မမဝဝ နဲ့ ကိုကိုဝဝတို့အတွက် (လွယ်လွယ်လေးပါနော်)

meengelayJune 6, 20111min011

လူတိုင်း က ပိန်ချင် ကြ ပါတယ်။ ပိန်မှ လည်း ရောဂါဖြစ် နိုင်ချေ နည်းမယ်။ ကြည့်ကောင်း မယ်။ လှမယ်။ ဒါကြောင့် ပိန်တဲ့ သူတွေ ကလည်း ဆက်ပိန် နေအောင် ထိန်းကြတယ်။ ဝတဲ့ သူတွေကလည်း ပိန်အောင် လုပ်ကြတယ်။

ဝတဲ့သူတွေ ပိန်ချင်တယ် ဆိုရင် ဘယ်လို လုပ်သင့်တယ်ဆိုတာ ဖော် ပြ ပေးလိုက်ပါတယ်။

ရေသောက်ပါ

နေ့စဉ် ထမင်းမစားခင် ရေ ၁၆ အောင်စသောက်ပေးပါ။
ရေ သောက်လိုက်တော့ ထမင်းသိပ်မစား နိုင်တော့ဘူးပေါ့။ နောက်ပြီး တစ် နေ့တာ အတွက် ရေလိုအပ်ချက် ကို လည်း ဖြည့်ပေးရာ ရောက်တာပေါ့။

အစာလျှော့စားပါ

အရိုးရှင်း ဆုံးက အစာလျှော့ စားတာပဲပေါ့။ ခန္ဒာကိုယ်က လောင် ကျွမ်းနိုင်တဲ့ ကယ်လိုရီ အောက် လျှော့စား လိုက်ရင် အဆင်ပြေ ပါ တယ်။ တစ်နေ့ကို ကယ်လိုရီ ၅၀ဝ လောက် လျှော့စား ပေးရမယ်။ မြန် မာ လိုဆိုရင် ထမင်းတစ်နပ်စာ ထ မင်း၊ ဟင်း တွေကို လျှော့စား ရမှာပါ။

အမျှင်စားပါ

အမျှင်ပါ တဲ့ အသီးအနှံတွေ၊ အရွက်တွေစားပါ။ သူတို့က တကယ့် ကို ကိုယ်အလေးချိန် တကယ် ကျစေ ပါတယ်။ စားနေကြ မဟုတ်ရင် အစ ပိုင်းမှာ ဗိုက်နာ တတ်ပါတယ်။ နည်း နည်းချင်း တိုးတိုးပြီး စားပေးပါ။ မကြိုက်ရင် ကြိုက်တဲ့ ပုံစံလေး လုပ် စားပါ။ ကြော်စားတာ မကြိုက်ရင် သုပ်စားပါ။ ပြုတ်တို့ပါ။

အချိုရှောင်ပါ

အချို ကတော့ မဝအောင်ရော၊ ကျန်းမာရေး အတွက်ပါ ရှောင်သင့် တယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေ၊ မုန့်တွေက ကျန်းမာ ရေးကို တကယ်တော့ အထောက် အကူမပြုနိုင်ပါဘူး။

ဆီကြော်မစားပါနဲ့

ဆီကြော် တွေကတော့ တကယ့် ကို ဝလွန်းစေတဲ့၊ ရောဂါ ရစေတဲ့ အစားအစာ တွေပါ။ လုံးဝ ကိုရှောင် ပါ။

အစာစားတဲ့ ပုံစံပြောင်းပါ

နံနက်ကို များများ စားပါ။ နေ့ လယ်ကို နံနက်စာ ရဲ့တစ်ဝက်ပဲ စား ပါ။ ညစာ ကိုတော့ နေ့လယ်စာ ရဲ့ တစ်ဝက်ပဲ စားပါ။ မဖြစ်ဖြစ် အောင် လုပ်ကြည့်ပါ။

လေ့ကျင့်ခန်းကိုမမေ့ပါနဲ့

အိမ်အလုပ် တစ်ဖက်နဲ့၊ ရုံး အလုပ်တစ်ဖက် နဲ့ ဘယ်လိုမှ မအား ဘူးလို့ အမျိုးသမီးတွေက ဆင်ခြေ ပေးတတ် ပါတယ်။ မပေးပါနဲ့။ ရိုးရိုး လှေကားပဲ သုံးတာတို့၊ ကားကို ခပ် လှမ်းလှမ်းမှာ ရပ်ပြီး သွားတာတို့၊ ဈေးကို လမ်းလျှောက် သွားတာတို့ လုပ်ပေးပါ။ နောက်ပြီး အသေး အမွှား လေး တွေယူရင် ကိုယ်တိုင်ပဲ ထယူ လိုက်ပါ။ သူများကို မခိုင်းပါနဲ့။ တီဗီကြည့်ချိန် ထဲက လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ဖဲ့ ယူလိုက်ပါ။

နေ့တိုင်းလုပ်ပါ

ဒီလိုပုံစံ တွေကို ပုံမှန် လုပ်ပေး ပါ။ အနည်းဆုံး သုံးလ ဆက်တိုက် လုပ်ပေးရပါမယ်။ လုပ်နေ ရင်း တစ် ရက်ပျက်တာ။ ဒင်နာ ရှိလို့ ပိုစားမိ တာ။ ကလေး နေမကောင်းလို့ လေ့ ကျင့်ခန်း မလုပ်မိတာတို့ အကြောင်း မပြပါနဲ့။
ကဲ ဒီလောက်ဆို စမ်းပြီး နေကြည့်ကြပါနော်…

