လွယ်တဲ့ ကိစ္စလွယ်ပါစေတော့ ….

etoneJune 20, 20111min013

ကျွန်မဒီနေ့ မြန်မာတိုင်းမ်းမှာပါတဲ့ ဆောင်းပါးတပုဒ်ဖတ်လိုက်ရတယ်… ။ YDP ( လူငယ်ဖွင့် ဖြိုးမှူ အစီစဉ်) နှင့် မြန်မာ နိုင်ငံဆရာဝန်အသင်းက ပူပေါင်း ပြီး ရိုက်ကူးမဲ့ DVD ဇာတ်ကားအတွက် စာမူခေါ်တာပါ … ။ ပြိုင်ပွဲဝင်တွေရဲ့ စာရင်းကို ဒီနေ့ ညနေ လေးနာရီနောက်ဆုံးထားပေးရမှာဖြစ်ပြီး ၊ စာမူတင်ရက်ကတော့ အများကြီးအချိန်ရသေးတဲ့ … ဇူလိုင်လ ၈ရက်နေ့ပါ… ။
ပြည်သူတွေထဲကနေ ဒီလို စာမူတွေ ခေါ်တာ အလွန်ကောင်းတဲ့ အစီစဉ်လေးပါ … မတူညီတဲ့ အတွေးတွေနဲ့ ထွက်ကျလာမဲ့ စာလုံးတွေကို ရွေးချယ်ရမှာမို့ … ၎င်းတို့ အတွက်လည်း ရသထူးကို ရရှိစေနိုင်ပါတယ်… ။ လူငယ်ဖွံ့ဖြိုးမှူ အစီစဉ်ဆိုတာနဲ့ ကျွန်မ စိတ်ဝင်စားလာတယ်… ဘာမှ မတွေးသေးပဲ … နာမည်စာရင်း ကြိုပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ … ဆက်သွယ်ရန် ဖုန်းနံပါတ်တွေထဲက တခုကို နှိပ်ပါတယ်… ။ ဖုန်းကိုင်တာက ဆရာဝန်တယောက်ပါပဲ.. .သူပြောပုံအရဆိုလျှင် ဖုန်းဆက်ပြီး နာမည်စာရင်းပေးလို့မရပါဘူးတဲ့ … နယ်က မဟုတ်လျှင် ကိုယ်တိုင် ဆရာဝန်အသင်းကိုသွားပြီး ဖောင်ဖြည့်ရမှာပါတဲ့… ။ ဆရာဝန်အသင်းဆိုတာ အားလုံးသိတဲ့အတိုင်း လိုင်းကားမရောက်တဲ့ နေရာမျိုးလေ… ။ ကျွန်မက ကိုယ့်အိတ်စိုက်ပြီးကားငှား ..အလုပ်က ခဏထွက် ဖောင်တင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး … ခွင့်ယူလျှင်သာရမယ်… အလုပ်ရောက်ပြီး မှ ပြန်ဖို့ ဆိုတာ ကျွန်မအတွက် အလွန်မလွယ်တဲ့ ကိစ္စပါပဲ … မျက်နှာလွှဲ ဂဲပစ် အလုပ်တွေ ပစ်မထားချင်တဲ့ စိတ်နဲ့ မို့ပါ… ။ ဒါနဲ့ပဲ … စာရင်းမပေးဖြစ်ဘူး ဆိုပါတော့ ….. ။ အတွေ့ကြုံ သစ်တခု စမ်းကြည့်မလား အတွေးနဲ့ ဖုန်းဆက်ပြီး အင်ကွာရီလုပ်တာ … ဒီလောက် ခက်ခဲနေလျှင်လည်း နေပါစေတော့လို့ပဲ လက်လျှော့လိုက်ပါတယ်… ။ လိုအပ်ချက်တွေက အောက်မှာရေးထားတဲ့ အတိုင်းပါပဲ… ။ ဒီလောက် တိုးတတ်နေတဲ့ အချိန်မှာ အွန်လိုင်းကနေ လျှောက်လွှာလက်ခံထားတာမျိုး ရှိသင့်တယ်လို့ ထင်ပါတယ်… ။ ကျွန်မလို ဖောင်တင်ရတာ အလုပ်ရှုပ်မှာ စိုးလို့ လက်လျှော့သွားကြတဲ့ လူတွေလည်း ရှိမှာပါ … ။ နည်းပညာ တိုးတက်နေတဲ့ အချိန်မှာ ကောင်းကောင်း အသုံးချခွင့်ရနေပါပြီ ။ တကယ်ဆို လွယ်တဲ့ ကိစ္စတွေကို ခက်အောင် မလုပ်သင့်တော့ပါဘူး လေ… ။
%%%%%%%%%%%%%%%%%%%%%%%
– မြန်မာနိုင်ငံသားမည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။
– လူငယ်နှင့် ဆယ်ကျော်သက်များ၏ ဘဝနှင့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များကို အခြေခံဇာတ်အိမ်တည်ပြီး ဒီဗီဒီ အဖြစ် ဖန်တီးနိုင်သော ဝတ္တု/စာမူ/ဇာတ်ညွှန်း ဖြစ်ရမည်။
– ပညာပေးနှင့်အတူ အနုပညာ ရသအစုံကို ဖော်ကြူးနိုင်ရမည်။
– နိုင်ငံရေးနှင့်ပတ်သက် ငြိစွန်းသော၊ ပုဂ္ဂိုလ်ရေးအရ လည်းကောင်း၊ အဖွဲ့အစည်းများကို လည်းကောင်း ထိခိုက်စေသော စာမူမဖြစ်စေရ။
– ပြိုင်ပွဲဝင် စာမူတင်သွင်းသည့်အခါ ကွန်ပြူတာဖြင့် ရိုက်နှိပ်ထားသော စာမူနှင့်အတူ ျသ်အ ခသစပ မူရင်းကိုပါ တင်ပြရမည်။
– မိမိကိုယ်တိုင်ရေးသားထားသော စာမူအသစ်စက်စက်ဖြစ်ကြောင်းနှင့် မည်သည့် စာပေတိုက်၊ မဂ္ဂဇင်းတိုက်သို့ ပေးပို့ထားခြင်း မရှိကြောင်း ဝန်ခံကတိပြုရမည်။
– ဇာတ်လမ်း ဇာတ်အိမ်နှင့် ပတ်သက်၍ နောက်ပိုင်းဖြစ်ပေါ်လာနိုင်သည့် အရှုပ်အရှင်း ကိစ္စရပ်များအားလုံးအတွက် စာမူရှင်ကိုယ်တိုင် တာဝန်ယူကြောင်း ကတိပြုရမည်။

