စားကြပါဦး ( ဧည့်ခံပါရစေ … )

lulainJune 10, 20113min017

တခါတလေ မြန်မာပြည်က အစားစာတွေကိုလွမ်းတယ်။ တခါတလေ မြန်မာဟင်းတွေချက်စားဖြစ်တယ်။ တခါတလေ မြန်မာပြည်ပြန်တုန်း စားချင်တာတွေ စားခဲ့တယ်။ ကျွန်တော်အနေနဲ့ အစားသောက်ကောင်း စားရင်မိတ်ဆွေကောင်းကို သတိရတတ်ပါတယ်။ ဒီတော့ … အခုစဉ်းစားမိပြီး တော့ပစ်လေးတစ်ခု ဖွင့်ပါမယ်။ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။ ဝိုင်းအားပေးကြပါဦး ခင်ဗျ။

စားကြပါဦး ….  ;D

မစားရတာကြာပြီဖြစ်တဲ့ – ဇီးထုပ်

ဝက်သားကောက်ညှင်းထုပ်

အထဲမှာ ဝက်သားပေါင်း၊ ဝက်အူချောင်း၊ ဆားဘဲဥ တခြမ်းပါတယ်။
သွားရည်ယိုကြစေကုန်သတည်း။  :2

ပဲပြား အဆာသွပ်

ကောင်းချက်က ပြောမနေနဲ့..။ အဓိက က အချဉ်ပဲဗျ သိလား။ ငရုတ်ဆီလေးနဲ့ ငံပြာရည်လေးနဲ့ အချိုးကျ ရောထားတဲ့ အချဉ်က အရသာကို ဖြစ်စေတာပဲ။

ဒီတိုင်း စားမလား.. ကောင်းတယ်။
သူ့ မန်ကျည်းနှစ် အချဉ်လေးနဲ့ စိမ်ပြီး စားမလား.. ပိုကောင်းတယ်။

ကြိုက်တတ်ရာလေးနဲ့ မြည်းလို့ကတော့.. ဟဲဟဲ အကောင်းဆုံးပဲဗျာ.။

ပြင်သစ်ပြည် ပါရီမြို့ရဲ့ ရှောင်ဇလီဇေ လမ်းမကြီးထက်မှာ.. ကမ္ဘာ့အကောင်းဆုံး ဝိုင်နီနဲ့ ကဗီယာငါးဥကို ရနိုင်ပေမယ့်.. ဒါလေးတော့ မရဘူးဗျာ.. သေချာတယ်
အလုံမီးရထားလမ်းကြားက ကိုကျော်လှဘီအီးနဲ့ ယခုအမြည်းဟာလဲ.. ဟဲဟဲ..

အများပြောပြောနေတဲ့ ဆာရှိမိ  :2

အားပေးကြပါ။ ဟိုဖက်က တုတ်ထိုးထားတဲ့ ငါးပါးဟက်လေးက လှုပ်နေသေးတယ်။ ဂျပန်လိုဆိုရင် “ ဆာရှိမိ – တဲရှောကု” လို့ခေါ်တယ်။ ဆာရှိမိ၊ ထမင်းဖြူ၊ ချဉ်ဖတ်နည်းနည်း၊ မိဆောဟင်းချို လေးမျိုးပါတယ်။

လားရှိုးက ဝက်သားချဉ်လေး စားစေချင်လွန်းလို့ ယူလာတယ်ဗျား

အပေါ်က နံနံပင်လေးအုပ်ထားပြီး ဂျူးမြစ်လေးတွေ ရေစင်စင်ဆေးပြီး တဂျွတ်ဂျွတ်နဲ့ စားရတာ တမျိုးလေးထူးတယ်။ ကြက်သွန်ဖြူဆီချက်လေးကလည်း အပေါ်က ဆမ်းထားသေးသဗျ။ ငရုတ်သီးဟင်းအဆီလေးဆမ်းထားတော့ စားရတာ တယ်မိုက်ဗျာ။ စားကြဦး ဒေသထွက်အစားအစာဆိုတာ စားရခဲတယ်ဗျ….

