တရုတ်လုပ်ငန်းရှင်အချို့ ရန်ကုန်စက်မှုဇုန်မြေများကို စတင်ဝယ်ယူ

webmonkeyJune 13, 20111min00

တရုတ်စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာလူမျိုးအချို့နှင့် ပူးပေါင်း၍ ရန်ကုန်မြို့ရှိ စက်မှုဇုန်မြေကွက်များအား ကျပ်သိန်းထောင်ချီပေး၍ ဝယ်ယူနေကြကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ ယင်းကဲ့သို့ ဝယ်ယူခြင်းကြောင့် မင်္ဂလာဒုံစက်မှုဇုန်၊ ပုလဲစက်မှုဇုန်များရှိ မြေကွက်များမှာ လအနည်းငယ်အတွင်း ဆယ်ဆနီးပါး ဈေးတက်လာခဲ့ပြီး တစ်ဧကလျှင် ကျပ်သိန်းနှစ်ထောင်နီးပါးအထိ အရောင်းအဝယ် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။
ထိုမြေကွက်များအား တရုတ်လုပ်ငန်းရှင်တစ်ဦးလျှင် အနည်းဆုံး ဧက၂ဝအထိ ဝယ်ယူနေကြပြီး ၂၀၀ဝပြည့်နှစ်ဝန်းကျင်က သိန်းရာဂဏန်းပင် ဝယ်ချင်သူမရှိသည့် မြေကကွက်များဖြစ်ကြောင်း ကျောက်တံတားမြို့နယ်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးကပြောသည်။ “လုပ်ခွင့်ရတဲ့အချိန်မှဝယ်ရင် ဈေးတက်မှာစိုးလို့ အခုကတည်းက ကြိုပြီးဝယ်ထားကြတာပါ”ဟု ယူနတီ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ ဦးဇော်ဇော်ကရှင်းပြသည်။ ယခုနှစ် အိမ်ခြံမြေဈေးကွက်၌ လုံးချင်းအိမ်မြေများ၊ မြေကွက်များ၊ စက်မှုဇုန်မြေကွက်များ အရောင်းအဝယ်ကောင်းခဲ့ပြီး၊ မြေကွက်များတွင် ရင်းနှီးမြှုပ်နှံမှုကလည်း ကျပ်သိန်းသောင်းဂဏန်းမှ ကျပ်သိန်းရာဂဏန်းအထိ အရောင်းအဝယ်ဖြစ်နေကြောင်း မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကဆိုသည်။ ယခု အရောင်းအဝယ်ကောင်းနေသည့် စက်မှုဇုန်မြေကွက်များသည် ကားလမ်းမကြီး ဘေးတွင်ကျပ်သိန်း ၂,၀၀ဝ အထိရှိပြီး အတွင်းလမ်းများတွင် ကျပ်သိန်း ၇၀ဝမှ သိန်း ၁,၀၀ဝကြားရှိသည်။ ယင်းမြေကွက်များကို စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်စဉ်က လယ်သမားများထံမှ တစဧကလျှင် ကျပ်သောင်းဂဏန်းဖြင့် ဝယ်ယူထားခြင်းဖြစ်သည်။

Credit: ပြည်သိမ်း၊ အောင်သူရ (7Day News Journal)
Credit: http://moviemyanmar.com/archives/12990

Leave a Reply

Your email address will not be published.