အိုင်တီ နည်းပညာ များကြားက တိုက်ပွဲများ

kaungmyat88May 25, 20111min02

အခုချိန်တွင် အိုင်တီ နည်းပညာများတိုးတက်လာသည်နှင့် အမျှ အချိန်နဲ့ အမျှ cyber war များဖြစ်ပွားလျက်ရှိ နေပါပြီ။ ကိုယ့်ခံယူချက်နဲ့ ကိုယ် ၊ ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ် တိုက်ခိုက်သူ များရှိသလို ၊ အနည်းငယ်သာ တက်ကျွမ်းထားသော နည်းပညာများဖြင့် Hacker ယောင်ယောင်၊ သူခိုး ယောင်ယောင် လုပ်နေသူများလည်း ရှိကြသေးသည်။ ဥပမာ – Gmail page အတုများ ဖန်တီး ကာ username & password များ ခိုးယူသူများ၊ Facebook page အတု များဖန်တီးကာ ခိုးယူသူများ ။ ကျနော့်တို့ သိသလောက်ကတော့ ကိုယ့် mail ပါရင် ဘာဖြစ်မလဲ ? စဉ်းစားကြည့် ရအောင်။  အမှန် mail တစ်ခု ပါသွားခဲ့ရင် Mail ထဲက personal ကိစ္စ တွေ ထက် နိုင်ငံခြားမှာ နေတဲ့ သူတွေ ဆိုရင် သူတို့ သုံးနေတဲ့ Bank account တွေ ကို ခိုးယူ သုံးစွဲချင်လို့ပါပဲ။ မြန်မာနိုင်ငံ က Mail တွေကို Hack ရတဲ့ ရည်ရွယ်ချက်ကို တော့ ကျနော်လည်း နားမလည်ပါဘူး။

ကိစ္စ တစ်ခုတော့ ကြားလိုက်မိပါတယ်။ ကျနော့် အသိတစ်ယောက်ပါပဲ ။ သားနဲ့ အဖေနဲ့ နိုင်ငံခြားကို လာတဲ့ အချိန်ကပေါ့။ အဖေ ဖြစ်သူက နိုင်ငံခြားမှာ နေနေတဲ့ တစ်ယောက်ပါ ။ ဒီတစ်ခေါက် မြန်မာပြည်ပြန်တုန်း သား ကို အလည် အဖြစ်ခေါ်လာပါတယ်။ တစ်ချိန်တည်းမှာပါ သူ့ ရုံးက မြန်မာပြည် ကို ကိစ္စရှိလို့ တစ်ခေါက်ပြန် ခိုင်းပါတယ်။ သူ့မြန်မာပြည်ရောက်နေတဲ့ အချိန်မှာ သူ့မေးကို စာ တစ်စောင် ဝင်လာပါတယ်။ ကူညီပါပေါ့။ ဟိုတယ်မှာ ရှင်းစရာ ပိုက်ဆံတွေ လိုနေလို့ ဘယ်အကောင့် နံပါတ် ကိုပေါ့ ငွေမြန်လွှဲ ပေးပါ ဆိုပြီး သူ့သား သုံးနေကျမေးက ပဲ ပို့လိုက်တာပါ။ သူတော်တော် အံဩသွားတယ်။ သူလည်း မယုံတာနဲ့ ဖုန်းဆက်ပြီး ဟိုတယ်က သူ့သားကို လှမ်းမေးတယ် ။ သူ့သားက ပြောတယ် သူအကောင့်ပျောက်သွားကြောင်း ၊ဟိုတယ်မှာ ဘာမှ မဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။ အဲကိစ္စလိုမျိုးလည်း ရှိလာနိုင်ပါတယ်။ဒါကြောင့် သတိထား သင့်ပါတယ်။