ရော့ ဒါလေးက ဝက်သားတုတ်ထိုးဗျ

ဆိုင်ရှင် ရှုရှုးသွားပေါက်နေတုန်း အလစ်မှာ သူမသိအောင် ဘန်းလိုက် မ လာတာဗျ။
အားမနာနဲ့ စားသာစား။
ကြက်သွန်ဖြူလေး ကိုက်လိုက်။
ငရုတ်သီးစိမ်းလေး ကြိုက်တတ်ရင်လည်းစားဗျ။
အရည်လေးလည်းသောက်။
နားနားပြီးတော့စား။
ဘဲဥပေါင်းလည်း ပါသဗျ။
အလယ်မှာ ဝက်ဦးနှောက်ထည့်ထားတဲ့ ခွက်လေးတွေလည်းရှိတယ်။ ကြိုက်ရင်ယူစားဗျာ။
အဆီပိတ်ရင်တော့ ကျွန်တော့်ကြောင့် မဟုတ်ဘူးနော်…

ဝက်ဖင်မဲ ရောဂါရမှာကြောက်ရင်တော့ မစားနဲပေါ့ 😛

ဒါလေးက ပြည်ထောင်စုရိပ်သာလမ်းခေါ်မလား ဒါမှမဟုတ် ဟယ်လ်ပင်လမ်းခေါ်လား အဲဒီလမ်းမှာ ရှိတဲ့ နာမည်ကြီး Feel မြန်မာထမင်းဆိုင်က ငါးပိရည်နဲ့ တို့စရာတွေ

ဒီတို့စရာခွက်ကတော့ မေမြို့ နာရီစင်နားက မမကြီးထမင်းဆိုင်မှာ စားတုန်းက လာချပေးတဲ့ တို့စရာခွက်

ဆတ်သားခြောက်ကျော်နဲ့ ကောက်ညှင်းပေါင်း

ဆတ်သားခြောက်ကို ပွဲမှာတော့မှ ဆီပူပူထဲကို ထည့်ပြီး ကျော်ပေးသဗျ။ စားလိုက်ရင် ရွနေတာပဲ။ ကောက်ညှင်းပေါင်းလေးကလည်း စီးနေတာပဲ။ နှမ်းထောင်းလေးကလည်း ဖြူးထားလိုက်သေးတယ်။ သူများကျွေးမလို့ဟာ မအောင့်နိုင်လို့ နည်းနည်း နှိုက်စားလိုက်မိတယ်ဗျာ။ ငချိပ်ပေါင်းလေးများ စားလိုက်တာ ဖောက်ခနဲ ဖောက်ခနဲ မြည်သံတောင် ကြားရသလိုပဲ။ ကောက်ညှင်းပေါင်းက တဝက်ပဲ ကျန်တော့တယ်။ မြန်မြန်လာရင်တော့ မီဦးမယ်။ ပြောရင်းဆိုရင်းနဲ့ သွားရည်တောင် ကျလာပြီ။ ရှလွတ်….. ။ နောက်ကျရင်တော့ ကုန်ပြီပဲနော်။

ဘုရားပွဲများ ရှိပလား.. ဆိုမှဖြင့် ဒါမျိုးဟာ ပွဲဈေးလျှောက်အပြီးမှာ ဗိုက်ဆာဆာနဲ့ သိပ် ကောင်းပေါ့ဗျာ
တာတာ့

17 comments

  • နွယ်ပင်

    June 10, 2011 at 9:50 am

    ဝင်ရောက် သုံးဆောင်သွားပါတယ် ဗိုက်ဆာနေတဲ့ အချိန်မို့လို့လားမသိဘူး တော်တော်လေး စားကောင်းတယ် …. 🙂 …..

