ယနေ ့ မြောက်ဒဂုံ၊နာရေးကူညီမှုအသင်းသို ့ရောက်ခဲ့တဲ့ John McCain

ဂ်စ္စူJune 2, 20113min010


အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် John McCain နှင့် အမေရိကန်သံရုံးအရာရှိ များသည် ၂.၆.၂၀၁၁ (ကြာသပတေး)နေ့ နံနက် (၁၁းဝ၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဧည့်သည်တော်များအား နာရေးကူ ညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှုရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။

ထို့နောက် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသောအဆောက်အဦးများရှိရာ နေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူလူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့်အတွက် ဝမ်းနည်းမိကြောင်း၊ ယခုလို လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုး ဆက်သစ်သင်တန်း အမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ဝိုင်းဝန်း ကယ်ဆယ် အကူအညီများပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဘုရားသခင်မှလည်း ကောင်းချီးပေးပါစေ” ဟု အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်းမေတ္တာပို့စာသား ရေးသားလက်မှတ်ထိုးကာ မွန်းတည့် (၁၂းဝ၀) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှုတ်ခွန်း ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

မှတ်တမ်း။ ။ နာရေးကူညီမှုအသင်း (ရန်ကုန်)
Via:အညာနွေ တမာမြေ

John McCain မြောက်ဒဂုံရောက်ခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံပေစုတ်ပုံလေး သိသွားပြီပေါ့လေ
သိတဲ့အတိုင်း မြောက်ဒဂုံဆိုတာလဲ..ခေတ်မီဆိုက်ကားတွေ၊နောက်ဆုံးပေါ်စက်ဘီးတွေ၊ခန် ့ညားလှပပြီး မောင်းချင်သလို မောင်းနေတဲ့လိုင်ကားကြီတွေ
ရှောင်ရှားပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့  သွားရောက်ကြည့်ရှုအားပေးတာကိုပဲ အနော်တို ့က ကြားထဲက ဝမ်းမြောက်ရပါတယ်ဗျ။ ဖြစ်နိုင်ရင် တောင်ဒဂုံ၊သာကေတ၊တောင်ဥက္ကလာ လှိုင်သာယာ၊ရွှေပြည်သာ တို ့ဘက်ကို လိုက်ပို ့ပေးချင်သေးပါကြောင်း………………..။

အန်အယ်လ်ဒီရုံးချုပ်ကိုလာတဲ့ ဂျွန်မက်ကိန်း

၂.၆.၂၀၁၁ညနေ ၄နာရီတွင်အဖွဲ့ချုပ်ရုံးသို့ ဗဟိုအလုပ်အမူဆောင်များနှင့် တွေ့ဆုံရန် Mr jhon mac cain လာရောက်ခဲ့ပြီးအလင်းနှင့်ရေးသော ပန်းချီ ပြပွဲကိုလည် လာရောက်ကြည့်ရူ့ခဲ့ပါသည်။
Via:အညာနွေ တမာမြေ

10 comments

  • kai

    June 2, 2011 at 9:16 am

    မက်ကိန်းက..(အမှတ်မမှားဘူးဆိုရင်..) မြန်မာပြည်တခေါက်ရောက်ဖူးပါတယ်..။
    အခုလောလောဆယ်မှာတော့.. ရီပါ့ဗလစ်ကန်ပါတီထဲ..တော်တော်ပြောရေးဆိုခွင့်ရှိပြီး.. အစိုးရဖြစ်နေတဲ့.. ဒီမိုကရက်ပါတီနဲ့လည်း တော်တော်အဆင်ပြေတဲ့သူဖြစ်နေတယ်..။

