သဘောကျမိတဲ့ facebook စာမျက်နှာကစာကြောင်းလေး

z @June 19, 20111min03

http://www.facebook.com/note.php?saved&&note_id=169526173109670

သိပ်သဘောကျတဲ့ စကားလုံး တစ်လုံးကို ဒီည ရုပ်ရှင်ကြည့်ရင်း မြင်လိုက်ရပါတယ်တဲ့… 

ရုပ်ရှင်ထဲမှာ ပြောသွားတာကို သတိပြုမိတာက Between the both enemies has equal respect. ပါတဲ့ … သမိုင်းဝင် သူရဲကောင်း အခိလိ့စ် ပြောသွားတာ ထင်ပါတယ်။..

ထရိုင်မြို့ရိုးကြီး သိပ်ခိုင်ခန့်လွန်းတော့  ဦးဆောင်တဲ့ ဂရိနဲ့ စပါတာတွေ မြို့ထဲ ဝင်မရတဲ့အဆုံး ဗျူဟာမြောက် စစ်ဆင်ရေးအဖြစ် တပ်ပြန်ဆုတ်သယောင်နဲ့ မြင်းရုပ်ကြီး ထားခဲ့ပြီး အယူသည်း အေသင်တွေက နတ်ဘုရားပူစော်တဲ့ အရုပ်အဖြစ် သဘောထားခဲ့လို့ မြို့ထဲသယ်သွားတဲ့ မြင်းရုပ်ထဲက ကွန်မန်ဒိုတွေ ထွက်လာပြီး မြို့တံခါးဖွင့် မြို့ဝင်သိမ်းခဲ့တဲ့ ရုပ်ရှင်ကားပါ…
အေသင်၊ စပါတာ နဲ့ ဂရိတွေ ရဲ့ သမိုင်းဝင် စစ်ပွဲပါ… ဒီလို သူသေ ကိုယ်သေ တိုက်တဲ့ စစ်ပွဲအတွင်းမှာတောင် ရန်သူအချင်းချင်း ဖြစ်လင့်ကစား တစ်ဦးကိုတစ်ဦးလေးသမှု ရှိခဲ့ကြတယ် ဆိုတာလေးကို သိပ်သဘော ကျမိခဲ့ခြင်း ဖြစ်ပါတယ်။…. တိုးတက်လာတဲ့ ကျွန်တော်တို့လို ခေတ်အခါက လူတွေကရော ဘာ့ကြောင့်များ တစ်ဦးကိုတစ်ဦးလေးစားမှုတွေ လျော့နည်းသလို ဖြစ်နေကြပါလိ့မ်….

မူရင်းနေရာက = http://www.facebook.com/note.php?saved&&note_id=169526173109670

3 comments

  • bigcat

    June 19, 2011 at 4:52 am

    မြန်မာဆိုတဲ့ အမျိုးက (လူမျိုးစုံနော်) စစ်ဖြစ်တော့ ဘုရားမှာ ဓါးလှံလက်နက်တွေ ဖွက်ပြီး၊ သစ္စာဆိုဖို့လာတဲ့ တဖက်ရန်သူကို သတ်ဖို့ကြံတာ ရှေးကထဲကကွဲ့…ခက်ပါဘိတော့ စစ်သားလေးရယ်၊ နင်တို့စာထဲ မသင်ရဘူးလား….ငါလည်း ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် နင်တခါထဲတန်း (scan မဖတ်ဘဲ) ကြည့်မယ်ဆိုရင် ဝတ်မှုန်ရွှေရည်လေး ရေခပ်ဆင်းနေတဲ့ပုံ ဖော်ဝဒ်လုပ်လိုက် ချင်ပါရဲ့။ မကောင်းမကြံကြေးနော်….. 👿

    Reply

  • kai

    June 19, 2011 at 7:25 am

    အင်း…
    အဲဒီစကား..အာခိလီးစ်ကပြောတယ်ဆိုရင်တော့.. အံ့စရာတခုပဲ..။ ရန်သူမင်းသား ဟက်တာကိုသတ်ရာမှာ… သူက.. လုံးဝကို ..အပြန်အလှန်လေးစားသမှု မထားခဲ့ဘူး..။
    ရက်ရက်စက်စက်သတ်ပြီး..အလောင်းကို… ဟက်တာရဲ့အဖေနဲ့..သူ့တပ်သားတွေရှေ့မှာတင်… မြင်းလှည်းနဲ့ဒရွတ်ဆွဲသွားခဲ့တာ…။
    အဖေဘုရင်ကိုယ်တိုင်..သားအလောင်းကို.. ..စစ်သားအနေနဲ့သဂြိုလ်ခွင့်ရဖို့.. အသနားခံလိုက်တောင်းရတာပဲ..။

    Reply

  • windtalker

    June 20, 2011 at 4:52 am

    ရွာထဲ မှာ ပြောချင်တာ ပြော
    လုပ်ချင်တာ လုပ် ပြီး မှ
    ငါ့ ကို လေးစားပါ လို ့
    သွယ်ဝိုက် ပြောထားသလို ပါလား ။

    Reply

Leave a Reply

Your email address will not be published.