ကချင်မြို့တော် မြစ်ကြီးနားမြို့ပေါ် ဗုံးများ ဆက်တိုက်ပေါက်ကွဲ (KIC News)

BayoteJune 22, 20111min01

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား မှအမှတ် (၁) ရဲစခန်းနှင့် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ် ရေး ရုံး တွင် ယမန်နေ့ ဇွန် ၂၁ ရက် ည ၁၁ ကျော်ချိန် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။

မြို့ခံတစ်ဦးက “ငါတို့ဆိုင်နားမှာပဲ ၃ အိမ်ပဲခြားတယ် ငါတို့အိမ်က ပုလင်းတွေတောင်ကျကွဲတယ်” ဟု ပြောသည်။

“လဝက ကတော့ဟုတ်တယ် သွားကြည့်ပြီ အမိုးတွေပွင့်ပြီ မှန်တွေကွဲကုန်ပြီး တံခါးတွေလည်းပျက်သွားတယ်” ဟု လဝက (လူဝင်မှုကြီးကြပ်ရေး)ရုံး ဗုံးပေါက်ကွဲမှုကို သွားရောက်ကြည့်ရှုခဲ့သူ နယ်ခံတစ်ဦးပြောသည်။

သို့သော် ယင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မ ရှိ ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ၎င်းတို့် ဖေါက်ခွဲခြင်းဖြစ်သည်ဟု ကချင်သတင်းဌာနသို့ပြောသည်။

KIA မှ ပြည်တွင်းစစ်ဖြစ်ပေါ်လာနိုင်သည်ဟု မြန်မာအစိုးရအား ဇွန် ၁၃ ရက် က ရာဇသံပေးပြီးနောက် ၎င်းတို့တပ်ဖွဲ့ဝင်များအား အစိုးရနှင့်ပတ်သက်သောနေရာဌာနများကို ဖျက်ဆီးရန် ခွင့်ပြုထားသည်ဟု ဆိုသည်။

KIC NEWS

We Not Want War. Only Effect to People. Please all Mandalay Gazette Visitors give comments to GOV to stop war as soon as possible.

One comment

  • captainamerica

    June 23, 2011 at 8:17 am

    http://www.BBC burmese news.com မှာသာွးဖတ်ကြည့်ကြပါ ပိုသိချင်ရင်….

    Reply

Leave a Reply

Your email address will not be published.