မင်းရဲ့အနားက BF

နွယ်ပင်June 16, 20111min06

သူငယ်ချင်းတစ်ယောက်ဆီက မေးလ်ရတာလေးပါ ရွာသူ/ ရွာသားတွေဖတ်ဖူးပြီးသားလားမပြောတက်ပင်မဲ့ သဘောကျတ့အတွက်ပြန်လည်တင်ပြထားပါတယ်

ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပြောတယ် “ငါက နင့်ရဲ့BFပါ”တဲ့။ ကောင်လေးရဲ့အပြောကို နားမလည်တဲ့ ကောင်မလေးက အပြစ်ကင်းတဲ့မျက်နှာနဲ့မေးတယ်။
“BF ဆိုတာဘာလဲ?”

ကောင်လေးက ပြုံးပြုံးရယ်ရယ်နဲ့ “BF ဆိုတာ best friendပါ” လို့ပြောတယ်။

အဲဒီနောက် အရွယ်ရောက်လာကြတဲ့ ကောင်လေးနဲ့ကောင်မလေး ချစ်သူတွေ ဖြစ်သွားကြတယ်။
အဲဒီမှာ ကောင်လေးက ကောင်မလေးကိုထပ်ပြောတယ် “”ငါက နင့်ရဲ့ BF ပါ”တဲ့။
ကောင်မလေးက မခို့တရိုနဲ့ မေးတယ်။
“BF ဆိုတာဘာလဲ?”

ကောင်လေးက ကောင်မလေးမေးစေ့ကို ကြင်ကြင်နာနာကိုင်ပြီး ဖြေတယ်။
“BF ဆိုတာ boy friendပါ” တဲ့။

အဲဒီနောက် နှစ်အတန်ငယ်အကြာမှာ သူတို့လက်ထပ်ကြတယ်။ ချစ်စရာကလေးလေးမွေးခဲ့တယ်။ အဲဒီမှာ ယောက်ျားဖြစ်သူက ဇနီးကို ပြုံးပြုံးလေးပြောပြန်တယ် “ငါက နင့်ရဲ့BFပါ”တဲ့။ ဇနီးက ပန်းကန်တွေသိမ်းနေရာက ကြင်ကြင်နာနာနဲ့ ပြန်မေးတယ် “BF ဆိုတာဘာလဲ?”

ယောက်ျားက ကလေးမျက်နှာကိုကြည့်ပြီး ဝမ်းသာပျော်ရွှင်တဲ့အသံနဲ့ ပြောတယ်။
“BF ဆိုတာ baby’s fatherပါ” တဲ့။

အဲဒီနောက် သူတို့တဖြေးဖြေး အိုမင်းခဲ့ကြတယ်။
ဇနီးမောင်နှံနှစ်ဦး အိမ်ရှေ့ကုလားထိုင်မှာ ထိုင်ပြီး ညနေဆည်းဆာအလှကို ရှုစားနေခဲ့တယ်။
အဲဒီမှာ အဘိုးအိုက အဘွားအိုကို “အဘွားကြီး.. အဘွားကြီး ငါက နင့်ရဲ့BFပါ” လို့ပြောတယ်။
မျက်နှာတစ်ခုလုံးပေါ် အရစ်အကြောင်းတွေပေါ်တဲ့အထိ အဘွားအိုပြုံးပြီး ပြန်မေးတယ်။
“BF ဆိုတာ ဘာလဲ အဘိုးကြီးရယ်….”

အဘိုးအိုက ကောင်းကင်ထက်က ညနေဆည်းဆာအလှကို မော့ကြည့်ပြီး အိုမင်းရင့်ရော်တဲ့အသံနဲ့ ပြန်ဖြေတယ်။

“BF ဆိုတာ Be foreverပါအဘွားကြီးရယ်…” တဲ့…………………

ဖတ်မိတာလေးပါ ဘာသာပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ

6 comments

  • စုံ စုံ

    June 17, 2011 at 9:37 am

    အရမ်းမိုက်တယ်
    ဒီပို့စ်ကိုတော့တော်တော်သဘောကျသွားပြီ
    သူလဲကိုယ့်အတွက်အမြဲတမ်းBF ဖြစ်နေနိုင်ရင်
    တော်တော်ကောင်းမယ်

    Reply

  • နွယ်ပင်

    June 17, 2011 at 9:51 am

    ဟုတ်တယ် နွယ်ပင်လဲ အရမ်းကြိုက်လို့ ဘယ်နှစ်ခေါက်မှန်းတောင်မသိဘူးဖတ်မိတာ
    ကိုယ့်ရဲ့ တစ်ယောက်သောသူကိုလည်း အမြဲတမ်းအတွက် BF ဖြစ်စေချင်တယ် ….

    Reply

  • king

    June 17, 2011 at 12:24 pm

    ကျွန်တော်လည်း ပြောလိုက်မယ် BF
    (Bad Fool)လို့ မထင်ကြနဲ့နော်
    ဟီးးးးးးး
    😛

    Reply

  • cum min

    June 24, 2012 at 1:30 pm

    ကောင်းတယ်ဗျာ…အတေါးလေးတွေကနော…

    Reply

  • ညလေး

    June 24, 2012 at 1:51 pm

    ကောင်းလိုက်တဲ…….စကားလုံးလေး………BF တဲ့…..

    Reply

Leave a Reply

Your email address will not be published.