11 comments

  • windtalker

    June 6, 2011 at 6:24 am

    သူငယ်ချင်း ဖက်တီးမ တစ်ယောက်အတွက် ကော်ပီ လုပ် လိုက်ပြီဗျို ့။ ကျေးဇူးပါပဲ ဗျို ့

    Reply

  • hmee

    June 6, 2011 at 6:42 am

    အင်း….ပိန်တော့ပိန်ချင်သား။

    Reply

  • etone

    June 6, 2011 at 9:30 am

    etone ဝိတ်က တက်လာပေမဲ့… တကိုယ်လုံး ကျစ်ကျစ်လစ်လစ်ပါပဲ…
    ပြသနာဆိုလို့ ဗိုက်မှာ ဒုက္ခပေးနေတာပါ… ။ ဝိတ်တက်တာ ဘယ်နေရာမှ မဝဘူး … ဗိုက်ကပဲ တစတစ ဝလာတယ်… ။ ကိုယ်ဝန်ရှိတဲ့လနုတဲ့ ဒေါ်ဗိုက်နား သွားရပ်လျှင်တောင် ကိုယ့်ဗိုက်က ပိုပူလို့ စိတ်ပျက်နေတာ… ။ လေ့ကျင့်ခန်းလုပ်လည်း တရက် ၊ နှစ်ရက်… တပတ်ပြီးတာနဲ့ ခြေကုန်လက်ပမ်းကျပြီး မလုပ်ဖြစ်တော့ဘူး …. ။ အကျီ င်္ ပွပွကြီးတွေနဲ့ မသိသာအောင် ဖုံးထားရတယ် 😛

    Reply

    • king

      June 6, 2011 at 10:13 am

      ဒါဆိုရင် မ etone ပုံက ဒီလိုမျိုးလားဗျ
      * န * 😛 😀 🙂

      Reply

  • လင်းဝေကျော်

    June 6, 2011 at 9:44 am

    လွယ်လွယ်လေးပါ မလုပ်နဲ့ တကယ်တမ်း အဲဒါကလည်းခက်တာပဲ။
    အစားလျှော့စားဖို့တို့၊ လေ့ကျင့်ခန်းလုပ်ပါတို့ လွယ်တယ်များမှတ်နေလား။
    တကယ်လွယ်ရင် ဗိုက်ပူလို့ စိတ်ညစ်နေတဲ့သူဘယ်ရှိမတုန်း။ ပိန်ဆေးကို စီးပွားဖြစ်တောင် ရောင်းနေသေးတာ။
    ပိန်ချင်လွန်းလို့ မလွယ်မှန်းသိလည်း လွယ်လွယ်လေးဆိုတော့ ဝင်ဖတ်ကြည့်တာပါပဲ။
    တကယ်လုပ်နိုင်ရင် တကယ်ပိန်ပါမယ်။ တကယ်လုပ်ဖို့ မလွယ်တာပါပဲ။

    Reply

  • မမလေး

    June 20, 2011 at 7:28 am

    အမျှင်ပါတဲ့ အသီးအရွက်က ဘာတွေလဲ .. ပြီးတော့ ရေ ၁၆ အောင်စဆိုတာ ဘယ်လောက်လောက်ရှိလဲ … လက်ဖက်ရည်ခွက်နဲ့ ဆိ်ုဘယ်နှစ်ခွက်လောက်ရှိမလဲမသိဘူးနော် … လမ်းလျှောက်တာတို့ … စက်ဘီးစီးတာတို့က ခြေသလုံးကြီးတတ်လား ….

    Reply

  • စုံ စုံ

    June 20, 2011 at 9:31 am

    ဟုတ်တယ်
    အများစုကတော့ဝရင်ပိန်ချင်ကြတာချည်းဘဲ
    ဒါပေမယ့်လဲမလျှော့နိုင်ကြတာများတယ်
    အဲ့တော့လဲဝတဲ့သူတွေကဒီလိုပြောရင်းကျေနပ်နိုင်ပါတယ်
    လောကမှာဝလို့လှလို့ဘဲရှိတယ်
    ပိန်လို့လှလို့ဆိုတာမရှိဘူးလို့:)
    ၀ဝကစ်ကစ်လေးနဲ့ချစ်စရာကောင်းတဲ့သူတွေအများကြီးရှိပါတယ်နော်
    ဝပေမယ့်လည်းအားမငယ်ကြပါနဲ့

    Reply

  • cum min

    June 21, 2012 at 4:57 pm

    good training. for pig body 🙂
    i’m pig.so. i like that

    Reply

  • water-melon

    June 21, 2012 at 6:43 pm

    ကျေးဇူးပါချင့်
    စမ်းကြည့်အုန်းမယ်
    တများက ဗိုက်ထွက်နေလို့ချင့်

    Reply

  • အလင်းဆက်

    June 21, 2012 at 6:51 pm

    အလို ဖရဲက ဗိုက်တောင် ထွက်နေပြီ..။
    တရားခံ ဘယ်သူလဲ…

    Reply

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 6:53 pm

    အတော်ပဲဗျာ..
    ကျုပ်လဲ ဝိတ်ချချင်နေတာ..
    သွားရလာရတာ ဗိုက်ကြီး တပူပူနဲ ့ဆိုတော့ ခရီးပင့်သဗျာ.. 😀

    Reply

Leave a Reply

Your email address will not be published.