အလွန်ကောင်းတဲ့ ဥပမာလေးပါ.. (ငန်းနဲ့ဘဲ တို့ရဲ့ အဖြစ်အပျက်လေးတစ်ခု)

meengelayJune 9, 20111min06

“ငန်းနဲ့ဘဲ”

လှပတဲ့ ငန်းတစ်ကောင်က ပျံသန်းရင်း သန်မာတဲ့ ဘဲတစ်ကောင်ကို တွေ့တော့

ချက်ချင်းကြွေသွားတယ်။ ပုံစံမတူတဲ့ ဘဲကို တွေ့ပြီး

ပြောမတက်အောင်ရင်ခုန်ခဲ့တယ်။

ငန်းရဲ့လှပတဲ့ စွဲဆောင်မှုကြောင့် ဘဲလဲချက်ချင်း ချစ်မိသွားတယ်။

သူတို့တွေ မြေပြင်မှာပဲ ပျော်မြူးနေကြတယ်။ ရေကန်ဘေးက ရွှံ့တွေကြောင့်

ငန်းလေးက တနေ့တခြား ဖြူဖွေးတဲ့ အမွေးအတောင်လေးတွေညစ်ပတ်လာတယ်။ လှပတဲ့

ခြေထောက်တွေလဲ ရောင်ရမ်းလာတယ်။ ဒါနဲ့ ငန်းက မခံနိုင်လာတော့ ဘဲကို

နင်ပျံသန်းနိုင်အောင်ကြိုးစားပါ

လား ငါတို့ ကောင်းကင်ပေါ်မှာ

ပျော်မြူးကြရအောင်။

ဘဲလဲ ငန်းအတွက် ပျံသန်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူက ဘဲက ဘဲပါပဲ။ မပျံတက်ဘူး။

နောက်ဆုံးမဖြစ်နိုင်တော့မှန်းသိ

တော့ ဘဲလေး စိတ်ပျက်အားငယ်ပြီး လက်လျော့လိုက်တယ်။

ဘဲက နင်ငါ့ကို ခေါ်ပြီး ပျံသန်းပါလား လို့ တောင်းဆိုတယ်။

ငန်းလဲ ဘဲကို ချစ်တော့ ခေါ်ပြီး ပျံသန်းတယ် ဒါပေမဲ့ အားအင်တွေ

အရမ်းကုန်ခမ်းတယ်။ ခဏလေးပဲ ပျံသန်းနိုင်တယ်။

မြေပြင်ကို ရောက်တော့ ဘဲပြုံးတယ်။ ကောင်ကင်ပေါ်ရဲ့ မြင်ကွင်းဟာ အရမ်းကို

လှပတယ်။ ငန်းကို ချစ်မိတာ အရမ်းကောင်းတာပဲလို့ စဉ်းစားတယ်။

အဲဒီနေ့ကနေစပြီး ဘဲက ငန်းကို ကောင်းကင်မှာပျံသန်းဖို့ ပြောတယ်။ အကြာကြီး

ပျံသန်းခိုင်းတယ်။ မပျံသန်းနိုင်ရင် ဘဲက စိတ်ဆိုးတယ်။

ငန်းကဘဲကို ချစ်နေရတာ ပင်ပန်းလာတယ်။ ဘဲရဲ့တောင်းဆိုမှုတွေကို

လိုက်လျောရင်းနဲ့ တစ်ရက်မှာ ငန်းက အမြင့်အမြင့်ဆုံးကို ပျံပြီး

နက်ရှိုင်းစွား ဘဲကိုနမ်းလိုက်ပြီး ဘဲက ထူးဆန်းနေတဲ့အချိန်မှာပဲ ဘဲကို

ဆွဲထားတာကို တဖြည်းဖြည်းလွှတ်လိုက်တယ်………….

ဒီပုံပြင်လေးကတော့ အားလုံးဟာ ချစ်သူဆီက ရနိုင်တာလေးနဲ့

ကျေနပ်ရောင့်ရဲတင်းတိမ်ရမယ်။ ရထားတာလေးကို မြတ်နိုးတတ်ရမယ်။

တောင်းတိုင်းရတယ်ဆိုပေမဲ့ အခွင့်အရေးကို ရတိုင်းမယူပါနဲ့။

လိုချင်မှုတွေများလာလေလေ……

ချစ်သူကိုဆုံးရှုံးရဖို့

ပိုနီးနီးလာလေပါပဲ…………..ချစ်သူဆီမှာလည်းခံစားချက်တွေရှ

ိပါတယ်…….ချစ်ရလွန်းလို့

ပင်ပန်းလာတာဟာ……….။။။။။။။

6 comments

  • kai

    June 9, 2011 at 8:47 am

    ကိုယ်တိုင်အတွေးနဲ့ ချရေးတဲ့စာဖြစ်ပါရင်…
    ၁) Category ကို Copy/Pasteမဟုတ်ပဲ.. သင့်လျှော်တာတခုရွေးပါ..။ ဒါမှမဟုတ်ရင် ပွိုင့်မရပါဘူး..။
    ၂) “မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ “.. ဆိုတဲ့စည်းကမ်းကို လိုက်နာပေးပါ..။
    Frontpage ဟာ လူအများအပြားကြည့်နေတာမို ့.. အခြားသူတွေကိုလည်း နေရာပေးစေချင်ပါတယ်..။
    ၃) အခြားရေးနေသူများရဲ့ စာတွေကိုလည်း ကောမန့်ပေးပါ.. ဆွေးနွေးပါ..။
    အဲဒီအတွက်လည်း ပွိုင့်ပေးပါတယ်..။

    Reply

  • intro

    June 9, 2011 at 1:22 pm

    ချစ်ရတာလဲ တစ်ခါတစ်လေမှာ ပင်ပန်းတာပဲတဲ့လား?
    I’m totally agree with you.

    Reply

  • unclegyi1974

    June 9, 2011 at 3:53 pm

    မီးကလေးရေ
    ကိုခိုင်ပြောသလိုကိုယ်ပိုင်အတွေးနဲ့ရေးထားတဲ့စာဆိုရှယ်ပဲ
    ရေးသူဘယ်သူဖြစ်ဖြစ်အတွေးကောင်းကလေးလို့ပြောချင်ပါတယ်

    Reply

  • MaMa

    June 10, 2011 at 1:07 am

    ဥပမာ ဥပမေယျ ကောင်းလှပါပေတယ်။

    Reply

  • bigcat

    June 10, 2011 at 2:00 am

    ဘဲသားနဲ့ ငန်းသား ဘာကွာလဲ။ ဘဲသားကောင်းတာတော့ သိတယ်။ ဘဲငန်းဆိုတာ နှစ်မျိုးစပ်သတ္တဝါလား၊ အလွယ်နာမည်တွေကို ပေါင်းခေါ်တာလား။

    Reply

  • chitlay

    June 10, 2011 at 3:01 am

    ချစ်ရတာလည်း ပင်ပန်းတယ် ..။
    အချစ်ခံရတာလည်း ပင်ပန်းတယ် ..။

    Reply

Leave a Reply

Your email address will not be published.