အခု သတင်းကတော့ ခုတစ်လော နာမည်ကြီးနေတဲ့ BHG ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ပါပဲ။ တော်တော်လေးကို နာမည်ကြီးပါတယ်။ သူတို့ ဆိုဒ်မှာ တင်ထားတဲ့ နောက်ဆုံး သတင်းအကျဉ်းချုပ်ကို ပြောပြပါ့မယ်။ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း အကြောင်းလဲ ပါပါတယ်။ http://www.blinkhackergroup.net/ မှာ ဖတ်နိုင်ပါတယ်။သူတို့ ဆိုဒ်ရဲ့ ရဲတင်းမှု ကတော့ ပေါ်တင်ပါပဲဗျာ။

နောက်တစ်ခုကတော့ ကြာပါပြီ။DVB ရုပ်သံဌာန ရဲ့ website hack ခံရတဲ့ အကြောင်းပါ။ ဒီဆိုဒ်ကို hack တဲ့ သူတွေကတော့ pro-military junta group လို့ အချို့ web site တွေကပြောထားပါတယ်။အဲဒီ အဖွဲ့က ရှရှား က အဖွဲ့ လို့လည်းပြောပါတယ်။ အကျယ်ချုပ်ကိုတော့  ဧရာဝတီသတင်းဌာန –http://www.irrawaddy.org/article.php?art_id=20931 မှာ တင်ထားပါတယ်။

အကျဉ်းချုပ်ကတော့ ဒီ အဖွဲ့တွေကြားမှာ ကျနော်တို့ လို ကြားနေတဲ့ သူတွေ မပါစေဖို့ပါပဲ။ ကိုယ့်အကောင့်တွေ password တွေကို ပေါ့ဆလို့ မရပါဘူး။ password တွေကို strong ဖြစ်အောင် ထားမယ် ။ ဆိုဒ်တွေ ထောင်ထားတဲ့ သူတွေကလည်း ပိုပြီး security ဖြစ်တဲ့ CMS တွေ သုံးသင့်တယ်လို့ ထင်ပါတယ်။ နည်းပညာ တိုးတက်မှုမှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနေတာကြောင့် ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲသင့်ကြောင်း သိသမျှ မှတ်သမျှ လေးတွေ ပေါင်းပြီး ရေးသားလိုက်ပါတယ်။

2 comments

  • maythakhin

    May 26, 2011 at 4:43 am

    အင်တာနက်သုံးတဲ့သူအချို့ ကိုယ့် အီးမေး ပျောက်သွားတယ်လို ပြောသံတော့ကြားဖူးတယ်။၊အခုလို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    Reply

  • moethidasoe

    May 26, 2011 at 5:49 am

    ဘယ်သူကပဲ ဖြစ်ဖြစ် လူကြီးမင်းရဲ့ email ကို ပြန်လည်ဆန်းစစ်ဖို့ပါ ဆိုပြီး user name, password တောင်းတယ် ဆိုရင် ဘယ်တော့မှ အကြောင်းမပြန်ပါနဲ့ (ကိုယ်တွေ့ .. gmail account တစ်ခု အဲဒီလို ပါသွားတဲ့ အပြင်ကို အဲဒီထဲက yahoo mail လိပ်စာနဲ့ စာတွေ လိုက်ပို့ပါတယ် .. နိုင်ဂျီးရီးယားမှာ သင်တန်း သွားတက်နေတာ .. ပိုက်ဆံအိတ် ကားထဲ ပါသွားလို့ အခန်းခ ပေးစရာက ဘယ်လောက် .. passport ပါ ပါသွားလို့ ပြန်ဖို့ ခက်နေတယ် ဆိုပြီး ဘော်ဒါ လိပ်စာတွေကို ပို့ပါလေရော .. ဖုံးတဂွမ်ဂွမ်မြည်လာပြီး ဖြေရှင်းလိုက်ရတာ .. နိုင်ဂျီးရီးယား ဆိုတာ မရောက်ဖူးပါဘူး လို့)

    Reply

Leave a Reply

Your email address will not be published.