာမှ မဖြစ်စလောက် အကြွေလေးတွေ အခက်ခဲရှိတာနဲ့ … နောက်ဆက်တွဲပြသနာတွေ တသီကြီးမို့ …. လူကြီးမင်းတို့ ရေ… ပိုက်ဆံ အတန်သေးလေးများ များများထုတ်ပေးကြပါလို့ တောင်းဆိုပါတယ်နော် 😛

16 comments

  • နွယ်ပင်

    June 22, 2011 at 8:49 am

    အကြွေမှာ တိတ်မပါရင် အတုလားလို့ တကယ်အမေးခံရဖူးတယ် တစ်ခါ နွယ်ပင် ရုံးအသွား ဘတ်စ်ကားစီးတော့ကိုယ့်မှာ ပိုက်ဆံ အကြွေကလဲမရှိတော့ (1000 တန်ပေးရင်လဲ ပြန်အမ်းမယ့်ပိုက်ဆံက ထုံးစံအတိုင်း အစုတ်နဲ့ အပြဲချည်းမို့) လှူဖို့စုထားတဲ့ 200 တန် အသစ်လေးပေးမိပါတယ် စပယ်ယာက အစ်မပိုက်ဆံက အတုလားတဲ့ ….

    Reply

  • usnczn

    June 22, 2011 at 10:18 am

    ဟုတ်တယ် .တို့လဲ ရာတန် အသစ်လေးတွေကို သုံးဘို့ နှမျှောတော့
    စုစုထားတယ်။ ကိုယ့်လိုဘဲ လူတိုင်း စုနေကြတော့ အသစ်လေးတွေက
    ပိုက်ဆံအိတ် တွေထဲမှာဘဲ ရှိနေတာ..။အပြင်မှာက သူလဲမလိုချင် ကိုယ်လဲမလိုချင်တဲ့
    တိပ်ပါတဲ့ ပိုက်ဆံ အစုတ် တွေဘဲ လည်ပါတ်နေတာပါ..။
    (အသစ်စုတာက ကထိန်မှာ ပဒေသာပင် သီးပို့ပါ…ဟဲဟဲ..)(ဆင်ခြေပေးတာ..)

    Reply

  • eros

    June 22, 2011 at 11:29 am

    အကြွေစေ့တွေ ထုတ်ပေးစေချင်ပါတယ်။

    Reply

  • ဟေ့ ကိုပေါက်ကတော့ အခု လဲပေးထားတဲ့
    50 100 200 တန်အသစ်တွေဘဲသုံးတယ်။
    ပိုက်ဆံအစုတွေမကိုင်တော့ဘူး။
    သဘောပေါ်က်…………………..

    Reply

  • ဆူး

    June 22, 2011 at 12:39 pm

    ပိုက်ဆံ မှိုတွေ ဆိုလို့ တနေ့က ပိုက်ဆံ ရေပြီး မေ့ပြီး မျက်စိယားသလို ဖြစ်လို့ ပွတ်မိပြီး ပွတ်လို့ မဆုံး ဖြစ်တာနဲ့ ချက်ချင်း ထ ပြီး လက်ဆေး မျက်နှာ သစ် မျက်လုံးပါ ရေနဲ့ ဆေးလိုက်ရတယ်။
    ကို်ယ်တွေ့နော်.. ပိုက်ဆံ မှို သတိထား စေချင်တယ်

    Reply

  • ကျနော့်အသိတစ်ယောက်ကတော့ ပိုက်ဆံရေရင် ပါးစပ်ထဲကို လက်ထဲ့ တံတွေးဆွတ်ပြီး
    ရေတာ
    အခုလျျာမှာ အဖုတွေပေါက်လာလို့တဲ့

    Reply

    • antimoe

      June 23, 2011 at 4:20 am

      ကိုပေါက်ရေ…ပိုက်ဆံရေလို့….အဖုပေါက်တယ်လား….
      ပေါက်ချင်လို့ပါကွယ်…။

      Reply

  • pooch

    June 22, 2011 at 4:36 pm

    အိမ်က အလုပ်ရုံမှာတော့ အကြွေ ၁၀၀၀ဝ ဆို အလိုက် ၂၀၀ဝ ပေးပြီး လဲရတယ် အဲလိုမှမလဲရင်လဲ အကြွေအကောင်း မရဘူးကိုယ်ကလိုတဲ့လူ ဆိုတော့လည်း လဲရတာပဲ