    Reply

  • lulain

    June 10, 2011 at 9:53 am

    ကျေးဇူးတင်ပါတယ် လာလည်တဲ့ အတွက်

    Reply

  • PinkCandy

    June 10, 2011 at 10:02 am

    လာကြည့်တာ အဆာမပြေပဲ ပိုဆာသွားတယ်

    Reply

  • good

    June 10, 2011 at 10:26 am

    ရုံးဆင်းခါနီးမှ ကြည့် လိုက်မိတာ ငါ့အမှား ..
    အိမ်ပြန်ရောက်တဲ့ ထိ မအောင့် နိုင်ရင် တော့ ဆူးလေက တရာတန် မုန့်ဟင်းနဲ့ ငြားရတော့မှာပဲ။

    Reply

  • shwemanthar

    June 10, 2011 at 10:38 am

    နေ.လယ်စာ မစားရသေးပါဘူးဆိုမှ
    ဗိုက်ဆာအောင်လာလုပ်နေတယ်
    ကြည့်မိတဲ့ငါ့အမှားပါ

    Reply

  • king

    June 10, 2011 at 2:21 pm

    အခုအိမ်ပြန်ခါနီး ကြည့်လိုက်တာ
    ဗိုက်တောင်ပြည့်သွားပြီ အမှန်တော့ အဆာလွန်သွားလို့
    😛 😀 🙂

    Reply

  • pooch

    June 10, 2011 at 2:30 pm

    ကြည့်ရင်းနဲ့တောင် သားရေယို လာပြီ 🙂

    Reply

  • ဆူး

    June 10, 2011 at 2:56 pm

    စားချင်စရာတွေပါလား။ ကောင်းသားပဲ

    Reply

  • shweminthar

    June 10, 2011 at 3:20 pm

    ဒါတွေအားလုံးချက်တတ်တဲ့သူရှိပါသလား

    Reply

  • ရှိရင်ခေါ်ခဲ့ကွာ မန်းလေးတွေ့ဆုံပွဲကြရင်ဧည့်ခံရအောင်လို့
    နော် တိဘက်မင်းသားရေ

    Reply

  • bigcat

    June 10, 2011 at 11:57 pm

    ရှိသေးရင် နည်းနည်းကျွေးပါ….

    Reply

  • တညင်သား

    June 11, 2011 at 12:55 am

    ဝက်သားကိုတော့လုံးဝ မစားဘူး ဒုတ်ထိုးတော့ သိပ်ကြိုက်တယ် ဘဲဥ ပေါင်းလဲ ကြိုက်တယ် ဒါပေမဲ့ အရေသောက်ပါတဲ့ ဆိုင်ကိုတော့မကြိုက်ဘူး..အဲဒီ နေရာလေးပြောပြနိင်မလား ခင်ဗျ………..

    Reply

  • MaMa

    June 11, 2011 at 2:30 am

    ဒီလောက် စုံစေ့အောင် ဘယ်လိုများ စုစည်းထားပါလိမ့်။ အပြင်ရောက်နေတဲ့ လူတွေတော့ မသိဘူး။ ဒီမှာနေတဲ့ လူတွေတောင် ထိုင်ကြည့်ရင်း သရေကျလာပြီ။ ;P

    Reply

  • meengelay

    June 11, 2011 at 4:33 am

    bike sar nay par tel soooooo !!! 😀

    Reply

  • weRone

    June 11, 2011 at 11:12 am

    ဟင်း.. ရှေ့ကလူတွေ စားလို့ကုန်ပြီလား. မသိဘူး.. ငါ့အတွက်ကျန်ပါ့မလား..:D

    Reply

  • padonmar

    June 11, 2011 at 2:43 pm

    စိတ်ရှည်လက်ရှည် စုဆောင်းထားတာဘဲနော်

    Reply

Leave a Reply

Your email address will not be published.