Virus အသစ်

ညစဉ် ညစဉ် ကျွန်တော့်ရဲ့စိတ် အတွေးထဲက အလွမ်းတွေကို virus လို့အမည်ပေးလိုက်မိတယ်ဗျာ။ အလွမ်း virus ကိုသက်ဖို့အတွက် အဲဒီ Software က ကျွန်တော်နဲ့ မိုင်ချီဝေးတဲ့ နေရာမှာ ရောက်နေပြီ။ ခုချိန်မှာ Search Engine တွေဟာ အသုံးမတဲ့ပြန်ပါလား။ အားလပ်ချိန်လေးတွေ တွေးမိတိုင်း အလွမ်းဆိုတဲ့ ခေါင်းစဉ်ကို ဦးတည်နေတော့တာပါပဲ ကျွန်တော်ပျံသန်းနေပါတယ် သူရှိတဲ့အရပ်ကိုလေ… မုန်တိုင်းနဲ့ ပင်လယ်တွေ ဖြတ်သန်းနေရတဲ့အတွက် အချိန်တွေကြာမြင့်နေခဲ့ရပါတယ်။ အဲဒီအလွမ်း Virus သေဖို့ဆိုတာကျွန်တော်ရင်ခွင်မှာ ချစ်သူရှိနေဖို့ပါပဲ။ ရင်ချိန် အတူလျောက်ခဲ့ဘူးတဲ့ လမ်းတွေနဲ့ ပြောခဲ့တဲ့စကားတွေ သူမေ့များနေမလား ဆိုတဲ့ အတွေကလည်း စိတ်မှာ တစ်ချက်တစ်ချက် ဝင်ဆောင့်နေသေးရဲ့။ ကျွန်တော့်တောင်ပံတွေမှာ အလွမ်း ဗိုင်းရပ်စ် ကိုက်ခံထားရလို့ အားအင်တွေ မကြာမကြာမှေးမှိန်တက်တယ် ဒါပေမဲ့လည်း ရှိတဲ့အားတွေနဲ့ ထက်ပြီး ပြန်သန်းနေရတယ် ခရီးတစ်ခုရောက်ရင်တော့ အနာဂတ်အတွက် အားတွေဟာ အတိုင်းဆမဲ့ ပြန်ပြည့်လာလိမ့်မယ်ဆိုတာ ကိုယ့်ကိုယုံကြည့်တယ်။ သတိရမှုတွေထဲက တစ်ခုက သက္ကသိုလ်စာမေးပွဲဖြေခါနီးချိန်ပေါ့ ကျွန်တော်စာကျက်ပျင်းလို့ဆိုပြီးလေ သူဘေးက ကျွန်တော့် Subject တွေကို ရွက်ဆိုပြတက်တယ် သူကကျွန်တော့်ထက်အတန်းကြီးတယ် မာစတာတန်းပြီးမဲ့အချိန်ပေါ့။ သတိရစရာအစိတ်အပိုင်းတွေက များလွန်းလှပါတယ် ဒါပေမဲ့ သူနဲ့ အချိန်ကြာ နှစ်တွေကြာဝေးရမဲ့ ညတစ်ညမှတော့ သူပြောခဲ့တဲ့စကားလေးတစ်ခွန်း “နင်က ငါ့ကိုအရမ်းချစ်တာပဲ ငါ့အဖေလောက်ကိုချစ်တယ်နော်”တဲ့ ကျွန်တော်အရမ်းချစ်မှန်းသူသိပါတယ် ဘာကြောင့်အဲလောက်ကြာဝေးနေရတာလဲ စကားတစ်ခွန်းကြားယောင်မိတယ် အချစ်စစ်တို့မည်သည် ခက်ခဲတက်တယ်ဆိုလားဗျာ တော်တော်ကိုပေါင်းစပ်ဖို့ခက်ခဲပါတယ် မပေါင်းစပ်ရမှာကိုပဲ ကြောက်နေမိတယ်၊ ခုဆိုရင် မကြာမကြာတွေးမိတယ် လွမ်းမိတယ်ပေါ့ဗျာ ဒါကြောင့် ကောင်မလေး အလွမ်း virus ကို မင်းသက်မှဖြစ်တော့မယ်နော်….ပုံပြင်လေးကတော့ ဒါပါပဲကွယ်…..:D

2 comments

  • virus

    June 17, 2011 at 3:19 pm

    ငါ့ကိုလားလို့လန့်သွားတာပဲ

    Reply

  • PinkCandy

    June 17, 2011 at 3:49 pm

    ဘာ virus ကြီးပါလိမ့်လို့ လက်စသတ်တော့ ဂလိုကိုး

    Reply

Leave a Reply

Your email address will not be published.