စိတ်ပါဝင်စားသူများသည် အမှတ်(၂၄၉)၊ သိမ်ဖြူလမ်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

စာရင်းပေးသွင်းရက် – ဇွန်လ(၂၀)ရက်၊ ညနေ ၄းဝဝ နာရီ နောက်ဆုံး
ပြိုင်ပွဲအကြောင်းအသေးစိတ်ရှင်းလင်းခြင်း – ဇွန်လ(၂၄)ရက်၊ ညနေ ၄းဝဝ နာရီမှ ၅းဝဝ နာရီ၊ လူငယ်ဖွံ့ဖြိုးမှုအစီအစဉ်
စာမူတင်သွင်းရက် – ဇူလိုင်လ(၈)ရက်၊ ညနေ ၄းဝဝ နာရီ နောက်ဆုံး

စာမူနှင့်အတူ…..
၁. စာမူရှင်၏ ကိုယ်ရေးအကျဉ်း – ၅ စုံ
၂. စာမူ (မူရင်း) – ၂ စုံ
၃. မှတ်ပုံတင် (သို့) နိုင်ငံသားစီစစ်ကဒ်ပြား မိတ္တူ – ၅ စုံ
၄. အကျင့်စာရိတ္တ နှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ မူရင်း – ၁ ခု + မိတ္တူ – ၅ ခု
၅. ကိုယ်တိုင်ရေးသားထားသော
စာမူအသစ်စက်စက်သာဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံ ကတိပြုလွှာ မူရင်း – ၁ ခု + မိတ္တူ – ၅ ခု
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

13 comments

  • eros

    June 20, 2011 at 10:27 am

    သူများတွေ နိုင်ငံမှာ အလုပ်ကို ဖုန်းအင်တာဗျူး အွန်လိုင်းအင်တာဗျုး အီးမေးလ် အလုပ်လျှောက်လုပ်နေတဲ့ အချိန်မှာ ကိုယ်တွေ လည်း လိုက်လုပ်သင့်တယ်။

    Reply

  • ရွှေဘိုသား

    June 20, 2011 at 11:00 am

    eros မသိလို.ပါ
    ဒီမှာလည်းတိုးတက်နေပါပြီ လိုင်းကားတွေပေါ်

    Reply

  • windtalker

    June 20, 2011 at 1:22 pm

    ဒီစာမူ ကိစ္စ အန်တီတုံး တင်ပြမှ သိတော့တယ်ဗျာ ။ လက်စမ်း ကြည့်ရသေးသပ ။

    Reply

    • etone

      June 21, 2011 at 2:39 am

      ဘာလက်မှ စမ်းလို့ မရတော့ဘူး မနေ့က ကတည်းက နာမည်စာရင်း ပေးဖို့ ပိတ်သွားပြီ ။

      Reply

  • padonmar

    June 20, 2011 at 3:51 pm

    ဆေးခန်းတွေတောင် ဖုန်းနဲ့ booking လုပ်တာလက်ခံတယ်။
    နာမည်စာရင်းပေးတာ ပဲ့ပါသွားတာမှမဟုတ်ဘဲ။စာရင်းပေးပြီး စာမူမလာတော့လည်း ဘာမှမဖြစ်ဘူးလေ။
    (ဖုန်းဆက်ပြီး နာမည်စာရင်းပေးလို့မရပါဘူးတဲ့ … နယ်က မဟုတ်လျှင် ကိုယ်တိုင် ဆရာဝန်အသင်းကိုသွားပြီး ဖောင်ဖြည့်ရမှာပါတဲ့… ။)
    နယ်ကဆိုရင်ကော ဘယ်လိုလုပ်မှာလဲ။
    ကြော်ငြာပါတာနဲ့ စာရင်းပိတ်တာ ကပ်လွန်းနေတာလား။
    အဲဒါဆိုရင်တော့ အပြင်က မရွေးချင်လို့ဖြစ်မှာပေါ့။

