အိုင်စီတီ သတင်းအချက်အလက်များကို အွန်လိုင်းတွင် သီးသန့်စုစည်း တင်ပြ

အိုင်စီတီဆိုင်ရာ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုစည်းဖော်ပြမည့် ဝက်ဘ်ဆိုက် တစ်ခုကို စတင် လွှင့်တင်လိုက်ကြောင်း ၁၇-၅-၂၀၁၁ ရက်က သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာမှာ www.myanmarict.com ဖြစ်ပြီး အိုင်စီတီဆိုင်ရာ သတင်းများ၊ မိုဘိုင်းဖုန်းဆိုင်ရာ သတင်းများကို စုစည်းဖော်ပြ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အွန်လိုင်းမှာ ဂျာနယ်တစ်ခုအဖြစ် ဖတ်ရှူနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကုန်ပစ္စည်းတစ်ခု ဝင်လာတယ်ဆိုရင် အဲဒီပစ္စည်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် Review ကို ကြည့်ရှုသိရှိနိုင်အောင် ဆောင်ရွက်ထားပါတယ်”ဟု အဆိုပါ ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော အိုစီတီဆိုင်ရာ သတင်းများ၊ ပြည်တွင်း အိုင်စီတီဆိုင်ရာ သတင်းများ စသည်တို့ ပါဝင်မည့်အပြင် ပညာရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ ပြပွဲများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထည့်သွင်းထားကြောင်း၊ ၎င်းဝက်ဘ်ဆိုက်ကို စမ်းသပ်ကာလ ခြောက်လ လွှင့်တင်ခဲ့ပြီး ယခုအခါ နောက်ဆုံးအဆင့် အနေဖြင့် လွှင့်တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ပြည်တွင်း၌ အင်တာနက်လိုင်းများ ဖြစ်ပေါ်နေသော အခြေအနေ၊ ဆက်သွယ်ရေးနှင့် ပတ်သက်သော သတင်းများ၊ ကုန်ပစ္စည်းအသစ်များအတွက် သီးသန့်နေရာများတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ဥပမာ ဘယ်ဖုန်းအမျိုးအစား အသစ် ထွက်သလဲ၊ ထွက်တဲ့ ဖုန်းအမျိုးအစားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ဝယ်မယ့်သူက စုံစမ်းပြီးမှ ဝယ်နိုင်အောင် ဖော်ပြပေးသွားမှာပါ”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ ပြည်တွင်း၌ သတင်းများကို ဖော်ပြပေးသည့် ဝက်ဘ်ဆိုက် အတော်များများရှိပြီး ယခုဝက်ဘ်ဆိုက်မှာ နည်းပညာနှင့် ပတ်သက်၍ သီးသန့်ဖော်ပြပေးသည့် ဝက်ဘ်ဆိုက်ဖြစ်ကြောင်း၊ ဒေါ်လာဈေး၊ ရွှေဈေးနှင့် ပတ်သက်သော အချက်အလက်များကိုလည်း အချိန်နှင့် တစ်ပြေးညီ မေးမြန်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ဖုန်းဝယ်ယူမည့် သူများအတွက် ဖုန်းတစ်မျိုးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကိုလည်း ဖော်ပြထားကြောင်း ၂၀၁၁ခုနှစ် မေလ ၂၆ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://www.myanmarict.com/

3 comments

  • manawphyulay

    May 25, 2011 at 9:02 am

    လောလောဆယ်တော့ သိပ်တော့ စုံတာ မတွေ့ရဘူးနော်။

    Reply

  • antimoe

    May 25, 2011 at 3:55 pm

    ှု ipad, laptop, computer, mobile ph……
    online, IT …..
    ရွှေဈေး၊ ဒေါ်လာဈေး…
    ဒါတွေကို ….Timelyနဲ့..ဖော်ပြဖို့….လိုနေပြီလား။
    ဘယ်သူတွေက…ဒီလောက်အရေးတကြီး..လိုအပ်နေတာမို့လို့လဲ…။
    ပိုက်ပိုက်ရှိတဲ့သူတွေကတော့..ဝယ်မယ်ဆိုရင်.ဈေးနှုန်းတောင်..မကြည့်ဘူးလေ။
    ICTပြပွဲပြီးသွားရင်….ဘာသတင်းတွေ..တင်မှာပါလိမ့်….။

    Reply

    • Shwe Tike Soe

      May 26, 2011 at 2:32 am

      အန်တီမိုးရေ
      ဒါတွေကလိုတာပေါ့.. ကွန်ပျူတာ ဆိုတာ ပိုက်ဆံရှိတိုင်းကောက်ဝယ်ရင် အလှထားတဲ့ အရုပ်လောက်ပဲ ရှိမှာပေါ့
      သိထားတော့ မမှားဘူးပေါ့..

      Reply

Leave a Reply

Your email address will not be published.