    တမျိုးလုံးစစ်သားတွေဖြစ်ခဲ့ပြီး.. သူကိုယ်တိုင်လည်း…စစ်သားဟောင်းကြီးဖြစ်တဲ့မက်ကိန်းက.. မြန်မာပြည်လာသွားတဲ့.. အမတ်.. ဂျင်မ်ဝဘ်ထက်အများကြီး အာဏာရှိတယ်..။
    ဒီတော့.. သူပြန်ပြီးနောက်… မြန်မာ-အမေရိကား ဆက်ဆံရေး သိသိသာသာ ပြောင်းသွားမယ်ထင်ရတာပဲ..။
    ==
    ဆိုတော့.. လောလောဆယ်တော့…
    ကိုကျော်သူတို့တွေ… ဒီနှစ်ရဲ့ နိုဗဲလ်ဆုတခုခုရအောင်.. လုပ်သင့်ပြီထင်ပါတယ်..။

    Reply

  • good

    June 2, 2011 at 10:15 am

    စိတ်ဆတ်ပြီး အကြွေးတော့ မဆပ်ပေ မဲ့ သတင်းကတော့ live ပဲ။
    ဂုဏ်ယူပါတယ်။

    ဒါနဲ့ သူ့ ဟာသူ နိုဗဲလ် ဆု ရရင်တောင် သူလာလို့ ရတယ် ဖြစ်သွားမှာလား။

    Reply

  • yyin123

    June 2, 2011 at 12:13 pm

    ဆုတောင်းမေတ္တာပဲပို့တာလါး??? တစ်ပြားမှတောင် လှူမသွါးဘူးလား။ စေတနာ ကေါင်းချက်ကတော့ ကမ်းကုန်ပဲ။

    Reply

    • zaw2zaw

      June 5, 2011 at 1:40 pm

      မြန်မာငွေနဲ့ လဲတာ ၆ကျပ်ပဲရလို့ စိတ်ဆိုးပြီးမလှူဖြစ်တာ ဆိုလား…….

      Reply

  • padonmar

    June 2, 2011 at 1:05 pm

    Mc Cain က သူတို့ရဲ့ sanction ဟာ ဆင်းရဲတဲ့ပြည်သူတွေသာ ပိုပိုဆင်းရဲသွားစေတယ်ဆိုတာ သိသွားရင်
    ကောင်းမှာပါပဲ။(ထင်သလို effect မရဘူးဆိုတာပေါ့။)

    Reply

    • zaw2zaw

      June 3, 2011 at 11:15 am

      မဟောသဓ ဇာတ်တော်ထဲက သားလုခန်းကို သတိရမိပါတယ်။ နှစ်ဦးစလုံးက ဘီလူးမ ဆိုရင်တော့ …………….

      Reply

  • phyoshein

    June 2, 2011 at 2:25 pm

    အင်အားကြီးနိုင်ငံတွေနဲ့ သင့်မြတ်တာဟာ.. ကောင်းတဲ့လက္ခဏာပါ..
    ဦးမက်ကိန်းအနေနဲ့.. ကျွန်တော်တို့နိုင်ငံအပေါ် ဘယ်လိုရှုမြင်ပြီး… ဘယ်လိုတုန့်ပြန်မယ်ဆိုတာကတော့
    သူ့အနေနဲ့ကော သူ့နိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီနဲ့လည်း သက်ဆိုင်ပါတယ်..
    ဘာပဲဖြစ်ဖြစ်… သူ့လို အမေရိကန်နိုင်ငံရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ယောက် မြန်မာပြည်ကို ရောက်လာတာ အရမ်းကောင်းပါတယ်..
    မည်သို့ပင်ဆိုစေ….
    ပြည့်အင်အားက ပြည်တွင်းမှာသာ ရှိတာကြောင့်
    မြန်မာပြည်တိုးတက်ဖို့ဆိုတာ… မြန်မာပြည်ဖွားတိုင်းရင်းသားတို့ရဲ့.. တာဝန်ဖြစ်တာကြောင့်မို့….
    လတ်တလော အနေအထားအရ… တိုင်းပြည်ခေါင်းဆောင် ကောင်းသည်ဖြစ်စေ… မကောင်းသည်ဖြစ်စေ..
    ကြိုးစားအားထုတ်ရမည့်တာဝန်သည် မိမိတာဝန်သာ ဖြစ်ပါကြောင်း (လို့ ထင်ပါကြောင်း)