    Reply

  • MaMa

    June 23, 2011 at 1:07 am

    ငွေအကြွေကို အစားထိုး ပစ္စည်း အမ်းတဲ့အခါ တန်တန်ရာရာလေးနဲ့ အသုံးဝင်မယ့် ပစ္စည်းလေးတွေအမ်းရင်တော့ သိပ်ပြဿနာ မရှိဘူး ထင်ပါတယ်။ အကြွေအမ်းဖို့ လက်ကားဈေးနဲ့ ဝယ်ထားတဲ့ ပစ္စည်းကို ဝယ်ရင်းဈေးနီးပါး ပြန်အမ်းတော့ မငြိုငြင်ကြတော့ဘူး။ လက်ကားဈေးနဲ့ ၄ရ ကျပ်ဝယ်ရတဲ့ ပစ္စည်းကို ၅၀၊ ၉၉ကျပ်နဲ့ ဝယ်ရတဲ့ ပစ္စည်းကို ၁၀ဝ နဲ့ အမ်းတော့ ဝမ်းပန်းတသာ ယူသွားကြလေရဲ့။

    Reply

  • manawphyulay

    June 23, 2011 at 3:48 am

    ငါးရာတန်တို့ ၂၀ဝ တန်တို့ကို အကြွေတဲ့လား အဲလိုပြောပါနဲ့ ရာတန်ကြီးတွေ မသုံးနိုင်သေးပါဘူး။ လေးပေါက်ရေ… အသစ်တွေပဲ သုံးတယ်ဆိုတော့ ရန်ကုန်မှာတော့ အသစ်ဆို အတုမှတ်ပြီး သိပ်မယူချင်ကြဘူးရှင့်… 😛

    Reply

    • etone

      June 23, 2011 at 4:14 am

      အောင်မလေး မနောရဲ့ … အပြောကောင်းလှချည်လား ကျအောင်လည်း ပြောတတ်ပါရဲ့ …. သူများတွေ ပြောတုန်းက မယုံဘူး … အခုလိုဝင်မန်းမှပဲ မနောရဲ့ တိမ်မြုပ်နေတဲ့ အရည်ချင်းတွေ ပေါ်လာတော့တယ်… ။ 😛 😛
      ဟိုတခါလည်း အင်တာနက်ဖိုး မတတ်နိုင်တော့ဘူးဆိုလား ညည်းပြန်တယ် …. ။ ပို့စ်တင်တဲ့လူကတင်ပြီး အကူညီတောင်းဘာညာနဲ့ ဖြစ်ကြသေးတယ်မို့လား …. ။ အဲ့လောက်ကြီးလည်း ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့ အင်တာနက်သုံးဖို့ ငွေလောက်တော့ အထက်တန်းကလေးတောင် သုံးနှိုင်ပါတယ်… ။ အခုလည်းကြည့် … အတန်ကြီးတွေ မသုံး နိုင်သေးဘူးဆိုပဲ…. ။ ဆင်တကောင်လောက် ချီးမြင့်ရမလား ။ လူသနားအောင်တော့ ပြောတတ်တယ် …

