ငှက်တွေရဲ့အကြောင်းကို အသေးစိတ် လေ့လာမယ်

khinmintatthuJune 20, 20111min03

သင်တို့ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ် နှင့်အမျှ တိရစ္ဆာန် လေးတွေကို မြင် တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီလို တိရစ္ဆာန် ပေါင်းစုံ တွေထဲကမှ ကောင်းကင်မှာ ပျံဝဲနေတဲ့ ငှက်လေး တွေရဲ့အကြောင်း ကို အသေး စိတ် သာသိရှိရ မယ်ဆိုရင် ဘယ်လောက် ကောင်းလိုက် မလဲနော်။ အဲဒီလို သိချင်နေတဲ့ သူတွေ အတွက် ဒီဝက်ဘ်ဆိုက် လေးက ဖြည့်ဆည်းပေး ပါလိမ့်မယ်။ ဆွဲဆောင်မှုရှိတဲ့ အသွင် အပြင်နဲ့ လာရောက် ကြည့်ရှု သူတွေကို ဆွဲဆောင်ထားပြီး ငှက်ကြည့်ရင်းနဲ့ ဆက်နွယ် ပတ်သက် နေတဲ့ အကြောင်း တွေကို အကောင်းဆုံး လေ့လာ နိုင်မှာဖြစ်ပါတယ်။ လေ့လာ နေရင်းနဲ့ကို သိချင်တာ ရှိလာပြီ ဆိုရင်တော့ အလျင် အမြန် ရှာဖွေနိုင် လောက်တဲ့ အထိ အားကိုး အားထား ပြုနိုင်ပါလိမ့်မယ်။ အွန်လိုင်း ပေါ်မှာ ငှက်တွေနဲ့ ပတ်သက်လို့ အကောင်း ဆုံးနဲ့ အပြည့်စုံဆုံး ရင်းမြစ် တစ်ခုအဖြစ် ရပ်တည် နေတာ ပဲဖြစ်ပါတယ်။ ငှက် တစ်ကောင်ကို မြင်တွေ့လိုက်တာနဲ့ ဒီငှက်ရဲ့ အထောက် အထား အစုံကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။[B] http:// www.allaboutbirds.com

3 comments

  • nature

    June 21, 2011 at 4:12 pm

    လေ့လာတာကတော့ကောင်းပါတယ်။ ငှက်ကိုစိတ်ဝင်စားသူတွေအတွက် အဖိုးတန်ပါတယ်။ လေ့လာတာကငွေကုန်ခံ အချိန်ကုန်ခံ ရပါမယ်။ အဲဒီ အတွက် အကျိုးအမြတ်က စိတ်ကျေနပ်မှု တခုအပြင် ဘာတွေရနိုင်ပါသလဲ။

    Reply

  • windtalker

    June 22, 2011 at 3:43 pm

    ငှက်ဖြစ်ရင် ကွယ် တစ်ကိုင်းထဲ နားချင်တယ်

    Reply

  • etone

    June 23, 2011 at 2:45 am

    ကျေးဇူးပဲ … ဝင်လေ့လာလိုက်ဦးမယ်… အခုဆို သိတာဆိုလို့ … ကျီးကန်း ၊စာကလေးနဲ့ ခိုပဲ သေချာ ခွဲခွဲခြားခြား သိတယ်… တခြားဟာတွေ မသိဘူး ။

    Reply

Leave a Reply

Your email address will not be published.