    Reply

  • maungmoenyo

    June 3, 2011 at 3:27 am

    ခက်တာက စစ်အစိုးရတဖြစ်လဲ မြန်မာအစိုးရသစ်ရဲ့ စကားလုံးရွေးချယ်ပြီး ကိုယ်ကြိုက်ရာဆွဲယူဘာသာပြန်မှုတွေ က မြန်မာနိုင်ငံသားတွေကိုမျက်စေ့လည်စေတာအမှန်ပါဘဲ။ (ဒီနေ့ထုတ်သတင်းစာတွေမှာ လွှတ်တော် နာယက၊ ဥက္ကဌ နဲ့ ဒုသမ္မတတွေ နဲ့ တွေ့ဆုံပွဲတွေမှာသုံးနှုန်းထားတဲ့ ကောက်နှုတ်ချက်တွေကိုကြည့်ကြပါ။) လက်ရှိအစိုးရကိုဘဲ မစ္စတာမက်ကိန်းကဘဲ ထောက်ခံသယောင် ရေးထားပါတယ်။
    မြန်မာအစိုးရအပါအဝင် တခြားနိုင်ငံတွေက အာဏာရှင်အစိုးအသီးသီးရဲ့ လူထုအပေါ် နိုင်ထက်စီးနင်းမှုုတွေကို ဆန့်ကျင်ရာမှာဘဲဖြစ်ဖြစ်၊ အရေးယူအပြစ်ပေးရာမှာဘဲဖြစ်ဖြစ်၊ ရီပတ်ဘလစ်ကန်အစိုးရ နဲ့ပါတီဝင်တွေ ဟာ ဒီမိုကရက်တစ်ပါတီထက်ပိုမို ပြတ်သားတယ် ဆိုတဲ့ သမိုင်းကြောင်းရှိခဲ့တာအမှန်ပါ။

    Reply

    • kai

      June 3, 2011 at 8:28 am

      သွားတယ်ဆိုကတည်းက..အစိုးရသစ်ကိုအသိအမှတ်ပြုတာတဝက်မကပါနေပြီထင်တာပါပဲ..။
      လောလောဆယ်လေ့လာရသလောက်… ယူအက်စ်ဟာ..မြန်မာပြည်ပေါ်ချထားတဲ့ ပိတ်ဆို့မှုတွေကို…လျှော့ချဖို့ပြင်နေတယ်ထင်မိပါတယ်..။
      မြန်မာ့နိုင်ငံရေးစိတ်ဝင်စားသူတွေ.. လေးလေးနက်နက်… ထည့်စဉ်းစားသင့်ပါတယ်..။

      မကြာခင် ဒေါ်အောင်ဆန်းစုကြည်လည်း.. နိုင်ငံတခွင်ခရီးထွက်ပါလိမ့်မယ်..။ အနှောက်အယှက်မရှိ…. လုံလုံခြုံခြုံဖြစ်ခဲ့ရင်.. ယူအက်စ်-မြန်မာဆက်ဆံရေး တော်တော်ပြောင်းသွားမယ် ထင်တာပါပဲ..။

      Reply

  • zaw2zaw

    June 3, 2011 at 11:11 am

    ကိုခိုင်ပြောတာ မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အနှောက်အယှက် မရှိစေဖို့ မျှော်လင့်ပါတယ်။ ဒါမှ လက်ရှိ အစိုးရ ရဲ့ သဘောထားကို မြင်ရနိုင်မယ် ထင်ပါတယ်၊ စောင့်ကြည့် ကြတာပေါ့။

    Reply

Leave a Reply

Your email address will not be published.