လေဖြတ်စဉ် ရှေးဦးသူနာပြုနည်း

၁)။ ။လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သောနေရာမှရွှေ.ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ.ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသောလှုပ်ရှားခြင်းဒဏ်များကြောင့်ဦးနှောက်သွေးကြောငယ်များကို လျှင်မြန်စွာပေါက်ကွဲစေပြီး လူနာ၏အခြေအနေကိုပိုဆိုးစေပါသည်။ ထို.ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂)။ ။လူနာကိုဖြစ်သည့်နေရာတွင်ပင် အသာထူမပေးပြီး ပြန်လဲမကျအောင်အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင်မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသောဆေးထိုးအပ် (သို.) လက်အပ်ဖြင့် လူနာ၏လက်ချောင်းဆယ်ချောင်းထိပ်ဖျားများကို (ပဲစေ့ခန်.) သွေးတစ်စက်စီထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့်
သွေးမထွက်ပါက လက်ဖြင့်ညှစ်ထုတ်ပေးပါ။ ထိုသို. သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည်သတိရလာပါလိမ့်မည်။

(၃)။ ။လူနာပါးစပ်ရွဲ.သွားပါက လူနာ၏နားရွက်နှစ်ဖက်ကို နီလာသည်အထိလက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့်နေရာ) ကို ပိုးသတ်ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီဖောက်ပေးပါ။ နားရွက်နှစ်ဖက်လုံးမှ (ပဲစေ့ခန်.)
သွေးနှစ်စက်စီထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ.နေသောပါးစပ် ပြန်တည့်သွားပါလိမ့်မည်။

(၄)။ ။ထိုအခြေအနေရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို.ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင်စောင့်ပြီးမှ ဆေးကုသခံစေပါက

(၁)အကြောသေခြင်း
(၂)ကိုယ်တစ်ခြမ်းသေခြင်း
(၃)ခြေလက်လှုပ်မရခြင်း

(၄)စကားမပီသခြင်း စသည်တို.လုံးဝမဖြစ်နိုင်တော့ပါ။

သူငယ်ချင်းတယောက်ပေးပို့သော တရုတ်ရိုးရာဆေးကျမ်းမှဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
လက်တွေ.ပျောက်ကင်းသက်သာစေသောနည်းဖြစ်ပါသည်ဟုဆိုပါသည်။ကျွန်တော်လည်း ဆရာဝန်မဟုတ်သောကြောင့် အတိအကျ မပြောလိုပါ။ သူငယ်ချင်းများထဲမှ တကယ်သိသောတက်သောသူများရှိခဲ့လျှင်လည်း အမှားပြင်ပေးဖို့တောင်းဆိုပါတယ်။ လေဖြတ်ခြင်းဝေဒနာအား အထိုက်အလျှောက် ကာကွယ်နိုင်စေရန်အတွက် ကုသိုလ်ပြုလိုက်ပါသည်။

link…:http://loverworld-myanmar.ning.com/profiles/blog/show?id=3003595%3ABlogPost%3A863381&xgs=1&xg_source=msg_share_post

10 comments

  • fighternk

    May 19, 2011 at 4:53 am

    အမှန်တစ်ကယ် အသုံးတည့်တဲ့ကုသနည်းဖြစ်ပါတယ် ။ ကျွန်တော့ရဲ့ ဦးလေးကိုယ်တိုင်အထက်ပါ ဖြစ်စဉ်မျိုးနဲ့ကြုံတွေ့တုန်းက ကျွန်တော့ရဲ့ အဘွားကိုယ်တိုင်အသက်ကယ်ပေးခဲ့ရပါသေးတယ်။ ယခုလို စေတနာနဲ့ ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    Reply

  • mnoe

    May 19, 2011 at 6:15 am

    ကျန်းမာရေးအတွက် ခုလို အရေးပေါ် နည်းပညာလေး ဖြန့်ဝေပေးတာကျေးဇူးတင်ပါတယ်။

    Reply

  • unclegyi1974

    May 19, 2011 at 3:26 pm

    ဖတ်ဖူးတယ်
    မသုံးဖုူးပါ
    ဘာဖြစ်ဖြစ်အကျိုးမယုတ်နိုင်တဲ့အရှုံမရှိနိုင်တဲ့
    သူနာပြုစုနည်းလေးတွေလို့မြင်ကြောင်းပါ