    Reply

  • နွယ်ပင်

    June 21, 2011 at 3:05 am

    အမှန်က ဒီကိစ္စကို လူကိုယ်တိုင်ပဲဖြစ်ဖြစ် အွန်လိုင်းကနေ လျှောက်လွှာလက်ခံထားတာမျိုး ပဲဖြစ်ဖြစ် လုပ်ပေးရမှာ.. အခုတော့ ပြိုင်ပွဲဝင်လိုရက်နဲ့ လက်လျှော့လိုက်ရမယ့် လူတွေတော်တော်များမယ် ထင်ပါတယ် …

    Reply

  • bigcat

    June 21, 2011 at 3:20 am

    ဆရာဝန်တွေက လူငယ်တွေကို ပညာပေးဖို့ ဖောရှောကြေငြာထားတာကို လိုက်ကန်းဆိုးမသိတဲ့ လူငယ်တွေက ဆရာဝန်တွေကို ပညာပေးပြန်ဖို့ ကြိုးစားတာကြောင့်လို့ ကြားတာပါပဲကွယ်… 🙁

    Reply

  • ဆူး

    June 21, 2011 at 6:10 am

    အကြောင်းတိုက်ဆိုင်လို့.. ၁ဝတန်း ဖြေပြီးခါစတုန်းက ပန်းချီပုံ ကောင်းကောင်းဆွဲ တတ်ရင် အလုပ်ခန့်မယ် လစာ ၁သိန်းပေးမယ် ဆိုလို့ စိတ်ဝင်တစားနဲ့ ပုံတွေ ဆွဲခဲ့တယ်။ ပုံ ၁ဝပုံ ဆွဲပြီး သတ်မှတ်ရက် မတိုင်ခင် ဝေးလံလှတဲ့ နေရာကို ဖောင်သွားတင်ခဲ့ပါတယ်။ အပေါက်ဝ ရောက်တော့ ဖောင်တင်တဲ့ လူများလို့ ပိတ်သွားပါပြီတဲ့ ကွယ်.. နောက်ဆုံး တင်ရမဲ့ ရက်က ၁၆ရက်နေ့ သွားတင်တဲ့ နေ့က ၁၂ရက်နေ့ လောက်ပဲ ရှိသေးတယ်။

    အခုထိတောင် ပုံသေချာ ဆွဲထားပြီး အလုပ်မဖြစ်လို့ အိမ်မှာ သိမ်းထားသေးတယ်။

    ဖောင်တင်ဖို့ ဖုန်းနဲ့ ဘိုကင် မရတာ မပြောနဲ့ သတ်မှတ်ရက် မတိုင်ခင် ဖောင်သွားတင်တာတောင် အဲလိုမျိုး ဖြစ်တာ အံ့ပါရဲ့တော်.. :angry

    Reply

  • moethidasoe

    June 21, 2011 at 6:32 am

    အီတုန်း ..
    အဆင်မပြေဖြစ်တာ တောင်းပန်ပါတယ် .. ဒီအစီအစဉ်အတွက် တကယ်စိတ်ပါရင် အခု ချက်ခြင်း အောက်မှာ ဝ၉၅၁၃၇၆၉၂ ကို ဆက်လိုက်ပါ အဆင်ပြေစေရပါမယ် (ချွင်းချက် — ယနေ့ညနေ ၄ နာရီအထိသာ)

    Reply

    • etone

      June 21, 2011 at 6:35 am

      Dr ခိုင်စိုးဝင်း ဖုန်းနံပါတယ်နော် … ဒါကြောင့် ထင်တော့ထင်ပါတယ် … ။
      ဆက်ကြည့်တယ် … မနေ့က ဆက်သွယ်မှူဧရိယာပြင်ပရောက်နေလို့ပါ … ။

      Reply

  • moethidasoe

    June 21, 2011 at 6:55 am

    ဆက်သွယ်လို့ ရသလား .. အဆင်ပြေသွားပြီလား .. အဲဒီပုဂ္ဂိုလ် ခရီးထွက်နေလို့ ဖြစ်မှာပါ ..

    Reply

    • etone

      June 21, 2011 at 7:01 am

      ဆက်သွယ်လို့ရပါပြီ ကျေးဇူးတင်ပါတယ် … ။
      စူးစမ်း စိတ်နဲ့ … သိသွားတာလည်း တခုရှိသွားပြီ … ။

      Reply

  • moethidasoe

    June 21, 2011 at 7:15 am

    ိမပြောကြေး

    Reply

Leave a Reply

Your email address will not be published.