အရေးပြားကို ပြန်စားနေရသူ …

မမေလးMay 16, 20111min04

ဒါနောက်ဆုံးတစ်ခုတင်ဦးမယ်နော် … သနားလွန်လွန်းလို့ … ကိုယ်င်္တေသာ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးလေးနေနေတာ … 🙁

 

ဒီနေ့ ကမ္ဘာကြီးဟာ အကြင်နာ မေတ္တာ တရားတွေ ခေါင်းပါး လာခဲ့ပါပြီ။ ကြီးသူကို ရိုသေ ရွယ်တူကို လေးစား ငယ်သူကို သနားဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်မျိုးလည်း မရှိတော့ပါဘူး။ တစ်ဦးအပေါ် တစ်ဦး နိုင်ထက်စီးနင်း ဗိုလ်ကျလိုတဲ့ စိတ်ယုတ် စိတ်ရိုင်း တွေကပဲ နေရာယူ စိုးမိုးလာတာကြောင့် ကမ္ဘာကြီးကို မေတ္တာဓာတ်တွေ ဖျန်းပက် မပေးကြဘူးဆိုရင် မတွေးရဲ စရာတွေ ဖြစ်လာတော့မှာပါ။ လူတွေရဲ့ မေတ္တာတရား ခေါင်းပါးလာ ပုံကို ဒီဖြစ်ရပ်လေးမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ မိဘတွေက လှောင်ချိုင့် တစ်ခုထဲမှာ လအတော်ကြာ ချုပ်နှောင် ထားတာကြောင့် အစာမစားရဘဲ သေလုမျောပါး ဖြစ်နေပြီး အဝတ်အစားမပါ မစင်တွေနဲ့ ပေကျံနေတဲ့ အသက် ၆ နှစ် အရွယ်ဝန်းကျင် ဒုက္ခိတမိန်း ကလေးတစ်ဦးကို အမေရိကန်ရဲ တွေက ကယ်ဆယ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

Mail Online သတင်း စာရဲ့ ဖော်ပြချက်အရ နဖူးပြင် အရေပြားတွေကို ဖဲ့ယူ စားသောက်နေတဲ့ Down Syndrome ရောဂါသည် အဆိုပါ မိန်းကလေးကို ဗာဂျီးနီးယား ရဲတွေက ရှာတွေ့ခဲ့တာပါ။ နောက် ကလေးတစ်ဦးကို မြေမြှုပ် ခဲ့တယ်ဆိုပြီး စွဲချက် တင်ခံထားရတဲ့ ဘရိုင်ယန်နဲ့ ရှန်နွန်ဂိုးတို့ ဇနီးမောင်နှံဟာ အခုသမီး ဖြစ်သူကိုလည်း တရားမဝင် လှောင်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီမိန်းကလေးကို ဆေးဖက်ဆိုင်ရာ အကူအညီ မယူဘဲ နေအိမ်မှာ မွေးဖွားခဲ့တာ ဖြစ်ပေမယ့် အခုထိ မွေးစာရင်း မရှိပါဘူး။ အဲဒါကြောင့် အိမ်နီးချင်း တွေတောင်သူတို့ ဇနီးမောင်နှံရဲ့ ကလေးတွေ အပေါ် ညှင်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မြှုပ်နှံမှု ကိစ္စတွေကို မသိရှိကြ ဘူးလို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။

မိန်းကလေးရဲ့ အသက် ဟာ ၅-၆ နှစ် ကြားရှိမယ်လို့ ယူဆထားကြပြီး သူတို့မြင်ဖူးသမျှ အဆိုးရွားဆုံး ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှု ထဲက တစ်ခုဖြစ်တယ်လို့ ရဲတွေက Daily Mail ကို ပြောကြားသွားပါတယ်။ ရဲတွေရဲ့ အဆိုအရ အဆိုပါ မိန်းကလေးရဲ့ ကိုယ်ပေါ်မှာ အဝတ်အစားတွေ မရှိတော့ဘဲ မစင်တွေနဲ့ ပေကျံနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လမ်းလည်း မလျှောက်နိုင်တော့ ပါဘူးတဲ့။ ရဲတွေဟာ အိမ်ဖောက်ထွင်းမှုတွေကို စုံစမ်းစစ်ဆေး နေရင်းအခုလို ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ မြင်ကွင်းကို တွေ့ရှိခဲ့ရတာပါ။ အခုဆိုရင် မိန်းကလေးဟာ Children’s Hospital of the Kings Daughters ဆေးရုံမှာ ဆေးဝါး ကုသမှုခံယူ နေပြီလို့ သိရပါတယ်။

www.friendforever.ning.com

4 comments

  • athaylay

    May 17, 2011 at 8:25 am

    ကိုယ့်သွေးသားကို လုပ်ရက်လိုက်တာ။ ကြောက်စရာကြီး။

    Reply

  • cobra

    May 17, 2011 at 2:43 pm

    ဒါနဲ့များမိဘတိုင်းကကိုယ့်သားသမီးကိုချစ်တယ်တဲ့လား…။
    အလိမ်အညာတွေပေါ့။

    Reply

  • MaMa

    May 17, 2011 at 4:01 pm

    အဲဒီ မိဘတွေက စိတ်ဖောက်ပြန်နေသူတွေလား မသိဘူး။ သူတို့ကိုလည်း စိတ်ကျန်းမာရေးဆေးရုံကို ပို့ရမယ်ထင်တယ်။ သူတို့နဲ့စာရင် (အသက်သုံးနှစ် အရွယ်ကလေးငယ်အား စွန့်ပစ်) ဆိုတာကမှ တော်ဦးမယ်။

    Reply

  • မမလေး

    May 17, 2011 at 4:15 pm

    မိဘတိုင်းကတော့ သားသမီးတွေကိုချစ်ကြပါတယ် … ဝမ်းနဲ့လွယ် ၊ အသက်နဲ့ရင်းပြီး မွေးထားရတာပဲဟာကို …. မကျွေးချင်နေ မွေးကျေးဇူးဆိုတာတောင် မြင့်မိုရ်တောင်မကကြီးလှပါပြီ ….

    Reply

Leave a Reply

Your email address will not be published.