    Reply

  • nature

    May 19, 2011 at 5:06 pm

    တကယ်ကောင်းတဲ့နည်းလေးတခုပါ၊ ဒီနည်းကိုမသိတဲ့သူတွေကတော့ ဖြစ်တာနဲ့ဝိုင်းမပြီးဆေးရုံပို့ကြတာပဲ။

    Reply

  • nagargyi

    May 20, 2011 at 5:05 am

    တစ်ကယ်ကို အကျိုးရှိပြီး ဗဟုသုတလည်း ရပါတယ်။ နောက်လည်း ဒီလိုနည်းလေးတွေ သိသေးရင်လည်း မျှဝေပေး စေချင်ပါတယ်။

    Reply

  • sayargyi

    May 20, 2011 at 5:51 am

    အင်မတန်ကို တန်ဖိုးရှိပါတယ် အရင်ကလုံးဝမသိခဲ့ဘူး

    Reply

  • etone

    May 20, 2011 at 8:57 am

    မေးလ်နဲ့ တခါ ရခဲ့ဖူးပါတယ်… ။
    တကယ်သာ လေဖြတ်ကြည့်ပါလား … ပူထူနေတာနဲ့ လက်တည့်စမ်းရဲမှာတောင် မဟုတ်ပဲ ဆေးရုံကို မပြေးကြမှာ … ။

    Reply

  • မမလေး

    May 25, 2011 at 5:45 pm

    သူငယ်ချင်းတွေကို forward လုပ်လိုက်ပြီ …

    Reply

  • moethidasoe

    May 26, 2011 at 6:07 am

    လေဖြတ်တယ် ဆိုတာ ဦးနှောက်သွေးကြော ပေါက်တာ ဖြစ်နိုင်သလို သွေးကြော ပိတ်တာလဲ ဖြစ်နိုင်ပါတယ် .. အဖြစ်များတာက သွေးကြော ပိတ်တာ .. သွေးကြောပေါက်ရင် သယ်ယူပို့ဆောင်တာ ပုံမမှန်ရင် ပိုဆိုးတတ်တယ် ဆိုတာ မှန်ပါတယ် .. ဒါပေမယ့် .. ဆေးရုံကို အရောက် နောက်ကျရင်လဲ အသေ စော အသေများတတ်ပါတယ် .. ဒါကြောင့် သွေးကြောပိတ်တာဟာ အဖြစ်များတဲ့အတွက် ဆေးရုံ အမြန်ရောက်စေတာက ပိုကောင်းပါတယ် ..
    တင်ပြသူရဲ့ စာမူအရ သွေးကြောပေါက်တာကို ပို အားစိုက် တင်ပြထားပေမယ့် .. ကုထုံးအရတော့ ဖြစ်နိုင်ခြေ အများဆုံးက သွေးကြောပိတ်တာကို ကုတဲ့ ပုံ ဖြစ်ဖို့ များပါတယ် ..

    လက်ထိပ်တွေ သွေးဖောက်တာက ယုံကြည်ချက်တွေပါ .. အပ်စိုက်ကုထုံးမှာ ပါလားတော့ မသိပါ .. ရိုးရာ ယုံကြည်မှု .. မက်ကလောင်ဖောက်တာနဲ့ တူပါတယ် ..

    Reply

    • etone

      May 26, 2011 at 8:55 am

      ခဏခဏ BP တက်နေတတ်တဲ့ လူမျိုးတွေ ၊ သွေးတိုးရှိတဲ့ လူတွေ က သာမန်လူတွေထက် လေဖြတ်ဖို့ ရာခိုင်နှုန်းများတယ်လို့ ကြားဖူးတယ်… ။

      Reply

Leave a Reply

Your email address will not be published.