      Reply

      • etone

        June 23, 2011 at 4:20 am

        အထက်တန်းကျောင်းက ကလေးလို့ ရေးတာပါ… ကျောင်းကျန်ခဲ့တယ် ပြင်ဖတ်လိုက်။

        Reply

  • antimoe

    June 23, 2011 at 4:39 am

    ၁၀ဝတန်တစ်ရွက်ရှိရင်
    ဒါလေးတွေ..ဝယ်/လုပ် လို့ရတယ်နော…..တို့ရန်ကုန်မှာ….။

    ဒလကို လူနှစ်ယောက်အသွားအပြန်….နှစ်ခါလုပ်လို့ရတယ်။
    မြို့ပတ်ရထား ၁ဝခေါက်စီးလို့ရတယ်။(နီးရင်)
    birthday ကော်ဖီမစ် ၂ခေါက်စာရတယ်။
    ငပိရေကျို ကျိုပြီးသား…တခွက်ရတယ်။
    တု့ိစရာ တစ်ပုံရတယ်။
    ကန်ဇွန်းရွက် တစ်စီးရတယ်။
    ဖွဲပြာတစ်ထုတ် ရတယ်။
    ငရုတ်သီးစိမ်းအသေး အတောင့် ၅ဝလောက်ရတယ်။
    နံနံပင် အပင်၂ဝလောက်ရတယ်။
    သပြေတစ်ခက် ရတယ်။
    စမူဆာ တစ်ခုရတယ်။
    ငှက်ပျောသီးတလုံး ရတယ်။
    ပြီးတော့…
    ၈ခါစုရင်…တစ်ဒေါ်လာရတယ်။

    Reply

    • etone

      June 23, 2011 at 4:53 am

      အန်တီမိုးရဲ့ … အဲ့ဒီတစ်ရာကို မအမ်းလို့ ခဏခဏ စပယ်ယာနဲ့ ကွိုင်ရတယ်…။
      ပိုက်ဆံမအမ်းဘူးလား …ရတယ်… တရာတန် ဖိနပ်နဲ့ တချက်နင်းခံရမယ် …။ တံတောင်ဆစ်နဲ ့ တခါ ထိုးခံရမယ်… ။ လစ်ရင်လစ်သလို စလင်းဘတ်နဲ့ တီးခံရမယ်… ဟဲဟဲ 😛

      Reply

  • pan pan

    June 23, 2011 at 5:03 am

    ဈေးထဲမှာဈေးဝယ်ရတာ အကြွေမပါရင် သိပ်မျက်နှာငယ်တာပဲ။
    ဈေးသည်တော်တော်များများက အကြွေပေးနော်၊ အကြွေမပါရင် မရောင်းဘူး ဆိုတာက များတယ်။
    ပါသွားတဲ့ပိုက်ဆံနဲ့ ကိုယ်ဝယ်မယ့် ပစ္စည်းတွေအကုန်ရနိုင်ပေမယ့် အကြွေအခက်အခဲကြောင့် လိုတဲ့အတိုင်းအတာထက်ပိုဝယ်ရတော့ အမယ်စုံအောင်မဝယ်နိုင်တော့ဘူး။ 🙁
    ပုစွန်ချဉ်တစ်ဆယ်သား၆၀ဝကို ၅ကျပ်သား၃၀ဝနဲ့ဝယ်မလို့ ဈေးသည်က ၂၀ဝတန်အမ်းစရာမရှိလို့ ၅၀ဝဖိုးအတင်းယူခိုင်းတယ်။ တစ်ယောက်တည်းစားမှာမို့ ၅၀ဝဖိုးလောက်ကြီး မကုန်ပါဘူးဆိုလည်းမရဘူး။ အဲဒါနဲ့ မဝယ်တော့ဘဲ ပြန်လာလိုက်တယ်။ ၂၀ဝတည်းပဲလို့တော့ မပြောနဲ့နော်။ အဲလိုပဲဝယ်တာတွေများနေတော့ စားလို့မကုန်ဘဲ မကောင်းတော့လို့ လွှင့်ပစ်ရတဲ့အကြိမ်ပေါင်း မနည်းတော့ဘူး။ နည်းနည်းစီ နည်းနည်းစီနဲ့ ဈေးဖိုးထဲက ထိခိုက်တယ်။ 🙁

    Reply

  • AKKO

    June 23, 2011 at 7:54 am

    တစ်ရာ မအမ်းတာ များလာလျှင်တော့ အတန်ကြီး တရွက်စာ ဖြစ်သွားတာပါပဲ… ။ ချက်ချင်းတော့ မသိသာပေမဲ့ … ခဏခဏဖြစ်လာတဲ့အခါ … လ္ဘက်ရည်ဖိုး ထိခိုက်လာတယ် 😛

    Reply

Leave a Reply

Your email address will not be published.